7 ထိုသို့ သင်ရို့ အချင်းချင်း တရားစွဲဆိုခြင်းသည် သင်ရို့အဖို့ ဆုံးယှုံးမှုဖြစ်စီ၏။ ထိုသို့တရားစွဲမည့်အစား မတရားပြုခြင်းကိုသာ ဇာကြောင့်မခံကြသနည်း။ လိမ်ညာလုယူခြင်းကိုသာ ဇာကြောင့်မခံကြသနည်း။ 8 အကယ်စင်စစ် သင်ရို့သည် ထိုသို့ ခံရမည့်အစား သင်ရို့ကိုယ်တိုင် ညီအစ်ကိုမောင်နှမ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် မတရားပြုခြင်း၊ လုယက်ခြင်းများကို ပြုကြ၏။ 9 ဆိုးညစ်သောသူရို့သည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရကြောင်း သင်ရို့သိကြ၏။ သင်ရို့ကိုယ်တိုင် မရူးမိုက်ကတ်ကေ့။ မတရားသောကာမဂုဏ်လိုက်စားသောသူတိ၊ ရုပ်တုဆင်းထုကိုးကွယ်သောသူတိ၊ သူတစ်ပါး သားမယားကို ပြစ်မှားသောသူတိ၊ ယောက်ျားအချင်းချင်းသော်လည်းကောင်း မိန်းမအချင်းချင်းသော်လည်းကောင်း မှားယွင်းသောသူတိ၊ 10 သူတစ်ပါးဥစ္စာကို ခိုးသောသူတိ၊ လောဘလွန်ကြူးသောသူတိ၊ သီရည်သောက်ကြူးသော သူတိ၊ အတင်းပြောသောသူတိနှင့် လုယက်တိုက်ခိုက်သောသူရို့သည် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရကြ။ 11 အယင်က သင်ရို့တွင် အချို့သောသူရို့သည် ထိုကဲ့သို့ ဆိုးယုတ်သောသူတိဖြစ်ခကြ၏။ သို့သော် အဂုတွင် သင်ရို့သည် အပြစ်မှ ဆီးကြောသန့်စင်ခြင်းကို ခံကြရသောသူများဖြစ်ပြီး၊ ဘုရားသခင်အား ဆက်ကပ်သောသူများ ဖြစ်ကြ၏။ အသျှင်ယေသျှုခရစ်တော်၏ နာမအားဖြင့် လည်းကောင်း၊ ငါရို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် လည်းကောင်း သင်ရို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသို့ ရောက်ကြယာ။
15 သင်ရို့၏ ကိုယ်ခန္ဓာများသည် ခရစ်တော်၏ ကိုယ်အင်္ဂါများဖြစ်သည်ကို သင်ရို့သိကြ၏။ ငါသည် ခရစ်တော်၏ကိုယ်အင်္ဂါကို ယူ၍ ပြည့်တန်ဆာ၏ ကိုယ်အင်္ဂါ ဖြစ်ရစီမည်လော။ ထိုသို့ မဖြစ်စီနိုင်။ 16 ပြည့်တန်ဆာနှင့် ဆက်ဆံသောသူသည် ထိုပြည့်တန်ဆာနှင့် တစ်သားတည်းတစ်ကိုယ်တည်း ဖြစ်သည်ကို သင်ရို့မသိကြသလော။ ကျမ်းစာတော်၌ “ထိုသူနှစ်ယောက်ရို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ကြလိမ့်မည်” ဟု လာ၏။ 17 သို့ရာတွင် သခင်ဘုရားနှင့်ပေါင်းဖော်သော သူသည် ထိုသခင်နှင့် တစ်စိတ်တစ်ဝိညာဉ်တည်း ဖြစ်၏။
18 မတရားသောမေထုန် လိုက်စားခြင်းကို ယှောင်ကြလော့။ လူပြုတတ်သော အခြားအပြစ်အားလုံးသည် ကိုယ်ခန္ဓာပြင်ပ၌ ဖြစ်သော်လည်း မတရားသောမေထုန် လိုက်စားခြင်းအပြစ်ကိုပြုသော လူတစ်ယောက်ကား မိမိ၏ခန္ဓာကိုယ်ကို ပြစ်မှားသောသူ ဖြစ်၏။ 19 [b]သင်ရို့ ကိုယ်ခန္ဓာသည် သန့်ယှင်းသော ဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်ကြောင်းကိုလည်းကောင်း၊ ဘုရားသခင် ပီးသနားတော်မူ၍ ဝိညာဉ်တော်သည် ကိန်းအောင်းတော်မူကြောင်းကိုလည်းကောင်း မသိကြသလော။ သင်ရို့သည် ကိုယ့်ကိုယ်ကို မပိုင်။ ဘုရားသခင်သာလျှင် ပိုင်တော်မူပြီး၊ 20 ကိုယ်တော်သည် သင်ရို့အား အဖိုးအခဖြင့် ဝယ်ထားတော်မူ၏။ ထို့ကြောင့် သင်ရို့၏ ကိုယ်ခန္ဓာကို ဘုရားသခင်၏ဘုန်းတော် အဖို့ အသုံးပြုကြလော့။
<- ၁ ကောရိန္သု 5၁ ကောရိန္သု 7 ->
Languages