6 သခင်ဘုရားဟ “ဆိုးညစ်သော တရားသူကြီး ပြောတာဟို နားထောင်ကြလော့။ 7 အခုတွင် ရွေးချယ်ထားသောသူလို့ဟ နေ့တိုင်းညတိုင်း အော်ဟစ် တောင်းဆှောက်ရင် ဘုရားသခင်ဟ သူလို့ဖက်တွင် တရားမျှတစွာ မစီရင်ဘဲနေမလော၊ ကိုယ်တော်ဟ သူလို့အား ကူညီမစရန် နှောင့်နှေးနေမလော။ 8 နင်လို့ဟို ငါပြောတာဟ သူလို့ဖက်တွင် အလျင်အမြန် တရားမျှတစွာ စီရင်မယ်။ အဲလိုလဲ လူသားဟ ကြွလာသောအခါ မြေကြီးပေါ်တွင် ယုံကြည်ခြင်းဟို တွေ့ရမလော” ဟု ပြောအယ်။
15 လူတချို့ဟ လူပဲ့သငယ်လို့ဟို လက်တော်နဲ့ ပေးတို့စေရန် သခင့်ဆေဟို ခေါ်ခဲ့ကြအယ်။ တဘဲ့တော်လို့ဟ မျော်ရင် အေးသူလို့အား အပစ်တင်ကြအယ်။ 16 အဲလိုလဲ ယေရှုဟ လူပဲ့သငယ်များဟို ခေါ်လျက် “လူပဲ့သငယ်လို့ဟို ငါ့နား လာကြပါစေ၊ မဆီးတားကြနဲ့။ ပစာကို့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ အေးသူလို့လိုမျိုးရဲ့ နိုင်ငံ ဖြစ်အယ်။ 17 နင်လို့ဟို ငါအမန်ဆိုတာဟ၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို လူပဲ့သငယ်လိုမျိုး လက်မခံသောသူဟ အဲနိုင်ငံတော်သို့ စခါမှဝင်ရလိမ့်မယ် ဟုတ်မောင့်လဲ့” ဟု ပြောအယ်။
18 ယုဒအရာဆိ တယောက်ဟ “ကောင်းမြတ်လဲ့ ဆရာ၊ ထာဝရအသက်ဟို ရဖို့ ငါဟ ပစာလိုလုပ်ရမလုန်း” ဟု ယေရှုဟို မေးအယ်။
19 ယေရှုဟ “ငါ့ဟို ကောင်းမြတ်တာဟု ပစာကျောန့် ခေါ်လုန်း။ ဘုရားသခင် တပါးမှလွှဲယွေ့ ကောင်းမြတ်သူ စသူမျှ မဆိ။ 20 ‘သူ့မယားဟို မပစ်မားနဲ့၊ လူ့အသက်ဟို မသတ်နဲ့၊ သူ့ဥစ္စာဟို မခိုးနဲ့၊ မမန်သော သက်သေဟို မခံနဲ့၊ တို့မေ တို့ဖလို့ဟို ရိုသေရမယ်’ ဟူသော ပညတ်တော်များဟို နင်သိအယ် မဟုတ်လော” ဟု မိန့်အယ်။
21 အဲသူဟ “ဟေပညတ်များဟို ငါဟ ငယ်တုန်းခါထဲဟ စောင့်ထိန်းခဲ့ပါပီ” ဟု ပြန်ပြောအယ်။
22 ယေရှုဟ အဲစကားဟို ကြားသောအခါ “နင်နှိုက် လုပ်စရာတခု လိုသေးအယ်။ နင့်ဥစ္စာဆိသမျှဟို ရောင်းပင်း ဆင်းရဲသားလို့ဟို ပေးကမ်းစွန့်ကြဲလိုက်၊ အေးလို့လုပ်ရင် နင်ဟ ခေါန်းခင်ဘုံတွင် ဘဏ္ဍာဟို ရလိမ့်မယ်၊ အေးလို့လုပ်ပင်းမှ ငါ့နောက်ဟို လိုက်ခဲ့လိုက်” ဟု ပြောအယ်။ 23 အဲလိုလဲ သူဟ ရမ်းဆာ့ ချမ်းသာသောသူ ဖြစ်သောကျောန့် အေးစကားဟို ကြားသောအခါ ရမ်းဆာ့ ဝမ်းနည်းသွားလေအယ်။
24 ယေရှုဟ အဲသူဝမ်းနည်းနေတာဟို မျော်ရင် “ဥစ္စာချမ်းသာသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲဟို ရမ်းဆာ့ ဝင်ခဲလှအယ်။ 25 ကုလားအုတ်ဟ အပ်နဖားဟို လျှိုလွယ်သော်လည်း ချမ်းသာသောသူဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို ဝင်ခဲလှအယ်” ဟု ပြောအယ်။
