4 နို့မျိုးနွယ်လေရဲ့ ထန်ရှားဟှူဖ အာဗြဟံဟှာ စစ်ပွဲဟှနေ သီးယူရလာဟှူ အောက်စာပစ်စီးလေဟှို ဆယ်ဖို့တဖို့လှူဟှူကြောန့် သူလှူဇာဟှို ခံယူဟှူ အယ်မန်းဂီးဟှာ ဖယ်လော့‑က် ကီးမြတ်မယ် ဆိုဇာဟှို ဆင်ခြင်ကေ့ဂေ့ပါ။ 5 ယဇ်ပုရောဟိတ်ရပ်ရာဟှို ခံရဟှူ လေဝိသားလေဟှာ အာဗြဟံအမျိုးဖြစ်ဟှူ သူးနို့ရဲ့ ညီကို မောန်နှမလေလတ်ဟှ ပညတ်တရားတိုင်း ဆယ်ဖို့တဖို့ဟှို ခံယူရဟှူခွမ့် ရှိဂေ့ဟှယ်။ 6 မေလခိဇေဒက်ဟှာ လေဝိမျိုးနွယ် မှုဘဲဟှူလည်းဘဲ့ အာဗြဟံနားဟှ ဆယ်ဖို့တဖို့လှူဟှို ခံယူဘီး ဘုရားသခင်ရဲ့ ဂဒိတော်ခံရဟှူ အာဗြဟံဟှိုလည်း ကောန်းဂျီးပေးလေဟှယ်။ 7 ကီးဟှူသူဟှာ ငယ်ဟှူသူဟှို ကောန်းဂျီးပေးတတ်ဟှူဇာဟှို ဂြင်းခူဇာကြောန်းမှေ့ဟှ။ 8 အယ်နေရာမာ သေတတ်ဟှူသူလေဟှာ ဆယ်ဖို့တဖို့ဟှို ခံယူလေ့ရှိဟှယ်။ အယ်မူခီမာဟှ သတ်ရှင်ဟှယ် ဆိုဘီး သတ်သေခံဟှူဇာဟှို ရဟှူသူဟှာ ဆယ်ဖို့တဖို့ဟှို ခံရဟှယ်။ 9 အယ်ကြောန့် ဆယ်ဖို့တဖို့ခံယူဟှူ လေဝိဟှာ အာဗြဟံအားဖြင့် ဆယ်ဖို့တဖို့ဟှို ပေးလှူဟှယ် ဆိုဘီး ပြောဟှိရဟှယ်။ 10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အာဗြဟံဟှာ မေလခိဇေဒက်နတွိဟှူ ခီမာ မွီးဖွားလာမယ့်လေဝိဟှာ သူ့ဖအာဗြဟံရဲ့ ကိုယ်ထဲမာ ရှိနေဟှူကြောန့်ဖြစ်ဟှယ်။
11 လူလေဟှာ လေဝိနွယ်နဆိုင်ဟှူ ယဇ်ပုရောဟိတ် ရပ်ရာထတ်မာ ခြေခံဘီး ပညတ်တရားဟှို ခံရဂေ့ဟှူဖြစ်ကြောန့် အယ်မျိုးနွယ်အားဖြင့် စောင်လင်ရှင်းဟှိုရော့‑က်မယ် ဆိုဟှာ အာရုန်နတူဟှူ ယဇ်ပုယောဟိတ်မျိုးမှုဘဲန မေလခိဇေဒက်ဟှူမျိုး[a] ယဇ်ပုရောဟိတ်ဟှာ နော့‑က်ထပ် ပေါ်ထွပ်လာဟှို့ ဖယ်မျိုးလိုအူးမယ်နူး။ 12 ယဇ်ပုရောဟိတ်အမျိုး ပ္လောန်းလဲတတ်ဟှယ် ဆိုဟှာ ပညတ်တရားဟှာ ပ္လောန်းလဲဘဲန နေဟှ။ 13 နို့လေရဲ့ သခင်ဘုရားဟှာ လေဝိနွယ်ဝမ် မှုဟှ၊ တခြားမျိုးနွယ်ဟှ ဆင်းသတ်ဟှူသူဖြစ်ဟှယ်။ အယ်ကြောန့် တခြားမျိုးနွယ်လေဟှာ ယဇ်ပလ္လင်ဝတ်ဟှို တယော့‑က်မှလည်း လောက်ဆောန်ဖူးဇာ မှုဟှ။ 14 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေရဲ့သခင်ဟှာ ယုဒမျိုးနွယ်ထဲဟှနေ ပေါ်ထွပ်လာဟှယ် ဆိုဇာ ထန်ရှားပါဟှယ်။ ယဇ်ပုရောဟိတ်ရာဟှာ ယုဒမျိုးနွယ်န စပ်ဆိုင်ဟှယ် ဆိုဇာဟှို မောရှေဟှာ တခွန်းလည်းဘဲ့ ပြောဟှ။
