6 ဤသို့ ဆိုရာ၌ ငါသည် သင်ရို့အား အမိန့်ပီးခြင်း မဟုတ်။ သို့သော် အခွင့်ပီးထားခြင်းသာ ဖြစ်၏။ 7 အကယ်စင်စစ် ငါသည် လူတိုင်းကို ငါကဲ့သို့ပင် ဖြစ်စီလို၏။ သို့သော် လူတစ်ဦးစီ၌ ဘုရားသခင်ထံမှ မိမိရဟိသောဆုကျေးဇူး တစ်ယောက်တစ်မျိုးစီဟိ၏။
8 အဂု ငါပြောလိုသည်မှာ အိမ်ထောင်မပြုသောသူတိနှင့် မုဆိုးမရို့သည် ငါကဲ့သို့ တစ်ကိုယ်တည်းဆက်လက်၍ နီထိုင်နိုင်လျှင် သာ၍ကောင်း၏။ 9 သို့သော် သင်ရို့၏စိတ်ဆန္ဒကို မချုပ်တည်းနိုင်လျှင် အိမ်ထောင်ပြုကြလော။ ကိလေသာစိတ်ပူလောင်ခြင်း ဟိသည်ထက် အိမ်ထောင်ပြုခြင်းက သာ၍ကောင်း၏။
10 [b]အိမ်ထောင်သျှင်ရို့အဖို့ ငါ၌ ပညတ်တစ်ခုဟိ၏။ ယင်း ပညတ်သည်ကား ငါ့ပညတ် မဟုတ်။ သခင်ဘုရား၏ ပညတ်သာ ဖြစ်၏။ ထိုအရာကား၊ မယားသည် မိမိ၏လင်ယောကျ်ားကို မကွဲကွာရ။ 11 သို့သော် ကွဲကွာလျှင် တစ်ဦးတည်းနီထိုင်ရမည်။ ထိုသို့မဟုတ် မိမိလင်ယောကျ်ားနှင့် ပြန်၍ ပေါင်းသင်းစီ။ လင်ယောကျ်ားသည်လည်း မိမိမယားကို မကွာယှင်းရ။
12 အခြားသူရို့အား သခင်ဘုရား ပညတ်တော်မမူသော်လည်း ငါပညတ်လိုသည်ကား၊ ခရစ်ယာန် ယောက်ျားတစ်ယောက်၌ ယုံကြည်သူ မဟုတ်သော မယားဟိ၍ ထိုမယားသည် မိမိလင်ယောက်ျားနှင့် ဆက်လက်ပေါင်းသင်းလိုလျှင် သူမအား မကွာယှင်းရ ဟူ၍ပင်ဖြစ်၏။ 13 ထိုနည်းတူ ခရစ်ယာန်မိန်းမတစ်ယောက်၌ ယုံကြည်သူ မဟုတ်သော လင်ယောကျ်ားဟိ၍ ထိုယောကျ်ားသည် မိမိမယားနှင့် ဆက်လက်ပေါင်းသင်းလိုလျှင် သူ့အား မကွာယှင်းရ။ 14 မယုံကြည်သော ယောက်ျားသည် ယုံကြည်သူဖြစ်သော မိမိ၏မယားနှင့် စုံဖက်သောအားဖြင့် လည်းကောင်း၊ ယုံကြည်သူ မဟုတ်သော မယားသည် ယုံကြည်သူဖြစ်သော မိမိ၏လင်ယောကျ်ားနှင့် စုံဖက်သောအားဖြင့် လည်းကောင်း၊ ထိုသူရို့သည် ဘုရားသခင်အား လက်ခံသူတိဖြစ်လာနိုင်ပေ၏။ အကယ်၍ ထိုသို့မဖြစ်လျှင် သင်ရို့၏သားသမီးများသည် ဘုရားတရားမဲ့သော သူတိကဲ့သို့ ဖြစ်ကြပေလိမ့်မည်။ သို့သော် အဂုတွင် ထိုသားသမီးရို့သည် ဘုရားသခင်အား လက်ခံသူတိဖြစ်ကြ၏။ 15 သို့ရာတွင် မယုံကြည်သောသူသည် မိမိ၏ ယုံကြည်သူ အိမ်ထောင်ဖက်အား