1 ငါရို့သည် ဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြသည်နှင့်အညီ သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသောသူများဖြစ်၍၊ ထိုကျေးဇူးတော်ကို အကျိုးမဲ့ မဖြစ်စီကြရန် သင်ရို့အား တောင်းပန်၏။ 2 အကြောင်းမူကား ဘုရားသခင်က၊
3 ငါရို့၏ အမှုတော်ဆောင်ခြင်းနှင့် ပတ်သတ်၍ ဇာသူလေ့ အပြစ်မရှာနိုင်စီရန် ငါရို့သည် သူတစ်ပါး၏လမ်းကို အတားအဆီး တစ်စုံတစ်ခုကိုမျှ မပြု။ 4 ငါရို့သည် ထိုသို့ပြုမည့်အစား ဆင်းရဲဒုက္ခများ၊ ပူပင်သောကများ၊ အခက်အခဲများကို အလွန် စိတ်ရှည်သည်းခံလျက် အရာရာတိုင်းတွင် ဘုရားသခင်၏ အခိုင်းအစီများဖြစ်ကြောင်း ထင်ရှားစီကြ၏။ 5 [a]ငါရို့သည် ရိုက်ပုတ် ခံခရခြင်း၊ ထောင်ကျခံခရခြင်းနှင့် ရုန်းရင်းဆန်ခတ်ပြုခြင်းကို ခံခရကြပြီးလျှင် အလုပ်ကို ပင်ပန်းစွာလုပ်ဆောင်ကြရပြီး အိပ်ရခြင်း၊ စားရခြင်း ဟူ၍ပင်မဟိ။ 6 စိတ်နှလုံးစင်ကြယ်ခြင်း၊ ပညာသတိဟိခြင်း၊ သည်းခံခြင်း၊ သနားကြင်နာခြင်းဖြင့် လည်းကောင်း၊ သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် လည်းကောင်း၊ ရိုးသားဖြူစင်သော မေတ္တာအားဖြင့်လည်းကောင်း၊ 7 သမ္မာတရားတော်ကို ဟောပြောခြင်းဖြင့် လည်းကောင်း၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် လည်းကောင်း ငါရို့သည် ဘုရားသခင်၏ အခိုင်းအစီများ ဖြစ်ကြောင်းကို ထင်ရှားစီကြ၏။ တိုက်ခိုက်ခြင်း၌ လည်းကောင်း၊ ကာကွယ်ခြင်း၌ လည်းကောင်း ငါရို့သည် ဖြောင့်မတ်ခြင်းတည်းဟူသော လက်နက်ကို အသုံးပြုကြ၏။ 8 ငါရို့သည် ချီးမြှောက်ခြင်းနှင့် ယှုတ်ချခြင်းကိုလည်းကောင်း၊ ကဲ့ရဲ့ခြင်းနှင့် ချီးမွမ်းခြင်းကိုလည်းကောင်း ခံရကြ၏။ လူလိမ်များဟု သတ်မှတ်ကြသော်လည်း ငါရို့သည် သစ္စာစကားကို ပြောဆိုကြ၏။ 9 လူသိနည်းသောသူများကဲ့သို့ ဖြစ်သော်ငြားလည်း အများကသိကြ၏။ သီသောသူများကဲ့သို့ ဖြစ်သော်လည်း အသက်ရှင်လျက် ဟိကြ၏။ သတ်ပုတ်ခြင်းခံရသော်လည်း ငါရို့သည် အသီသတ်ခြင်းမခံရပေ။ 10 ဝမ်းနည်းရသော်လည်း အစဉ်မပြတ် ဝမ်းမြောက်ရ၏။ သူဆင်းရဲများ ဖြစ်သော်လည်း လူအများကို ချမ်းသာကြွယ်ဝစီ၏။ တစ်စုံတစ်ခုမျှ မဟိသော်လည်း အလုံးစုံတိကို ပိုင်ကြ၏။
11 ကောရိန္သုမြို့၌ဟိသော မိတ်ဆွီရို့၊ သင်ရို့ကို ပွင့်လင်းစွာ ငါပြောဆို၍ ငါရို့၏စိတ်နှလုံးကို သင်ရို့အတွက် ကျယ်ကျယ် ဖွင့်ထားခယာ။ 12 ငါရို့သည် သင်ရို့အဖို့ ငါရို့၏ စိတ်နှလုံးကို ပိတ်၍ မထား။ သင်ရို့သာလျှင် ငါရို့အဖို့ သင်ရို့၏ စိတ်နှလုံးကို ပိတ်ထားကြ၏။ 13 ငါရို့ကို ကျေးဇူးတုံ့ပြန်သောအားဖြင့် သင်ရို့ စိတ်နှလုံးကို ကျယ်ကျယ် ဖွင့်ကြလော့ ဟု သင်ရို့အား ငါ၏ သားသမီးသဖွယ် ပြောဆို၏။
Languages