3 ငါရို့သည် မြင်းကို နိုင်စီခြင်းငှာ ပါးစပ်၌ ဇက်ကြိုးတပ်ကြ၏။ ထိုသို့ပြု၍ ငါရို့သည် ထိုမြင်းတစ်ကိုယ်လုံးကို လိုရာသို့ မောင်းနိုင်ကြ၏။ 4 သို့တည်းမဟုတ် သင်္ဘောတစ်စီးကို ကြည့်လော့။ ထိုသင်္ဘောသည် အလွန်ကြီးမား၍ လီပြင်းတိုက်ရာသို့ လွင့်ပါတတ်သော်လည်း တက်မချေတစ်ချောင်းဖြင့် တက်မကိုင်၏လိုရာသို့ လှည့်နိုင်၏။ 5 ထိုနည်းတူ လျှာသည် ခန္ဓာကိုယ်၏ သေးငယ်သောအင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်သော်လည်း အလွန် ဝါကြွားတတ်၏။
7 လူသည် ကျေးငှက်မျိုးမှစ၍ တွားလားသတ္တဝါနှင့် ငါးစသည့် တောရိုင်းတိရစ္ဆာန်အားလုံးကို ယဉ်ပါးအောင် လုပ်နိုင်ကြ၏။ 8 သို့ရာတွင် ထိုလျှာကို ယဉ်ပါးအောင် လုပ်နိုင်သောသူဟူ၍ မဟိ။ လျှာသည် ထိန်းချုပ်၍ မနိုင်သော ဒုစရိုက်လည်း ဖြစ်၏။ သီစီနိုင်သော အဆိပ်အတောက်နှင့် ပြည့်လျက်ဟိ၏။
9 ငါရို့သည် လျှာဖြင့် ငါရို့၏သခင်ဘုရားနှင့် ခမည်းတော်အား ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားသော လူတိကို ထိုလျှာဖြင့်ပင် ကျိန်ဆဲတတ်ကြ၏။ 10 နှုတ်တစ်ခုထဲမှ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းတိ ထွက်တတ်ပါ၏တကား။ ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည်ကား ဤသို့ မဖြစ်စီကတ်ကေ့။ 11 ရီမျက်တွင်း တစ်တွင်းထဲမှ ရေချိုနှင့် ရီငန် နှစ်မျိုးစလုံး ထွက်တတ်သလော။ 12 ညီအစ်ကို မောင်နှမရို့၊ သဖန်းပင်သည် သံလွင်သီးကို သီးနိုင်သလော။ စပျစ်ပင်သည် သဖန်းသီးကို သီးနိုင်သလော။ ထို့အတူ ရီငန် ရီမျက်တွင်းမှ ရီချို မထွက်နိုင်ပေ။
17 သို့သော် အထက်အရပ်မှ လာသော ဉာဏ်ပညာသည် သန့်ယှင်းစင်ကြယ်ခြင်းနှင့်ဆိုင်သော အရာအားလုံးတွင် ပထမဖြစ်၏၊ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ထောက်ထားညှာတာတတ်သောသဘော၊ နူးညံ့သိမ်မွိ့သောသဘော ဟိသည်ဖြစ်၍ ကရုဏာနှင့် ပြည့်ဝကာ ကောင်းမြတ်သော လုပ်ဆောင်မှု၏ အသီးအပွင့်ကို တိုးပွားစီတတ်၏။ ထိုဉာဏ်ပညာ၌ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းဟူ၍ မဟိပေ။ 18 ရန်ကို ငြိမ်းစီသောသူရို့သည် ဖြောင့်မတ်ခြင်းအသီးအနှံကို ရိတ်သိမ်းကြရ၏။
<- ယာကုပ် 2ယာကုပ် 4 ->
Languages