ကွာယှင်းလိုလျှင် ကွာယှင်းနိုင်၏။ ဤအမှုမျိုးတွင် ထိုယုံကြည်သူသည် လင်ယောကျ်ားဖြစ်စီ၊ မယားဖြစ်စီ အနှောင်အဖွဲ့ကင်းကြစီ။ ဘုရားသခင်သည် သင်ရို့အား သင့်တင့်အီးချမ်းစွာ နီထိုင်ကြရန် ခေါ်ထားတော်မူ၏။ 16 ယုံကြည်သူဖြစ်သော အသင် အိမ်ထောင်သျှင်မ၊ သင်သည် မိမိ၏လင်ယောက်ျားဖြစ်သူကို ကယ်တင်နိုင်မည် မဟုတ်ဟု ဇာပိုင် သိနိုင်မည်နည်း။[c] ယုံကြည်သူဖြစ်သော အသင်အိမ်ထောင်သျှင်၊ သင်သည် မိမိ၏မယားကို ကယ်တင်နိုင်မည် မဟုတ်ဟု ဇာပိုင် သိနိုင်မည်နည်း။[d]
26 မျက်မှောက် ကြုံတွိ့နိန်ရသော ခေတ်ဆိုးကာလ၌ ယောက်ျားတစ်ယောက်သည် ဟိမြဲ အခြေအနေအတိုင်း နီထိုင်သည်က သာ၍ ကောင်းသည်ဟု ငါထင်မှတ်၏။ 27 သင်သည် အိမ်ထောင်သျှင်ဖြစ်လျှင် သင်၏မယားကို စွန့်ပယ်ခြင်းငှာ မကြိုးစားကေ့။ သင်သည် လူလွတ်ဖြစ်လျှင် မယားရှာခြင်းငှာ မကြံစည်ကေ့။ 28 သို့သော် သင်သည် အိမ်ထောင်ပြုလျှင်လည်း အပြစ်ကို ပြုခြင်း မဟုတ်။ အိမ်ထောင်မပြုသော မိန်းမသည် အိမ်ထောင်ပြုသော်လည်း အပြစ်ကို ပြုခြင်း မဟုတ်။ သို့ပိုင်သျှောင် ငါသည် သင်ရို့အား အိမ်ထောင်သျှင်များ နိ့တိုင်း ကြုံတွိ့ကြရမည့် ဆင်းရဲဒုက္ခများနှင့် ကင်းဝီးစီလို၍ ဤသို့ ပြောရခြင်းဖြစ်၏။
29 ညီအစ်ကိုမောင်နှမရို့၊ ငါဆိုလိုသည်ကား၊ ကျန်ကြွင်းသော အချိန်ကာလသည် အလွန် တိုတောင်းလှ၏။ အဂုမှစ၍ အိမ်ထောင်သည် ယောက်ျားများသည် လူလွတ်ကဲ့သို့ နီထိုင်အပ်၏။ 30 ငိုကြွီးသောသူရို့သည် မငိုကြွီးသကဲ့သို့ လည်းကောင်း၊ ဝမ်းမြောက်သော သူများသည် ဝမ်းမြောက်ခြင်းမဟိသကဲ့သို့ လည်းကောင်း၊ ဥစ္စာပစ္စည်း ဝယ်ယူသော သူများသည် ထိုဥစ္စာပစ္စည်းကို မပိုင်ဆိုင်သကဲ့သို့ လည်းကောင်း၊ 31 ဤလောက၏ ဥစ္စာပစ္စည်းကို သုံးသောသူရို့သည် မသုံးသကဲ့သို့လည်းကောင်း နီထိုင်အပ်၏။ အကြောင်းမူကား ဤလောကကြီး၏ ပုံသဏ္ဌာန်သည် ရွိ့လျားကွယ်ပျောက်နိန်၏။
