4 ထို့နောက် ကောင်းကင်ဘုံက အခြားသောအသံကို ငါကြားရ၏။ ထိုအသံကား၊
9 သူမနှင့် ကာမဂုဏ်စည်းစိမ် ခံစားခကြသော မြီကြီးတစ်ပြင်လုံး၌ ဟိသော ဘုရင်ရို့သည် သူမ၌ လောင်ကျွမ်းလျက်ဟိသည့် မီးမှ မီးခိုးများကို မြင်သောအခါ ငိုကြွီးမြည်တမ်းကြလိမ့်မည်။ 10 သူရို့သည် သူမခံရသည့် ဝေဒနာကို ကြောက်ရွံ့၍ အဝီးမှရပ်လျက် “တန်ခိုး ကြီးသောမြို့၊ ကြီးမြတ်သော ဗာဗုလုန်မြို့၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ သင်သည် တစ်နာရီအတွင်း၌ ပြစ်ဒဏ်စီရင်ခြင်းကို ခံရလေပြီတကား” ဟု ဆိုကြ၏။
11 မြီကြီး၌ဟိသော ကုန်သည်ကြီးရို့သည်လည်း မိမိရို့၏ ကုန်ပစ္စည်းများကို ဝယ်ယူမည့် သူတစ်ယောက်မျှ မဟိသဖြင့် ငိုကြွီးမြည်တမ်းကြ၏။ 12 သူရို့၏ ကုန်ပစ္စည်းများကား ရွှီ၊ ငွီ၊ ကျောက်မျက် ရတနာ၊ ပုလဲ၊ ပိတ်ချောထည်၊ နီမောင်းသောအထည်၊ ဖဲနီထည်၊ ကတ္တီပါ၊ နံ့သာသစ်သားအမျိုးမျိုး၊ ဆင်စွယ်၊ အဖိုးတန်သစ်သား၊ ကြီး၊ သံနှင့် ကျောက်ဖြူများဖြင့် ပြုလုပ်ထားသော ပစ္စည်းအမျိုးမျိုး၊ 13 သစ်ကြံပိုးပင်၊ ဟင်းခပ်အမွှီးအကြိုင်၊ နံ့သာပေါင်း၊ မုရန်၊ ဆီမွှီး၊ လောဗန်၊ စပျစ်ရည်၊ ဆီ၊ ဂျုံဆန်နှင့် ဂျုံမှုန့်၊ ကျွဲနှင့် သိုး၊ မြင်းနှင့် ရထား၊ ကျွန်နှင့် လူ၏စိတ်ဝိညာဉ်များပင် ဖြစ်ကြလေ၏။ 14 ကုန်သည်ကြီးရို့က ထိုမြို့အား “သင် လိုချင်တောင့်တသော ကောင်းသောအရာများသည် မဟိယာ။ သင်၏ စည်းစိမ်ချမ်းသာနှင့် ဂုဏ်အသရေများသည်လည်း ကွယ်ပျောက်လားခယာ။ ထိုအရာများကို သင်သည် နောက်တဖန် ရလိမ့်မည် မဟုတ်” ဟု ဆိုကြ၏။ 15 ဗာဗုလုန်မြို့ကို အမှီပြု၍ ထိုကုန်ပစ္စည်းများကို ရောင်းဝယ်ခြင်းအားဖြင့် ချမ်းသာကြွယ်ဝလာသော ကုန်သည်ကြီးရို့သည် ထိုမြို့ ခံရသည့်ဘေးဒဏ်ကြောင့် ကြောက်ရွံ့တုန်လှုပ်ကာ အဝီးမှ ရပ်လျက်၊ 16 “ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ပိတ်ချောထည်၊ နီမောင်းသောပိုးထည်၊ အနီရောင် အဝတ်အထည်၊ ရွှီတန်ဆာ၊ ကျောက်မျက်ရတနာတန်ဆာ၊ ပုလဲတန်ဆာများကို ဝတ်ဆင်ထားသော မြို့ကြီးသည်၊ 17 ဤစည်းစိမ်ဟိသမျှကို တစ်နာရီအတွင်း၌ ဆုံးယှုံးရပါသည်တကား” ဟု ငိုကြွီးကြလိမ့်မည်။
20 ကောင်းကင်ဘုံသားရို့၊ ထိုမြို့ ပျက်စီးသည့်အတွက် ဝမ်းမြောက်ကြလော့။ ဘုရားသခင်၏လူများ၊ တမန်တော်များ၊ ပရောဖက်များ ဝမ်းမြောက်ကြလော့။ အကြောင်းမူကား ထိုမြို့သည် သင်ရို့အား ပြုခသမျှအတွက် ဘုရားသခင်သည် ထိုမြို့ကို ပြစ်ဒဏ်စီရင်တော်မူယာ။
21 ထို့နောက် ခွန်အားကြီးသော ကောင်းကင်တမန် တစ်ပါးသည် ကြိတ်ဆုံကျောက်ကြီးတစ်ခုလောက်ဟိသော ကျောက်တုံးတစ်တုံးကို ယူ၍ ပင်လယ်ထဲသို့ ပစ်ချလိုက်ပြီးလျှင် “ဗာဗုလုန်မြို့ကြီးသည် ဤသို့ ပစ်ချခြင်းကို ခံရလိမ့်မည်။ နောက်တဖန် ထိုမြို့ကို ပြန်၍ တွိ့မြင်ကြရလိမ့်မည် မဟုတ်။ 22 သင်၌ စောင်းသမား၊ တေးဂီတသမား၊ ပလွေသမား၊ တံပိုးခရာသမားရို့၏ တီးမှုတ်သောအသံကို နောက်တဖန် ကြားရလိမ့်မည် မဟုတ်။ သင့်ထံ၌ ဇာအလုပ်သမားကိုမျှ တွိ့ရလိမ့်မည် မဟုတ်။ ကြိတ်ဆုံ အသံကိုလည်း ကြားရလိမ့်မည် မဟုတ်။ 23 သင်သည် ဇာခါမျှ ဆီမီး၏ အလင်းရောင်ကို မြင်ရလိမ့်မည် မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့် သတို့သမီး၏ အသံကိုလည်း ဇာခါမျှ ကြားရလိမ့်မည် မဟုတ်။ အကြောင်းမူကား သင်၏ကုန်သည်ကြီးရို့ကား တစ်လောကလုံး၌ သြဇာအာဏာကြီးမားသော သူရို့ဖြစ်ကြ၏။ သင်သည် လူမျိုးတကာရို့ကို စုန်းအတတ်ဖြင့် ပြုစားကာ မှောက်မှားလမ်းလွဲ စီပြီးဖြစ်ယာ” ဟု ဆိုလေ၏။
24 ဗာဗုလုန်မြို့ အပြစ်ဒဏ်ခံရသည်မှာ ထိုမြို့တွင် ပရောဖက်ရို့၏ အသွီး၊ ဘုရားသခင်၏လူရို့၏ အသွီး၊ မြီကြီးထက်တွင် အသတ်ခံရသော သူအပေါင်းရို့၏ အသွီးများကို တွိ့ဟိရသော ကြောင့်ဖြစ်၏။
<- ဗျာဒိတ်တော် 17ဗျာဒိတ်တော် 19 ->- a ဗျာ ၁၄.၈
Languages