5 ငါ ချစ်သော ညီအစ်ကို မောင်နှရို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောက၌ ဆင်းရဲသာသူရို့ကို ယုံကြည်ခြင်း အားကြီးသောသူများ ဖြစ်စီခြင်းငှာ လည်းကောင်း၊ ကိုယ်တော့်ကို ချစ်သောသူတိအား ကတိထားတော်မူခသော နိုင်ငံတော်ကို အမွီခံကြစီခြင်းငှာ လည်းကောင်း ရွီးကောက်တော်မူသည် မဟုတ်လော။ 6 သို့ရာတွင် သင်ရို့သည် ဆင်းရဲသောသူတိကို မထီလေးစား ပြုကြသည်တကား။ သင်ရို့ကို ဖိနှိပ်ကြသောသူ၊ တရားရုံးသို့ ဆွဲခေါ်လားသောသူရို့သည်ကား ဇာသူရို့လဲ။ ချမ်းသာသောသူရို့ပင် မဟုတ်ပါလော။ 7 သူရို့သည် သင်ရို့အဖို့ ပီးထားသော ကိုယ်တော်၏ ကောင်းမြတ်သော နာမတော်ကို ကဲ့ရဲ့ပြောဆိုကြသည် မဟုတ်လော။
8 သင်ရို့သည် ကျမ်းစာ၌ တွိ့ရသော “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ကြလော့” ဟူသော နိုင်ငံတော်၏ပညတ်တရားကို လိုက်နာကြလျှင် ကောင်းသောအမှုကို ပြုနိန်ကြခြင်းဖြစ်၏။ 9 သို့ရာတွင် အပြင်ပန်းသဏ္ဌာန်ကို ကြည့်ပြီး မျက်နှာလိုက်နိန်ကြလျှင် သင်ရို့သည် အပြစ်ကို ကျူးလွန်ကြသည်ဖြစ်၍ ပညတ်တရားကို ကျူးလွန်သောသူ တစ်ယောက်ကဲ့သို့ သင်ရို့သည် ပညတ်တရားအားဖြင့် အပြစ်စီရင်ခြင်းကို ခံရလိမ့်မည်။ 10 အကြောင်းမူကား မည်သူမဆို ပညတ်တစ်ပါးကို ကျူးလွန်သောသူသည် ပညတ်တရားအားလုံးကို ကျူးလွန်သောသူ ဖြစ်၏။
11 အကြောင်းမူကား “အိမ်ထောင်ရေး မဖောက်ပြန်ရ” ဟု ပညတ်တော်မူသော အသျှင်သည် “လူအသက်ကို မသတ်ရ” ဟူ၍လည်း ပညတ်တော်မူ၏။ သို့ဖြစ်၍ သင်သည် အိမ်ထောင်ရေးဖောက်ပြန်မှုကို မပြုသော်လည်း လူအသက်ကို သတ်လျှင် ပညတ်တရားကို ကျူးလွန်သူဖြစ်၏။
12 ထို့ကြောင့် လွတ်မြောက်ခွင့်ကို ပီးသော ပညတ်တရားအားဖြင့် စီရင်ခြင်းကို ခံရမည့်သူများကဲ့သို့ ပြောဆို၍ ကျင့်ကြံကြလော့။ 13 အကြောင်းမူကား ကရုဏာတရားမဟိသောသူသည် ဘုရားသခင်၏တရားစီရင်ခြင်းကို ခံရသောအခါ ကိုယ်တော်၏ကရုဏာကို ခံရလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ကရုဏာတရားသည် တရားစီရင်ခြင်းကို အောင်မြင်တတ်၏။
18 သို့ရာတွင် “သင်၌ ယုံကြည်ခြင်းဟိ၏၊ ငါ၌ အကျင့်ဟိ၏” ဟု တစ်ဦး တစ်ယောက်က ပြောဆိုအံ့။ ငါ ဆိုသည်ကား “အကျင့်မပါသော သင်၏ယုံကြည်ခြင်းကို ငါ့အား ပြလော့။ ငါသည်လည်း ငါ၏အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကို သင့်အား ပြမည်” ဟူ၍ ဖြစ်၏။ 19 သင်သည် ဘုရားသခင် တစ်ပါးတည်း ဟိကြောင်းကို ယုံကြည်သည်မှာ ကောင်းပေ၏။ နတ်ဆိုးများပင် ထိုသို့ ယုံကြည်၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။
20 အို၊ ပညာမဲ့သောသူရို့၊ အကျင့်မပါသော ယုံကြည်ခြင်းသည် အကျိုးမဟိကြောင်းကို သင် သိလိုသလော။ [a] 21 ငါရို့အဖ အာဗြဟံသည် မိမိ၏သား ဣဇာက်ကို ယဇ်ပလ္လင်ပေါ်၌ ပူဇော်သောအခါ သူ၏အကျင့်ကို ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခြင်းခံရခသည် မဟုတ်လော။ 22 သူ၏ယုံကြည်ခြင်းသည် သူ၏အကျင့်နှင့်အတူ လုပ်ဆောင်ခသည်ဖြစ်၍ ယုံကြည်ခြင်းကို အကျင့်အားဖြင့် ပြည့်စုံခြင်းသို့ ရောက်သည်ကို သင်ရို့ သိမြင်ကြလော့။ 23 ထိုအခါ “အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်၏။ ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် မှတ်တော်မူ၏” ဟူသော ကျမ်းချက်သည် ပြည့်စုံခြင်းသို့ ရောက်လေ၏။ အာဗြဟံသည်လည်း ဘုရားသခင်၏ အဆွီဟု ခေါ်ဝေါ်ခြင်းကို ခံရလေ၏။ 24 ငါရို့သည် ယုံကြည်ခြင်း တစ်ခုတည်းဖြင့် ဖြောင့်မတ်ရာသို့ မရောက်၊ အကျင့်အားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်သည်ကို သင်ရို့ သိမှတ်ကြလော့။
25 ထိုနည်းတူ ပြည်တန်းဆာ ရာခပ်သည်လည်း သူလျှိုတိကို လက်ခံ၍ အခြားသောလမ်းဖြင့် ပို့ဆောင်လိုက်သောအခါ သူမ၏လုပ်ဆောင်မှု အကျင့်အားဖြင့် ဘုရားသခင်နှင့် ဖြောင့်မတ်ရာသို့ ရောက်သည် မဟုတ်လော။
26 အကြောင်းမူကား ဝိညာဉ်နှင့်ကင်းသော ခန္ဓာသည် အသီဖြစ်သကဲ့သို့ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည်လည်း အသီဖြစ်၏။
<- ယာကုပ် 1ယာကုပ် 3 ->- a အကျိုးမဟိ၊ အချို့သော လက်ရီးမူကျမ်း၌ အသီဖြစ်၏၊ ဟု ပါဟိ၏။
Languages