8 ထိုသို့ဆိုသော် ပညတ်ချက်အားဖြင့် ငါဆိုသည် မဟုတ်။ သို့သော်လည်း အခြားသူရို့သည် ကူညီလိုသော စိတ်အားထက်သန်မှုကို ဖော်ပြနိန်ခြင်းသည် သင်ရို့၏ ချစ်ခြင်းမေတ္တာ စစ်မှန်မှုကို စစ်ဆေးနိန်ခြင်းသာဖြစ်၏။ 9 အကြောင်းမူကား သင်ရို့သည် ငါရို့၏ အသျှင် ယေသျှု ခရစ်တော်၏ ကျေးဇူးတော်ကို သိကြ၏။ ကိုယ်တော်သည် ကြွယ်ဝသော်လည်း သင်ရို့၏အကျိုးကိုထောက်၍ ဆင်းရဲခြင်းကို ခံတော်မူ၏။ အကြောင်းမှာ ကိုယ်တော်၏ဆင်းရဲခံခြင်းအားဖြင့် သင်ရို့ကို ကြွယ်ဝကြစီခြင်းငှာ ဖြစ်၏။
10 လွန်ခသောနှစ်က အစပြုခသည့်အမှုကို အဂုအချိန်၌ အဆုံးသတ်ခြင်းသည် သင်ရို့အဖို့ သာ၍ ကောင်းမွန်သည်ဟု ငါထင်၏။ အကြောင်းမူကား၊ သင်ရို့သည် အပြုအမူအားဖြင့်သာ အစပြုခြင်း မဟုတ်ဘဲ စိတ်ဆန္ဒအလျှောက် ဆောင်ရွက်ကြသောကြောင့် ဖြစ်၏။ 11 သို့ဖြစ်၍ သင်ရို့သည် ထိုအမှုကို ပြီးဆုံးအောင် ဆောင်ရွက်ကြလော့။ သင်ရို့သည် စီစဉ်ထားသည့်အတိုင်း သင်ရို့၌ အဂု ဟိသောအရာနှင့် ဤအမှုကို စိတ်အားထက်သန်စွာဖြင့် ပြီးဆုံးအောင် ဆောင်ရွက်ကြလော့။ 12 သင်ရို့ ပီးကမ်းခြင်း၌ စေတနာစိတ်ဟိလျှင် ဘုရားသခင်သည် သင်ရို့၏ မတတ်နိုင်သည်ကို မထောက်ဘဲ တတ်နိုင်သည်ကိုသာ ထောက်၍ သင်ရို့၏ ပီးလှူခြင်းကို လက်ခံတော်မူလိမ့်မည်။
13 ငါရို့သည် သင်ရို့အား ဒုက္ခရောက်စီပြီး အခြားသူရို့အား သက်သာစီရန် မဟုတ်ဘဲ ညီတူညီမျှ ဖြစ်စီရန်သာ လိုလားခြင်းဖြစ်၏။ 14 အဂုအချိန်၌ သင်ရို့၏ ကြွယ်ဝမှုသည် သူရို့၏ လိုအပ်မှုကို ဖြည့်ဆည်းပီးသကဲ့သို့ နောင်တစ်ချိန်၌ သူရို့၏ ကြွယ်ဝမှုသည် သင်ရို့၏ လိုအပ်မှုကို ဖြည့်ဆည်းပီးလိမ့်မည်။ သို့ဖြစ်၍ ညီတူညီမျှ ဖြစ်စီရန် ဖြစ်၏။ 15 ကျမ်းစာတော်မြတ်က ဖော်ပြထားသည်အတိုင်း၊ “များများရသောသူလည်း မပို၊ နည်းနည်းရသောသူလည်း မလို” ဟူ၍ ဖြစ်၏။
20 ဤသို့ စေတနာတရားထက်သန်စွာ ပီးကမ်းကြသော အလှူငွီကို သုံးစွဲရာ၌ အခြားသူများက အပြစ်ရှာခြင်းမှ ကင်းလွတ်စီရန် ငါရို့သည် သတိနှင့် ဆောင်ရွက်လျက်ဟိကြ၏။ 21 ငါရို့သည် သခင်ဘုရား၏ ရှိ့တော်၌သာမက လူတိရှိ့၌လည်း မှန်ကန်သည့် အမှုကိုသာပြုကြရန် ရည်ရွယ်ချက် ဟိကြ၏။
22 သို့ဖြစ်၍ ငါရို့သည် ထိုသူရို့နှင့်အတူ အခြားညီအစ်ကိုတစ်ယောက်ကိုလည်း စီရွှတ်လိုက်ကြ၏။ ငါရို့သည် ထိုသူအား အကြိမ်ကြိမ် စစ်ဆေးကြည့်ရာ သူသည် အမြဲတမ်း ကူညီခြင်း၌ စိတ်အားထက်သန်သူဖြစ်ကြောင်း တွိ့ရ၏။ အဂုတွင် သူသည် သင်ရို့၌ ယုံကြည်စိတ်ချမှု များစွာဟိသဖြင့် ကူညီခြင်း၌ ပို၍ပင် စိတ်အားထက်သန်လျက် ဟိ၏။ 23 တိတုနှင့်ပတ်သတ်၍ ဖော်ပြရမည်ဆိုသော် သူသည် သင်ရို့ကို ကူညီရာ၌ ငါနှင့်အတူ ဆောင်ရွက်သောသူ၊ ငါ၏ လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ သူနှင့်အတူ လိုက်လာကြသည့် အခြားသော ညီအစ်ကိုများမှာ ခရစ်တော်၏ ဘုန်းတန်ခိုးတော်ကို သယ်ဆောင်လာသော အသင်းတော်များ၏ ကိုယ်စားလှယ်များ ဖြစ်ကြ၏။ 24 ထို့ကြောင့် ငါရို့သည် သင်ရို့၏အကြောင်းကို ဂုဏ်ယူလျက်ဟိသည်မှာ မှန်ကန်ကြောင်းကို အသင်းတော်များက စိတ်ချမှုဟိစီရန် သင်ရို့၏ ချစ်ခြင်းမေတ္တာကို သူရို့အား ပြသကြလော့။
<- ၂ ကောရိန္သု 7၂ ကောရိန္သု 9 ->
Languages