6 ထိုနည်းတူ လူပျိုရို့အား မိမိကိုယ်ကို ထိန်းချုပ်နိုင်ကြစီရန် အားပီးတိုက်တွန်းကြလော့။ 7 အရာရာ၌ ကောင်းသောအမှုကို ပြုခြင်းအားဖြင့် သူရို့ ရှိ့၌ သင်ကိုယ်တိုင် စံနမူနာ ဖြစ်စီလော့။ သင်၏ဩဝါဒတရားသည် မှန်ကန်ခြင်း၊ တည်ကြည်လေးနက်ခြင်း ဟိစီလော့။ 8 အပြစ်တင်ခြင်းနှင့် ကင်းသည့် မှန်သောစကားကိုသာ ပြောဆိုလော့။ သို့မှသာလျှင် သင်အား ဆန့်ကျင်ဘက်ပြုသောသူသည် ငါရို့နှင့်ပတ်သက်၍ မကောင်းသောစကား တစ်ခွန်းကိုမျှ မပြောနိုင်ကြဘဲ အရှက်ရကြလိမ့်မည်။
9 ကျွန်ဖြစ်သူရို့အား မိမိရို့၏သခင် ကြေနပ်စီခြင်းငှာ ဆန့်ကျင်ပြောဆိုခြင်းကို မပြုဘဲ၊ အရာရာ၌ နာခံကြရန် သွန်သင်လော့။ 10 မိမိရို့သခင်ပါးက ခိုးယူခြင်းကို မပြုဘဲ၊ အစဉ် ကောင်းမြတ်၍ သစ္စာဟိကြောင်းကို ပြသကြရန် သွန်သင်လော့။ ထိုသို့ပြုခြင်းဖြင့် သူရို့သည် အရာရာ၌ ငါရို့၏ ကယ်တင်သျှင် ဘုရားသခင်အကြောင်း သွန်သင်ချက်ကို ပို၍ ယုံကြည်လက်ခံလာကြလိမ့်မည်။
11 အကြောင်းမူကား လူအပေါင်းရို့အား ကယ်တင်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်သည် ပေါ်ထွန်းတော်မူပြီ။ 12 ဘုရားမဲ့ တရားမဲ့ နီထိုင်ခြင်းနှင့် လောကီတပ်မက်ခြင်းများကို စွန့်ပယ်၍ အဂုမျက်မှောက်ကာလ၌ ဣန္ဒြေသိက္ခာဟိစွာဖြင့် ဖြောင့်မတ်မှန်ကန်ပြီး ဘုရားဝတ်၌ ပျော်မွိ့သော အသက်တာဖြင့် အသက်ရှင်ကြရန်လည်းကောင်း၊ 13 ငါရို့၏ ကြီးမြတ်တော်မူသော ဘုရားသခင်နှင့် ကယ်တင်သျှင် ယေသျှုခရစ်တော်[a]၏ဘုန်းတန်ခိုးတော် ပေါ်ထွန်းခြင်းတည်းဟူသော ကောင်းကြီးမင်္ဂလာနှင့် သက်ဆိုင်သော မျှော်လင့်ခြင်းကို စောင့်မျှော်လျက်နိန်ကြရန် လည်းကောင်း ဘုရားသခင်သည် ငါရို့အား ဆုံးမသွန်သင်လျက် ဟိ၏။ 14 [b]ကယ်တင်သျှင် ယေသျှုခရစ်တော်သည် ငါရို့ကို ခပ်သိမ်းသော မတရားမှုထဲမှ ရွီးနုတ်ကယ်တင်ပြီး မိမိပိုင်သောသူအပေါင်းရို့သည် မိမိအတွက် သန့်ယှင်းစင်ကြယ်၍ ကောင်းသောအမှုကို ပြုခြင်းငှာ စိတ်အားထက်သန်သောသူတိ ဖြစ်လာကြစီရန် ငါရို့အတွက် မိမိကိုယ်ကို စွန့်တော်မူ၏။
15 ဤသည်ကား သင် ဆုံးမသွန်သင်အပ်သော အရာများဖြစ်၏။ သင်သည် အားပီးတိုက်တွန်းသောအခါ၌ ဖြစ်စီ၊ အပြစ်ကို ဖော်ပြ၍ ဆုံးမပဲ့ပြင်သောအခါ၌ ဖြစ်စီ အမိန့်အာဏာအပြည့်ဖြင့် ဟောပြောလော့။ မည်သူမျှ သင့်ကို မထီလေးစား မပြုစီကေ့။
<- တိတု 1တိတု 3 ->
Languages