26 အေးစကားဟို ကြားသောသူလို့ဟ “အေးဆို စသူဟ ကယ်တင်ခြင်းဟို ရနိန်မလုန်း” ဟု မေးကြအယ်။
27 ယေရှုဟ “လူလို့ မတတ်နိန်သောအရာဟို ဘုရားသခင် တတ်နိန်အယ်” ဟု ပြောအယ်။
28 ပေတရုဟ “ကျေ့မန့်၊ ငါလို့ဟ ငါလို့ ပိုင်ဆိုင်သောအရာလို့ဟို စွန့်ယွေ့ ကိုယ်တော်နောက်ဟို လိုက်လာခဲ့ကြအယ်” ဟု ပြောအယ်။
29 ယေရှုဟ “ငါ အမန်ပြောတာဟ အကြင်သူဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ကျောန့် နေအိုင်၊ ပေါင်အိုမ၊ မိဖ၊ ညီအကို၊ သားသမီး တခုခုဟို စွန့်လာခဲ့အယ်။ 30 အေးသူဟ ဟေဖဝါ့တွင် အဆများစွာ အကျိုးခံစားရပင်း နောင်ဖဝါ့နှိုက် ထာဝရအသက်ဟို ရလိမ့်မယ်” ဟု ပြောအယ်။
31 ယေရှုဟ တဆယ့်နေပါးသော တဘဲ့တော်လို့ဟို ခေါ်ပင်းရင် “နားထောင်ကြ၊ ငါလို့ဟ ယေရုရှလင်မြို့ဟို သွားကြအယ်။ လူသားအကျောန်းနဲ့ ပတ်သက်ယွေ့ ပရောဖက်များ ရေးမှတ်ဖော်ပြခဲ့သမျှဟ ပြေ့စုံလာလိမ့်မယ်။ 32 တပါးအမျိုးသားဟို လက်ဟို လှောင်ပြောင်ခြင်း၊ ညှဉ်းဆဲခြင်း၊ ဆံထွေးနဲ့ ထွေးခြင်းဟို ခံရလိမ့်မယ်။ 33 သူလို့ဟ ကြိမ်ဒဏ်ပေးယွေ့ အသေသတ်ကြလိမ့်မယ်။ အဲလိုလဲ သုံးရက်မြောက်သောနေ့နှိုက် လူသားဟ ဆှင်ပြန်ထမြောက်လိမ့်မယ်” ဟု ပြောအယ်။
34 အဲလိုလဲ တဘဲ့တော်လို့ဟ ကိုယ်တော်ရဲ့ စကားတခွန်းဟိုမျှ နားမလည်ကြ။ အေးစကားများရဲ့ အနက်အဓိပ္ပာယ်ဟ ကွယ်ဝှက်လျက်နေသဖြင့် ကိုယ်တော်ရဲ့ ပြောကြားမှုဟို နားမလည်ကြ။
35 ယေရိခေါမြို့အနီးနှိုက် ရောက်လာစဉ်၊ မျက်စေ့မမျော်သော တယောက်ဟ လမ်းနားမှာ ထိန်ယွေ့ တောင်းစားလျက် နေအယ်။ 36 သူဟ လူအုပ်လို့ သွားသောသံဟို ကြားသောအခါ “ပစာရီးလုန်း” ဟု မေးအယ်။
37 သူလို့ဟ “နာဇရက်မြို့သား ယေရှု ဖြတ်သွားစာရီး” ဟု ပြောကြအယ်။
38 “ဒါဝိဒ်ရဲ့ သားတော် ယေရှု၊ ငါ့ဟို သနားမန့်” ဟု အော်ပြောလေအယ်။
39 ဆေ့မှာဆိသောလူလို့ဟ သူ့ဟို တိတ်တိတ်နေရန် ငေါက်ငမ်းယွေ့ ပြောကြအယ်။ အဲလိုလဲ သူဟ “ဒါဝိဒ်ရဲ့ သားတော်၊ ငါ့ဟို သနားမန့်” ဟု ပိုယွေ့ အော်ပြောလေအယ်။
40 အေးလို့မို့ ယေရှုဟ ရပ်တန့်လိုက်ပင်းနောက် အေးသူဟို ခေါ်ခဲ့ဟု ပြောအယ်။ သူအနား ရောက်လာသောအခါ ယေရှုဟ၊ 41 “နင့်ဖို့ ပစာလုပ်ပေးစေချင်လော” ဟု မေးသောအခါ သူဟ
42 ယေရှုဟ “မျက်စေ့ မျော်စေ၊ နင့်ရဲ့ ယုံကြည်ခြင်းဟ နင့်ဟို မျော်စေပီ” ဟု ပြောအယ်။
43 အေးခဏချင်းတွင် သူဟ မျက်စေ့မျော်ယွေ့၊ ဘုရားသခင်ဟို ချီးမွန်းပင်း ကိုယ်တော်နောက်ဟို လိုက်အယ်။ အေးအရာဟို လူအုပ်ကြီးဟ မျော်သောအခါ ဘုရားသခင်ဟို ချီးမွန်းကြအယ်။
<- လုကာ 17လုကာ 19 ->
Languages