20 အယ်လော့‑က်နမကဟှ အယ်မူမှုရာဟှာ ဂဒိသစ်စာ ပြုဟှူဇာပါဘဲန ဖြစ်လာဟှူဇာ မှုဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ တခြား ယဇ်ပုရောဟိတ်လေဟှာ ဂဒိသစ်စာပြုဟှူ ဇာပါဘဲ ယဇ်ပုရောဟိတ်လေ ဖြစ်လာဂေ့ဟှယ်။ 21 ကိုယ်တော့်ဟှို မိန့်တော်မူဟှူဇာဟှ
23 တခြား ယဇ်ပုရောဟိတ်လေဟှာ သေရှင်းတရားအားဖြင့် တာဝန်ဟှို ဆစ်ဘီး ထမ်းဆောန်နိုင်ဘဲဟှူကြောန့် ယဇ်ပုရောဟိတ်လေ တဘောင်ဂီး ဖြစ်လာဂေ့ဟှယ်။ 24 အယ်ဘေမဲ့ ယေရှုဟှာ နိစ္စထာဝရ သတ်ရှင်ဟှူကြောန့် ပ္လောန်းလဲဘဲဟှူ ယဇ်ပုရောဟိတ်ရာဟှို ရရှိလေဟှယ်။ 25 အယ်ကြောန့် ကိုယ်တော်ဟှာ သူ့အားဖြင့် ဘုရားသခင်နားဟှို ချဉ်းကပ်ဟှူ သူလေဟှို ပ္လဲ့ပ္လဲ့ဝဝ ကယ်တန်နိုင်လေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ အယ်သူလေတွပ် ဘုရားသခင်နားမာ သနားခံဟှို့တွပ် ထာဝရ သတ်ရှင်တော်မူဟှူကြောန့် ဖြစ်ဟှယ်။
26 အယ်မျိုး ယဇ်ပုရောဟိတ်မန်းဟှာ သန့်ရှင်းစင်ကြယ်ဘီး ညစ်ကျေးမှေ့ဘဲ ပြစ်ရှိဟှူ သူလေန ဆစ်ဆံဘဲဟှိ ကောန်းဂန်သားလေထတ် မြင့်မြတ်ဟှူ သူဖြစ်ဟှူကြောန့် နို့လေန သင့်တော်လေဟှယ်။ 27 တခြား ယဇ်ပုရောဟိတ်မန်းလေဟှာ ကိုယ့်ပြစ်တွပ်န သူများပြစ်လေတွပ် နေ့တိုင်း ယဇ်ပူဇော်ရဟှူမျိုး အယ်သခင်ဟှာ ယဇ်ပူဇော်ဇာကြောန်း မှေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူ့ကိုယ်ဟှိုသူ တခါဒဲန ပီးဆောင်းအောန် ယဇ်ပူဇော်ဟှူ ဇာအားဖြင့် အယ်မူ မှုဟှို ပီးစီးစေတော်မူဟှယ်။ 28 မောရှေရဲ့ ပညတ်တရားဟှာ အားနဲဘီး စောင်လင်ဘဲဟှူ သူလေဟှို ယဇ်ပုရောဟိတ်ရာမာ ခန့်ဟှားဟှယ်။ အယ်ဘေမဲ့ ပညတ်တရားနော့‑က်မာ ထာဝရ ကာလပတ်လောင်း စောင်လင်တော်မူဟှူ သားတော်ဟှို ယဇ်ပုရောဟိတ်မန်းဖြစ် ကီဆိုတော်မူဟှူ ဗျာဒိတ်တော်အားဖြင့် ခန့်ဟှားတော်မူဟှယ်။
<- ဟေဗြဲ 6ဟေဗြဲ 8 ->
Languages