32 ငါသည် သင်ရို့အား ပူပန်သောကနှင့် ကင်းဝီးစီလို၏။ လူလွတ်ဖြစ်သော ယောက်ျားသည် သခင်ဘုရား နှစ်သက်တော်မူသော အမှုကို ပြုလိုသောကြောင့် သခင်ဘုရား၏ အမှုတော်ကို အလေးအနက် ထားတတ်၏။ 33 သို့သော် အိမ်ထောင်ဟိသော ယောက်ကျ်ားမူကား မိမိ၏မယား နှစ်သက်စီခြင်းငှာ လောကီအမှုကို အလေးအနက် ထားတတ်၏။ 34 ထို့ကြောင့် သူသည် စိတ်နှစ်ခွ ဖြစ်နိန်၏။ လူလွတ်ဖြစ်သော မိန်းမနှင့် အပျိုရို့သည် သခင်ဘုရားအား မိမိ၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ဆက်ကပ်လိုသဖြင့် သခင်ဘုရား၏ အမှုတော်ကို အလေးအနက်ထား တတ်၏။ သို့ရာတွင် အိမ်ထောင်ပြုသော မိန်းမမူကား မိမိ၏ လင်ယောက်ျား နှစ်သက်စီခြင်းငှာ လောကီအမှုကို အလေးအနက်ထားတတ်၏။
35 ဤသို့ ငါပြောရခြင်းမှာ သင်ရို့၏ အကျိုးကို လိုလား၍ ပြောခြင်းဖြစ်၏။ သင်ရို့အား တင်းကြပ်လိုသောကြောင့် မဟုတ်။ သင်ရို့အား မှန်ကန်လျောက်ပတ်စွာ ကျင့်ကြစီရန်နှင့် သခင်ဘုရား၏အမှုတော်ကို စိတ်ရှုပ်ထွီးခြင်း မဟိဘဲ အကြွင်းမဲ့ ဆောင်ရွှက်ကြစီခြင်းငှာ လိုလားသောကြောင့်ဖြစ်၏။
36 စိ့စပ်ထားပြီးနောက် အိမ်ထောင်မပြုရန် ဆုံဖြတ်ထားသော စုံတွဲတစ်တွဲ၌ ယောက်ျားသည် မိန်းမ၌ မိမိပြုမူပုံ မလျောက်ပတ်သည်ကို သိသောအခါ၌ သော်လည်းကောင်း၊ မိမိစိတ်ကို မထိန်းချုပ်နိုင်သောအခါ၌[f] သော်လည်းကောင်း ထိုသူပြုလိုသည့်အတိုင်း ထိမ်းမြားမင်္ဂလာပြုရာ၏။ ဤသို့ ပြုခြင်း၌ ဇာအပြစ်မျှမဟိ။ 37 သို့ရာတွင် ယောကျ်ားသည် အိမ်ထောင်မပြုဘဲ နိန်ခြင်းငှာ စိတ်ပိုင်းဖြတ်၍ မိမိ၏ စိတ်ကိုလည်း တည်ကြည်ခိုင်မာစွာ လုံးဝချုပ်ထိန်းနိုင်သဖြင့် အိမ်ထောင်မပြုဘဲ[g]နိန်လျှင် သာ၍ကောင်း၏။ ထိုသူသည် မိန်းမပျို[h]နှင့် အိမ်ထောင်မပြုဘဲ နိန်ခြင်းသည်ကား ကောင်းသောအမှုကို ပြုခြင်းဖြစ်၏။ 38 ထို့ကြောင့် အိမ်ထောင်ပြုသော ယောကျ်ား[i]သည် ကောင်းသောအမှုကို ပြု၏။ သို့ရာတွင် အိမ်ထောင်မပြုဘဲ[j]နီသောယောကျ်ားသည် သာ၍ ကောင်းသောအမှုကို ပြုခြင်းဖြစ်၏။
