တိတု ပါးသို့ ပေါလု၏ ပီးစာ နိဒါန်း တိတုပါးသို့ ပေါလု၏ ပီးစာ သည် အသင်းတော်ကိုယ်စား လူတစ်ဦး တစ်ယောက်ပါးသို့ လိပ်စာတပ်၍ ပေါလု ပီးသောစာ လေးစောင်ထဲက တစ်စောင် ဖြစ်၏။ အခြားစာသုံးစောင်မှာ တိမောသေပါးသို့ ပထမအကြီမ် ပီးစာ၊ တိမောသေပါးသို့ ဒုတိယအကြိမ် ပီးစာနှင့် ဖိလေမုန်ပါးသို့ ပီးစာရို့ ဖြစ်ကြ၏။ ပေါလုသည် ဤစာကို တိတုထံပါးသို့ ရီးလိုက်သည်ဖြစ်သော်လည်း လူအများ ဖတ်နိုင်ကြစီခြင်းငှာ ဖြစ်၏။ အကြောင်းမူကား တိတု သိပြီးသားဖြစ်သော သူ၌ ဟိသည့် တမန်တော်တစ်ယောက်၏ အရည်အချင်းကို ပေါလုသည် ယှင်းပြနိန်သည်ကို ထောက်၍ ငါရို့သည် ထိုသို့ သိနိုင်ခြင်းဖြစ်၏။ ပေါလုသည် ခရစ်တော်မွီးဖွားပြီးနောက် ၆၃–၆၅ ခုနှစ် ကြားတွင် ဤစာကို ရီးသားခသည်ဟု ခန့်မှန်းရ၏။ ပေါလုသည် တိတုအား ကရေတေကျွန်း၌ ဟိသော အသင်းတော်များကို ဦးဆောင်ရန် လမ်းညွှန်ပီးထားပြီးဖြစ်၏။ ပေါလုသည် အသင်းတော် ခေါင်းဆောင်တိကို ရွီးချယ် လေ့ကျင့်ပီးခြင်းနှင့် ပတ်သက်၍ တိတုကို လမ်းညွှန်လို၍ ဤစာကို ရီးသားခခြင်း ဖြစ်၏။ သူသည် ဤစာကို တိမောသေပါးသို့ ပီးစာ၌ လမ်းညွှန်ထားသည့်အတိုင်း ရီးသား ပီးပို့ထား၏။ သူ၏ပီးစာ၌ အသင်းတော်ခေါင်းဆောင်ရို့၌ ဟိရမည့် အရည်အချင်းကို ဖော်ပြထား၏။ အဂုခေတ် အသင်းတော်များနှင့် အသင်းတော် ခေါင်းဆောင်ရို့သည် ဤခေါင်းဆောင်မှုဆိုင်ရာ လိုအပ်သော စံမီအရည်အချင်းကို ဂရုစိုက်ကြရပေမည်။ အကြောင်းအရာ အကျဉ်းချုပ် ၁။ ပေါလုက ဘုရား ဝတ်၌ မွိ့ပျော်သော ခေါင်းဆောင်တိကို ခန့်အပ်ရန် တိတုအား လမ်းညွှန်ထားခြင်း (၁.၁–၁၆) ၂။ ထို့နောက် သူသည် ဘုရား ဝတ်၌ မွိ့ပျော်သော အသက်တာဖြင့် နီထိုင်တတ်စီခြင်းငှာ လူတိကို သွန်သင်ပီးရန် တိတုအား ညွှန်ကြားထားခြင်း (၂.၁—၃.၁၁) ၃။ နောက်ဆုံး၌ ပေါလုက မိမိ၏ လုပ်ငန်းစဉ်တချို့ကို ပြောပြပြီး နှုတ်ဆက်စကား ပြောခြင်းဖြင့် သူ၏စာကို အဆုံးသတ်ထားခြင်း (၃.၁၂–၁၅)
10 အကြောင်းမူကား ဆန့်ကျင်ဘက်ပြုသောသူရို့၊ အကျိုးမဲ့စကားကို ပြောဆိုသောသူရို့နှင့် လိမ်လည်လှည့်ဖျားသူများစွာရို့သည် ဟိကြသောကြောင့်ဖြစ်၏။ အထူးသဖြင့် ထိုသူရို့သည် အရီဖျားလှီးခြင်းကို ခံယူထားသော သူရို့ထဲမှ ဖြစ်ကြ၏။ 11 သူရို့သည် မစင်ကြယ်သော အကျိုးစီးပွားအတွက် မသွန်သင်အပ်သောအရာများကို သွန်သင်လျက် မိသားစုများအားလုံးကို ပျက်စီးစီခြင်းငှာ လုပ်ဆောင်နိန်ကြသောကြောင့် ထိုသူရို့၏နှုတ်ကို ပိတ်စီရမည်။ 12 ကုရေတေ ကျွန်းသား ပရောဖက်တိထဲမှ တစ်ဦးက “ကရေတေကျွန်းသား လူလိမ်များသည်၊ ဆိုးရွား ရိုင်းပျ၊ ပျင်းရိကြ၏၊ လောဘလွန်မူး၊ အစားကြူး၏” ဟု စပ်ဆိုထားခလေ၏။ 13 ဤဆိုရိုးစကားသည် မှန်ပေ၏။ ထို့ကြောင့် ယုံကြည်ခြင်း၌ အပြစ်ကင်းကြစီခြင်းငှာ ထိုသူရို့၏ အပြစ်ကို ဖော်ပြ၍ ပြတ်သားစွာ ဆုံးမရမည်။ 14 ထို့ပြင် ယုဒလူမျိုးများ၏ဒဏ္ဍာရီပုံပြင်များ သို့မဟုတ် သမ္မာတရားကို စွန့်ပယ်သောသူရို့၏ ပညတ်ချက်များကို စိတ်မဝင်စားကြရန် တားမြစ်ရမည်။ 15 စင်ကြယ်သောသူရို့အတွက် အရာခပ်သိမ်းသည် စင်ကြယ်၏။ သို့ရာတွင် ညစ်ညူးသောသူရို့နှင့် မယုံကြည်သောသူရို့အတွက် စင်ကြယ်သောအရာဟူ၍ မဟိ။ အကြောင်းမူကား သူရို့၏စိတ်နှလုံးနှင့် အသိစိတ်များသည် မစင်ကြယ်သောကြောင့် ဖြစ်ကြ၏။ 16 သူရို့သည် ဘုရားသခင်ကို သိသည်ဟု ဆိုကြသော်လည်း သူရို့၏အပြုအမူများအားဖြင့် ဘုရားသခင်ကို ငြင်းပယ်လျက်ဟိကြ၏။ ထိုသူရို့သည် ရွံစရာကောင်းသောသူ၊ နာခံခြင်း မဟိသောသူ၊ ကောင်းသောအမှု မှန်သမျှနှင့် မထိုက်တန်သောသူတိ ဖြစ်ကြ၏။
တိတု 2 ->
Languages