3 အကြောင်းမူကား တစ်ချိန်က ငါရို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမဟိသောသူ၊ လှည့်ဖြားသောသူတိ ဖြစ်ကြပြီး၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတိ၌ ကျွန်ခံ၍ မနာလိုမှု၊ ရန်ငြိုးထားမှုများ၌ ကျင်လည်ကာ တစ်ယောက်ကို တစ်ယောက် မုန်းတီးလျက် အသက်ရှင်ခကြ၏။ 4 သို့သော် ငါရို့ ကယ်တင်သျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတရားတိ ပေါ်ထွန်းလာသောအခါ 5 ကိုယ်တော်သည် ငါရို့၏ကောင်းသောအကျင့်အားဖြင့် မဟုတ်ဘဲ မိမိ၏ကရုဏာတော်အားဖြင့် ကယ်တင်တော် မူခလေ၏။ ကိုယ်တော်သည် ဒုတိယမွီးဖွားခြင်းနှင့်ဆိုင်သော ဆီးကြောခြင်းနှင့် သန့်ယှင်းသောဝိညာဉ်တော်၏ အသစ်ပြုပျင်ခြင်းအားဖြင့် အကျွန်ရို့ကို ကယ်တင်တော် မူခလေ၏။ 6 ဘုရားသခင်သည် ထိုဝိညာဉ်တော်ကို ငါရို့၏ ကယ်တင်သျှင် ယေသျှုခရစ်တော်အားဖြင့် ငါရို့၌ ကြွယ်ဝစွာ သွန်းလောင်းတော်မူ၏။ 7 ဤသည်ကား ဘုရားသခင်သည် မိမိ၏ကျေးဇူးတော်အားဖြင့် ငါရို့ကို ဖြောင့်မတ်ခြင်းတရား၌ တည်စီပြီးလျှင်၊ ငါရို့ မျှော်လင့်နိန်ကြသော ထာဝရအသက်ကို အမွီခံစီခြင်းငှာ ဖြစ်လေ၏။ 8 ဤစကားသည် မှန်သောစကား ဖြစ်၏။
9 သို့သော်လည်း အသိဉာဏ်ကင်းမဲ့သော အငြင်းပွားမှုများ၊ ဆွီစဉ်မျိုးဆက်စာရင်းများ၊ ပဋိပက္ခဖြစ်ခြင်းများနှင့် ပညတ်တရားကို အကြောင်းပြု၍ ခိုက်ရန်ဖြစ်ပွားခြင်းများကို ယှောင်ကြဉ်ကြလော့။ အကြောင်းမူကား ထိုအရာများသည် အကျိုးမဟိသည့်အပြင် အလကားသက်သက် ဖြစ်ကြ၏။ 10 အချင်းချင်း ကွဲပြားမှု ဖြစ်စီသောသူရို့ကို တစ်ကြိမ်၊ နှစ်ကြိမ် သတိပီးပြီးလျှင် သူရို့နှင့် အပေါင်းအဖော် မလုပ်ကတ်ကေ့။ 11 ထိုသို့သောသူများသည် ဖောက်ပြန်သောသူတိ ဖြစ်ကြပြီး၊ သူရို့ မှားယွင်းနိန်ကြောင်းကို သူရို့၏ဒုစရိုက်အပြစ်က သက်သီပြလျက်ဟိသည်ကို သင်ရို့ သိမှတ်ကြလော့။
15 ငါနှင့် အတူဟိသော သူအားလုံးက သင့်ကို နှုတ်ဆက်လိုက်ကြ၏။ ယုံကြည်ခြင်း၌ ငါရို့ကို ချစ်ခင်ကြသောသူများကိုလည်း နှုတ်ဆက်ကြောင်း ပြောလိုက်ပါ။
Languages