39 အိမ်ထောင်ပြုသော မိန်းမသည် မိမိ၏ လင်ယောကျ်ား အသက်ရှင်သမျှ ကာလပတ်လုံး လွတ်လပ်မှုမဟိ။ သို့သော် လင်ယောကျ်ား သီဆုံးလားသောအခါတွင်မူ မိမိဆန္ဒအလျောက် ကြိုက်နှစ်သက်သောသူနှင့် လွတ်လပ်စွာ အိမ်ထောင်ပြုနိုင်၏။ သို့ပိုင်သျှောင် ထိုပေါင်းသင်းမှုသည် ယုံကြည်သူ အချင်းချင်း ပေါင်းသင်းမှုသာလျှင် ဖြစ်ရမည်။ 40 အကယ်၍ ထိုမိန်းမသည် အိမ်ထောင်မပြုဘဲ နီထိုင်သောအမှုကို နှစ်သက်လျှင် ထိုသို့ နီထိုင်စီ။ ဤသည်ကား ငါ၏ထင်မြင်ယူဆချက်ဖြစ်၏။ ငါသည်လည်း ဘုရားသခင်၏ ဝိညာဉ်တော်ကို ခံယူရဟိသူဖြစ်သည်ဟု ထင်မှတ်ပါ၏။
<- ၁ ကောရိန္သု 6၁ ကောရိန္သု 8 ->- a ယောက်ျားတစ်ယောက်သည် အိမ်ထောင်မပြုဘဲ နီနိုင်လျှင် ကောင်း၏၊ သို့မဟုတ် ယောကျ်ားတစ်ယောက်သည် အိမ်ထောင်မပြုဘဲ နီနိုင်လျှင် ကောင်း၏ ဟူ၍ သင်ပြော၏။
- b မ ၅.၃၂; ၁၉.၉; မာ ၁၀.၁၁,၁၂; လု ၁၆.၁၈
- c သင်သည် မိမိ၏လင်ယောက်ျားဖြစ်သူကို ကယ်တင်နိုင်မည် မဟုတ်ဟု ဇာပိုင် သိနိုင်မည်နည်း၊ သို့မဟုတ် သင်သည် ကယ်တင်နိုင်မည်ကို ဇာပိုင် သိနိုင်သနည်း။
- d သင်သည် မိမိ၏မယားကို ကယ်တင်နိုင်မည် မဟုတ်ဟု ဇာပိုင် သိနိုင်မည်နည်း၊ သို့မဟုတ် သင်သည် ကယ်တင်နိုင်မည်ကို … ဇာပိုင် သိနိုင်သနည်း။
- e သို့သော် သင်ရို့သည် ကျွန်အဖြစ်မှ လွတ်ခွင့်ရမည်ဆိုလျှင် ထိုအခွင့်ကို အသုံးပြုကြလော့။ သို့မဟုတ် သို့သော် သင်ရို့တွင် ကျွန်အဖြစ်မှ လွတ်ခွင့် ရမည်ဆိုလျှင်တောင်၊ ကျွန်တစ်ယောက် ဖြစ်နိန်စဉ်ခါထက် အကောင်းဆုံးသော အခြေအနေကို သာ၍ ရွီးယူကြလော့။
- f စိ့စပ်ထားပြီးနောက် … ထိမ်းမြားမင်္ဂလာပြုရာ၏၊ သို့မဟုတ် ဖခင်တစ်ယောက်၌ အိမ်ထောင်မပြုရသိမ့်သော သမီး၊ ထိုဖခင်သည် သမီး၌ မိမိပြုမူပုံ မလျောက်ပတ်သည်ကို သိသောအခါ၌ သော်လည်း၊ သူမသည်လည်း အိမ်ထောင်ပြုရန် သင့်တော်သော အသက်အရွယ်ရလျှင် လည်းကောင်း၊ ဖခင်သည် မိမိဆန္ဒဟိသည့်အတိုင်း ပြုသင့်ပြီး ထိုသမီးကိုလည်း အိမ်ထောင်ပြုရန် ခွင့်ပြုရမည်။
- g အိမ်ထောင်မပြု၊ သို့မဟုတ် မိမိ၏သမီးနှင့် အိမ်ထောင်ပြုရန် ခွင့်မပြု။
- h မိန်းမပျိုနှင့် အိမ်ထောင်၊ သို့မဟုတ် သူမကို အိမ်ထောင်ပြုခြင်းငှာ ခွင့်ပြုသည်။
- i အိမ်ထောင်ပြု၊ သို့မဟုတ် မိမိ၏သမီးကို အိမ်ထောင်ပြုခြင်းငှာ ခွင့်ပြုစီ။
- j အိမ်ထောင်မပြု၊ သို့မဟုတ် မိမိ၏သမီးကို အိမ်ထောင်ပြုခြင်းငှာ ခွင့်မပြု။
Languages