6 [a] သင်ရို့သည် မာန်မာနထောင်လွှားနိန်ကြသည်မှာ မကောင်း။ “တဆီးအနည်းချေက မုန့်ညက် တစ်ပုံးလုံးကို ဖောင်းကြွစီ၏” ဟူသော ဆိုရိုးစကားကို သင်ရို့ မသိကတ်လား။ 7 သင်ရို့သည် စင်ကြယ်စီခြင်းငှာ တဆီးဟောင်းတည်းဟူသော အပြစ်ဒုစရိုက်ကို ပယ်ကြလော့။ သို့မှသာလျှင် သင်ရို့သည် တဆီးမပါသော အသစ်သောမုန့်ညက်ကဲ့သို့ ဖြစ်လိမ့်မည်။ ငါရို့၏ ပသခါသိုးသူငယ်တည်းဟူသော ခရစ်တော်အား ယဇ်ပူဇော်ပြီးပြီ ဖြစ်သောကြောင့် ငါရို့အဖို့ ပသခါပွဲကျင်းပရန် အဆင့်သင့်ဟိ၏။ 8 ထို့ကြောင့် အပြစ်ဒုစရိုက်နှင့် ယုတ်ညံ့သောအကျင့်တည်းဟူသော တဆီးဟောင်းပါသည့်မုန့်ဖြင့် မဟုတ်၊ သန့်ယှင်းစင်ကြယ်ခြင်းနှင့် သမ္မာတရားတည်းဟူသော တဆီးမပါသောမုန့်ဖြင့် ပသခါပွဲတော်ကို ကျင်းပကြကုန်အံ့။
9 သင်ရို့အား ကာမဂုဏ်လိုက်စားသော သူရို့နှင့် မပေါင်းဖော်စီခြင်းငှာ ယခင်က သင်ရို့ပါးသို့ ရီးလိုက်သောစာ၌ ငါမှာထားခ၏။ 10 ထိုသို့ မှာကြားရာ၌ ဤလောက၌ ဟိသော မေထုန်လိုက်စားသောသူတိ၊ လောဘလွန်ကျူးသောသူတိ၊ သူခိုးတိ၊ ရုပ်တုဆင်းထုကိုးကွယ်သောသူတိနှင့် မပေါင်းဖော်ရဟု မဆိုလို။ ထိုသူရို့ကို ယှောင်ရမည်ဆိုလျှင် သင်ရို့သည် ဤလောကမှ လုံးဝထွက်ခွာလားရပေလိမ့်မည်။ 11 သင်ရို့ ယှောင်ရမည့်လူများမှာ မိမိကိုယ်ကို ယုံကြည်သူဟုဆိုလျက် မေထုန်လိုက်စားသောသူတိ၊ လောဘလွန်ကျူးသောသူတိ၊ ရုပ်တုဆင်းထုကိုးကွယ်သောသူတိ၊ အတင်းပြောသောသူတိ၊ ယစ်မူးမျိုးကိုသောက် ကြူးသောသူတိ၊ သူခိုးတိ ကို ဆိုလို၏။ ထိုသို့သော လူရို့နှင့်အတူ စားသောက်ခြင်းကိုပင် မပြုကတ်ကေ့။
12-13 အသင်းတော်ပြင်ပ၌ ဟိသောသူရို့ကို စစ်ကြောစီရင်ရန်မှာ ငါ၏ အလုပ် မဟုတ်။ ထိုသူရို့ကို ဘုရားသခင်သာ စစ်ကြောစီရင်တော်မူလိမ့်မည်။ သို့ရာတွင် သင်ရို့၏ မိတ်သာဟာယ၌ အသင်းဝင်ရို့ကို စစ်ကြောစီရင်သင့်ကြသည် မဟုတ်ပါလော။ ထို့ကြောင့် ကျမ်းစာလာသည်အတိုင်း “သင်ရို့ အထဲမှ ဆိုးညစ်သောသူကို ပယ်ယှားကြလော့” ဟု ဖြစ်၏။
<- ၁ ကောရိန္သု 4၁ ကောရိန္သု 6 ->- a ဂလာ ၅.၉
Languages