1 ထို့နောက် ကောင်းကင်၌ များစွာသောလူအုပ်ကြီး၏ အသံနှင့်တူသည့်အသံကို ငါ ကြားရ၏။ ထိုသူရို့က “ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ငါရို့ဘုရားသခင်သည် ကယ်တင်ခြင်း၊ ဘုန်းတော်၊ တန်ခိုးတော်နှင့် ပြည့်စုံတော်မူသော အသျှင်ဖြစ်တော်မူပါ၏။ 2 ကိုယ်တော်၏ တရားစီရင်တော်မူချက်ရို့သည် မှန်ကန်ပြီး ဖြောင့်မတ်ပါ၏။ မိမိ၏ ကာမဂုဏ်ဖြင့် မြီကြီးသားရို့အား ဖောက်ပြန်ပျက်စီးစီသော ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် ပြစ်ဒဏ်ပီးတော်မူ၏။ ကိုယ်တော်၏ အစီခံရို့ကို သတ်ခသောကြောင့် ကိုယ်တော်သည် ထိုမိန်းမအား ဒဏ်ခတ်တော်မူယာ” ဟု ကြွေးကြော်ကြ၏။ 3 တဖန် ထိုသူရို့က “ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ထိုမြို့မှ မီးခိုးများသည် ထာဝရအစဉ်အဆက် လွင့်တက်လျက် ဟိ၏” ဟု ကြွေးကြော်၏။ 4 ထိုအခါ အသက်ကြီးသူ ၂၄ ပါးနှင့် သက်ဟိသတ္တဝါလေးပါးရို့က “အာမင်၊ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြလော့” ဟု ဆိုကာ ပလ္လင်တော်ထက်တွင် စံနိန်တော်မူသော ဘုရားသခင်အား ပျပ်ဝပ် ကိုးကွယ်ကြ၏။
9 [a]ထို့နောက် ကောင်းကင်တမန်က “သိုးသူငယ်တော်၏ မင်္ဂလာပွဲသို့ ဖိတ်ခေါ်ခြင်း ခံရသောသူရို့သည် မင်္ဂလာဟိကြ၏ဟု ရီးမှတ်ထားလော့” ဟူ၍ လည်းကောင်း “ဤစကားသည် ဘုရားသခင်၏နှုတ်တော်ထွက် စကားအမှန်ပင် ဖြစ်၏” ဟူ၍ လည်းကောင်း ငါ့အား ပြောဆို၏။
10 ထိုအခါ ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှာ သူ၏ခြီရင်းတွင် ပျပ်ဝပ်၏။ သို့ရာတွင် ကောင်းကင်တမန်က “ဤသို့ မပြုကေ့၊ ငါသည် အသျှင်ယေသျှု၏အကြောင်းကို သက်သီခံသော သင်နှင့် သင်၏ညီအစ်ကိုမောင်နှမရို့နှင့်အတူ လုပ်ဆောင်သူ တစ်ဦးသာ ဖြစ်၏။ ဘုရားသခင်ကိုသာ ကိုးကွယ်လော့” ဟု ဆို၏။
17 ထို့နောက် နီထက်တွင် ကောင်းကင်တမန်တစ်ပါး ရပ်လျက်နိန်သည်ကို ငါမြင်ရ၏။ သူသည် ကောင်းကင်အလယ်တွင် ပျံသန်းနိန်သော ငှက်အပေါင်းရို့အား “လာကြ၊ ဘုရားသခင်၏ စားပွဲတော်ကြီးသို့ စုဝေးကြလော့။ 18 သင်ရို့သည် သျှင်ဘုရင်ရို့၊ ဗိုလ်ချုပ်ကြီးရို့၊ စစ်သူရဲရို့၊ မြင်းစီးသူရဲရို့၊ မြင်းများ၊ လူကြီးလူငယ်ရို့၊ ကျွန်နှင့် ကျွန် မဟုတ်သော သူရို့၏အသားကို စားကြရလိမ့်မည်” ဟု အသံကျယ်စွာ ကြွေးကြော်လေ၏။
19 ထို့နောက် သားရဲနှင့် မြီကြီးထက်၌ဟိသော သျှင်ဘုရင်ရို့နှင့် သူရို့၏စစ်သည် ဗိုလ်ပါရို့သည် မြင်းစီးတော်မူသော အသျှင်နှင့် တိုက်ခိုက်ရန် စုရုံးကြသည်ကို ငါမြင်ရ၏။ 20 [c]သားရဲနှင့်တကွ သူ၏ရှိ့တွင် နိမိတ်လက္ခဏာများကိုပြသော မိစ္ဆာပရောဖက်သည် အဖမ်းခံရ၏။ ထိုမိစ္ဆာပရောဖက်သည်ကား သားရဲ၏အမှတ်တံဆိပ်ကို ခံယူ၍ သူ၏ရုပ်တုကို ရှိ့ခိုးသူရို့အား နိမိတ်လက္ခဏာများကို ပြခြင်းအားဖြင့် လိမ်လည်လှည့်ဖျားသောသူ ဖြစ်သတည်း။ ထိုသူနှစ်ယောက်စလုံးသည် အသက်ရှင်လျက်ပင် တောက်လောင်နိန်သော ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံရကြ၏။ 21 ကျန်ကြွင်းသောသူရို့သည်ကား မြင်းဖြူကို စီးတော်မူသော အသျှင်၏ခံတွင်းမှ ထွက်လာသော သန်လျက်ဖြင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ ငှက်အပေါင်းရို့သည် သူရို့၏အသားကို ဝစွာ စားကြ၏။
<- ဗျာဒိတ်တော် 18ဗျာဒိတ်တော် 20 ->
Languages