1 အယ်ကြောန့် နို့လေဟှာ ခရစ်တော်န ဆိုင်ဟှူ ခြေခံသွန်သန်ချစ်လေဟှို ထားရစ်ဘီး စောင်လင်ရင့်ကျတ်ရှင်းဟှို တတ်လှမ်းဂေ့ဇို့။ သေရှင်းန ဆိုင်ဟှူကျင့်လေဟှ နောန်ဒရရှင်းလေ၊ ဘုရားသခင်ဟှို ယောင်ကြည်ရှင်းလေ၊ 2 ဗတ္တိဇံ[a]န ဆိုင်ဟှူသွန်သန်ရှင်းလေ၊ လတ်တန်မင်္ဂလာလေ၊ သေဟှားဘီးသူလေ ရှင်ပ္လန်ထမြော့‑က်ဟှူကြောန်းလေ၊ ထာဝရပြစ်ဒန်စီရင်ဟှူ ကြောန်းရာလေဟှို ထပ်ဘီး ခြေပြုဘဲနေဂေ့ဇို့။ 3 ဘုရားသခင် ခွမ့်ပေးမယ် ဆိုဟှာ နို့လေ အယ်မျိုးလောက်ဂေ့မယ်။
4 လန်းရောန်ထဲဟှို တခါရော့‑က်ဘီး၊ ကောန်းဂန် ဆုကျေးဇူးလေဟှို ဗြဲစမ်းရဘီး၊ သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ခံယူဘီး၊ 5 ဘုရားသခင်ရဲ့ ကောန်းမြတ်ဟှူ စကားတော်န နော့‑က်ကပ်ကာလ တဂိုးလေဟှို ဗြဲစမ်းရဘီးမှ၊ 6 ရွေ့လျော့ဘီး ဖော့‑က်ပ္လန်ဟှူ သူလေဟှာ ဘုရားသခင်ရဲ့ သားတော်ဟှို သူးနို့ကိုယ်တိုင် လတ်ဝါးကပ်တိုင်မာ ကွပ်မျစ်ဘီး လူလေရှေ့မာ ကဲ့ရဲ့ရှုတ်ခ္လဟှူ သူလေဖြစ်ဟှူကြောန့် နော့‑က်ထပ် နောန်ဒရရှင်းဟှို ရော့‑က်စေနိုင်ဟှ။
7 ဥပမာ မ္လေဂီးဟှာ သူ့ထတ်ဟှို ခါဘီးခါ က္လဟှူ မိုးရေဟှို သော့‑က်ဘီး စိုက်ပျိုးဟှူသူလေတွပ် သီးနှံလေဟှို ဖြစ်ထွန်းစေတတ်ဟှယ် ဆိုဟှာ ဘုရားသခင်နားဟှ ကောန်းဂျီးမင်္ဂလာဟှို ခံစားရဟှယ်။ 8 အယ်ဘေမဲ့ အယ်မ္လေဂီးဟှာ ဆူးဗန်မျိုးမျိုးဟှို ပေါက်စေဟှယ် ဆိုဟှာ သောင်းဇားမရဘဲ့ကြောန့် ကြာခန်မာ ကီရှင်းဟှိုခံရဘီး နော့‑က်ဆောင်းမာ မီးရှို့ရှင်းခံရလေဟှယ်။
9 ရှစ်ရဟှူ ညီကို မောန်နှမလေ နို့လေအယ်မျိုးပြောဟှူလည်းဘဲ့ နန်းနို့တွပ်ဟှ ကယ်တန်ရှင်းန ဆိုင်ဟှူဇာလေ၊ ပိုဘီး ကောန်းဟှူဇာလေန ဆိုင်ဟှယ် ဆိုဇာဟှို နို့လေ ယောင်ကြည်စိခ္လဂေ့ဟှယ်။ 10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ သန့်ရှင်းဟှူသူလေဟှို ရင်းရင်ဒူးဟှ လောက်ကျွေးပြုစုဟှူမျိုးဘဲ ခုလည်း လောက်ကျွေးပြုစုဘီး ကိုယ်တော်ရဲ့ နာမတော်ဟှို ထော့‑က်ဘီး နန်းနို့ပြဟှူ ရှစ်ရှင်းမြစ်တာလေဟှို မေ့ဟှားရလော့‑က်အောန် ဘုရားသခင်ဟှာ တရားဘဲဟှူသခင် မှုဟှ။ 11 နန်းနို့ ယော့‑က်စီတိုင်းဟှာ မျှော်လင့်ရှင်းနဆိုင်ဟှူ စိခ္လမှု ပ္လဲ့ပ္လဲ့ဝဝရှိဂေ့ဟှို့တွပ်န အယ်မျိုး စိအားထတ်သန်ရှင်းဟှို ဆောင်းထိ ပြနိုင်ဟှို့တွပ် နို့လေလိုရှင်ပါဟှယ်။ 12 အယ်မျိုး နန်းနို့လေဟှာ ပျင်းဂေ့ဘဲန ကြိုးစားအားထုဘီး ယောင်ကြည်ရှင်း၊ စိရှယ်ရှင်းအားဖြင့် ဂဒိတော်ဟှို မွီဆစ်ခံဟှူသူလေ ဖြစ်ဂေ့ဟှို့တွပ် ဖြစ်ဟှယ်။
Languages