1 ချစ်သော မိတ်ဆွီရို့၊ ဤကတိတော် အားလုံးသည် ငါရို့အတွက်ပင် ဖြစ်၏။ ထို့ကြောင့် ငါရို့သည် မိမိကိုယ်ကို ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ် ညစ်ညူးခြင်း အပေါင်းမှ ကင်းစင်စီ၍ ဘုရားသခင်ကို ကြောက်ရွံ့ရိုသီခြင်းအားဖြင့် သန့်ယှင်းခြင်းနှင့် ပြည့်ဝကြကုန်အံ့။
5 [a]မာကေဒေါနိပြည်သို့ ရောက်သည့်အခါ၌ပင်လျှင် ငါရို့သည် အနားမယူခကြပေ။ ထိုအရပ်၌ အဖက်ဖက်မှ ဒုက္ခဆင်းရဲခြင်းများ၊ အချင်းချင်း အငြင်းပွားမှုများ ဟိကြသည်ဖြစ်၍ ငါရို့၏ စိတ်နှလုံး၌လည်း ကြောက်ရွိ့စိတ် ဟိခကြ၏။ 6 သို့သော် အားငယ်သောသူကို နှစ်သိမ့်ပီးတော်မူသော ဘုရားသခင်သည် တိတု ရောက်လာခြင်းအားဖြင့် ငါရို့ကို နှစ်သိမ့်ပီးတော်မူ၏။ 7 တိတု ရောက်လာခြင်းကြောင့်သာမက၊ သင်ရို့သည် သူ့အား နှစ်သိမ့်ပီးကြသည့် သတင်းကို သူ့ပါးမှ ကြားသိရသည့်အတွက်ကြောင့်လည်း ငါရို့ကို အားတက်စီကြ၏။ သင်ရို့သည် ငါ့အား အလွန် တွိ့လိုသည်ကိုလည်းကောင်း၊ ဝမ်းနည်းလျက် ဟိကြောင်းနှင့် ငါ့အား စေတနာစိတ် အလွန် ဟိကြောင်းကိုလည်းကောင်း တိတု ပြောပြသဖြင့် ငါသည် သာ၍ပင် ဝမ်းမြောက်လျက်ဟိ၏။
8 အကယ်၍ ငါရီးလိုက်သည့်စာကြောင့် သင်ရို့အား ဝမ်းနည်းစီခလျှင် ထိုစာအတွက် ငါသည် စိတ်မကောင်းမဖြစ်။ ထိုစာသည် သင်ရို့အား ဝမ်းနည်းစီခသော်လည်း သင်ရို့၌ ခဏသာ ခံစားခရသည်ကို ငါမြင်ရသောကြောင့် ငါသည် ဝမ်းနည်းခြင်း မဖြစ်။ 9 သို့သော် အဂုပင် ငါရို့ဝမ်းမြောက်၏။ သင်ရို့ကို ဝမ်းနည်းအောင် ပြုခသည့်အတွက်ကြောင့် ငါဝမ်းမြောက်သည် မဟုတ်။ အကြောင်းမူကား သင်ရို့၏ ဝမ်းနည်းမှုသည် သင်ရို့အား နောင်တရစီသောကြောင့် ဖြစ်၏။ ဘုရားသခင်၏ အလိုတော်နှင့်အညီ ဝမ်းနည်းမှုဖြစ်၏။ ငါရို့သည် သင်ရို့အား ထိခိုက်နစ်နာမှု ဇာတစ်ခုကိုမျှ မပြုခ။ 10 အကြောင်းမူကား ဘုရားသခင် အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင်ခြင်းကို ရစီသည့် နောင်တစိတ်ကို ဖြစ်ပေါ်စီတတ်၏။ ထို့ကြောင့် ဝမ်းနည်းမိသည့်အတွက် စိတ်မကောင်းမဖြစ်သင့်။ သို့ရာတွင် လောကီ ဝမ်းနည်းခြင်းသည်ကား သီဆုံးခြင်းကို ဖြစ်စီတတ်၏။ 11 ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းမှုသည် သင်ရို့၌ ဇာပိုင် လုပ်ဆောင်ခသည်ကို ကြည့်ရှုလော့။ ထိုဝမ်းနည်းမှုသည် သင်ရို့အထဲ၌ ဇာပိုင် စိတ်အားထက်သန်ခြင်း၊ မိမိရို့၌ အပြစ်ကင်းကြောင်း ဖော်ပြရန် အလွန်လိုလားခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ သတိပီးခြင်း၊ အလွန်တောင့်တခြင်း၊ ဘုရားဖက်၌စိတ်အားကြီးခြင်း၊ ပြစ်မှားသောသူကို ပြစ်ဒဏ်ပီးရန် လိုလားခြင်းများကို လုပ်ဆောင်ခယာ။ သင်ရို့သည် ဤအမှုများတွင် မိမိရို့ အပြစ်ကင်းကြောင်းကို ထင်ရှားစီခယာ။
12 သို့ဖြစ်၍ အယင်က သင်ရို့ပါးသို့ ငါ စာရီးခရခြင်းမှာ ပြစ်မှားသော သူ၏ကိစ္စကြောင့် မဟုတ်။ ပြစ်မှားခြင်းကို ခံရသူ၏ ကိစ္စကြောင့်လည်း မဟုတ်။ ဘုရားသခင်၏ရှိ့တော်တွင် သင်ရို့သည် ငါရို့ကို ဇာလောက် စေတနာကြီးသည်ကို အမှန်ပင် သိသာထင်ရှားစီလို၍ ဖြစ်၏။ 13 ထို့ကြောင့် ငါရို့သည် နှစ်သိမ့်မှုကို ခံစားရ၏။
- a ၂ ကော ၂.၁၃
Languages