3 [a]ထို့နောက် ကောင်းကင်တမန်သည် ဝိညာဉ်တော်အားဖြင့် ငါ့အား တောကန္တာရသို့ ဆောင်ယူလေ၏။ ထိုအရပ်တွင် နီရဲသောသားရဲထက်၌ ထိုင်နိန်သော မိန်းမတစ်ယောက်ကို ငါမြင်ရ၏။ သားရဲ၏ ကိုယ်တစ်ခုလုံးတွင် ဘုရားသခင်၏ ဘုန်းတော်ကို ယှုတ်ချသည့် အမည်နာမများကို ရီးသားထား၏။ ထိုသူ၌ ဦးဂေါင်းခုနစ်လုံးနှင့် ဂြိုဆယ်ချောင်း ဟိ၏။ 4 ထိုမိန်းမသည် အနီနှင့် မရမ်းစိ့ရောင် အဝတ်များကို ဝတ်လျက် ရွှီ၊ ကျောက်မျက်ရတနာ၊ ပုလဲ စသောတန်းဆာများကို ဆင်ယင်ထား၏။ သူမသည် ကာမဂုဏ်လိုက်စားမှုဆိုင်ရာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ညစ်ညမ်းမှုများနှင့် ပြည့်နိန်သည့် ရွှီဖလားကို ကိုင်ထား၏။ 5 သူမ၏ နဖူးထက်တွင် “ပြည့်တန်ဆာအပေါင်းနှင့် လောက၌ စက်ဆုပ်ဖွယ်ရာများ၏ မိခင်၊ ဗာဗုလုန်မြို့ကြီး” ဟူ၍ အနက်ဟိသော နာမကို ရီးထိုးထား၏။ 6 ထိုမိန်းမသည် ဘုရားသခင်လူရို့၏ အသွီးကိုလည်းကောင်း၊ ယေသျှုအကြောင်းကို သက်သီခံသောကြောင့် အသတ်ခံရသောသူရို့၏ အသွီးကိုလည်းကောင်း သောက်၍ ယစ်မူးလျက် ဟိသည်ကို ငါ တွိ့မြင်ရ၏။
9 “ဤအမှုအရာနှင့် ပတ်သက်၍ ဉာဏ်ပညာနှင့် အသိတရားဟိရန် လိုပေသည်။ ဦးဂေါင်းခုနစ်လုံးသည် မိန်းမထိုင်နိန်သည့် တောင်ခုနစ်လုံးကို ဆိုလို၏။ သျှင်ဘုရင်ခုနစ်ပါးကိုလည်း ဆိုလို၏။ 10 ထိုသျှင်ဘုရင်ရို့ထဲမှ ငါးပါးကား သီကျလားခယာ။ တစ်ပါးသည် အသက်ရှင်လျက် ဟိ၏။ အခြားတစ်ပါးကား မပေါ်ထွန်းသိမ့်ပေ။ ပေါ်ထွန်းလာလျှင်လည်း တဒင်္ဂမျှသာ အုပ်စိုးရလိမ့်မည်။ 11 အယင်က အသက်ရှင်ခ၍ အဂုအသက်မရှင်သည့် သားရဲသည် အဋ္ဌမမြောက် ဘုရင်ဖြစ်၏။ သူသည် ဘုရင်ခုနစ်ပါးထဲက တစ်ပါးဖြစ်ပြီး ဖျက်ဆီးခံရလိမ့်မည်။
12 “သင်မြင်ရသည့် ဂြိုဆယ်ချောင်းတိကား မင်းအာဏာစက်ကို မရသိမ့်သော သျှင်ဘုရင် ဆယ်ပါးဖြစ်၏။ သူရို့သည် သားရဲနှင့်အတူ တစ်နာရီစီ သျှင်ဘုရင်အဖြစ် အုပ်စိုးခွင့်ရမည့် သူတိဖြစ်၏။ 13 ထိုဘုရင်ရို့တွင် ရည်ရွယ်ချက်တစ်ခုတည်း ဟိကြ၏။ သူရို့သည် မိမိရို့၏ တန်ခိုးအာဏာတိကို သားရဲအား ပီးအပ်ကြ၏။ 14 သူရို့သည် သိုးသူငယ်တော်ကို စစ်တိုက်ကြလိမ့်မည်။ ထိုသူသည် အသျှင်တကာရို့၏ အသျှင်၊ ဘုရင်တကာရို့၏ ဘုရင်ဖြစ်တော်မူသောကြောင့် သူရို့ကို နှိမ်နင်းတော်မူလိမ့်မည်။ ကိုယ်တော်နှင့်အတူ ဟိသောသူရို့သည်လည်း ခေါ်ယူတော်မူခြင်း ခံရသောသူ၊ ရွီးကောက်ခြင်း ခံရတော်မူသောသူ၊ သစ္စာဟိသောသူရို့ ဖြစ်ကြ၏” ဟု ဆို၏။
15 ထို့နောက် ကောင်းကင်တမန်က ငါ့အား “ပြည့်တန်ဆာမ ထိုင်နိန်သောရီသည် တိုင်းနိုင်ငံများ၊ ဘာသာစကားအမျိုးမျိုးကိုပြောသော လူမျိုးနွယ်များဖြစ်ကြ၏။ 16 သင်မြင်ရသော သားရဲနှင့် ဂြိုဆယ်ချောင်းရို့သည် ပြည့်တန်ဆာမကို မုန်းကြလိမ့်မည်။ သူရို့သည် သူမပါးမှ ဟိသမျှကို ချွတ်ယူလျက် အဝတ်မဟိဘဲ ဖြစ်စီကြလိမ့်မည်။ သူမ၏အသားကို စား၍ သူမကို မီးတိုက်ကြလိမ့်မည်။ 17 အကြောင်းမူကား ဘုရားသခင် မိန့်တော်မူသောစကားများ အကောင်အထည်ပေါ်လာသည့်တိုင်အောင် သူရို့သည် မိမိရို့၏ အခွင့်အာဏာများကို သားရဲအား တညီတညွတ်တည်း အပ်ပီးကြစီရန် ကိုယ်တော်သည် သူရို့၏စိတ်နှလုံးထဲ၌ မိမိ၏အကြံအစည်တော်ကို ထည့်ထားတော်မူ၏။
18 “သင်မြင်ရသည့် မိန်းမကား မြီကြီးထက်၌ဟိသော သျှင်ဘုရင်ရို့ကို အုပ်စိုးသော မြို့ကြီးဖြစ်သတည်း” ဟု ဆို၏။
<- ဗျာဒိတ်တော် 16ဗျာဒိတ်တော် 18 ->
Languages