6 ဇက္ခဲဟ သစ်ပင်ပေါ်မှ အမြန် ဆင်းယွေ့ ကိုယ်တော်ဟို ဝမ်းမြောက်စွာ ကြိုဆိုအယ်။ 7 ဟေအခြင်းအရာဟို မျော်သောအခါ လူလို့ဟ “ဟေသူဟ ဆိုးသွမ်းသော သူတယောက်ရဲ့ အိုင်တွင် တည်းခိုရန် သွားပါအယ် ဟုတ်မောင့်လဲ့” ဟု စတင်ပင်း ကဲ့ရဲ့အပစ်တင်ကြအယ်။
8 ဇက္ခဲဟ ရပ်လျက် သခင့်ဟို “နားထောင်ပါအုံး ဆရာ၊ ငါ့ရဲ့ ဥစ္စာပစ္စည်းတဝက်ဟို ဆင်းရဲသောသူလို့ဟို ပေးပါမယ်၊ အကယ်ယွေ့ တစုံတယောက်ဆေမှ မတရားတောင်းယူမိရင် အေးငွေရဲ့ လေးဆဟို ပြန်ပေးပါမယ်” ဟု ပြောလေအယ်။
9 ယေရှုဟ “ဟေသူဟလည်း အာဗြဟံရဲ့ သားမြေးဖြစ်သဖြင့် ကယ်တင်ခြင်းဟ ခုနေ့ပင် ဟေနေအိုင်ပေါ်ဟို သက်ရောက်လေပီ။ 10 [a]လူသားဟ ပျောက်ဆုံးသောသူများဟို ဆာရန်နဲ့ ကယ်တင်ရန် လာခြင်းဖြစ်အယ်” ဟု သူ့ဟို ပြောအယ်။
11 [b]ကိုယ်တော်ဟ ဟေအကျောန်းအရာလို့ဟို နားထောင်သောသူလို့အား ပုံဥပမာတခုဟို ထပ်ယွေ့ ပေးအယ်။ ပစာကို့ ကိုယ်တော်ဟ ယေရုရှလင်မြို့ အနီးဟို ရောက်လာသဖြင့် ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ ခုတုံးပေါ်ထွန်းတော့မယ်ဟု လူလို့ ထင်နေကြသောကျောန့် ဖြစ်အယ်။ 12 သူဟ “မြင့်မြတ်သော လူတဦးဟ ဘုရင်အရာဟို ခံယူလိုယွေ့ မိမိပြေသို့ ပြန်လာရန် ဝေးသော ပြေသို့ သွားခဲ့အယ်။ 13 မသွားခင် မိမိရဲ့ အစေခံဆယ်ယောက်ဟို ခေါ်ယူကာ ‘ငါပြန်ရောက်လာတဲ့ထိ ကုန်သွယ်ခြင်းအမှုဟို ပြုကြလော့’ ဟုဆိုယွေ့ ဆွေဒင်္ဂါးတပြားစီ ပေးအယ်။ 14 အဲလိုလဲ ပြေသားအချို့ဟ သူ့ဟို မုန်းကြသဖြင့် ‘အေးသူရဲ့ အုပ်ချုပ်မှုဟို ငါလို့မခံချင်’ ဟု သတင်းသယ်ပို့သူများအား သူ့နောက်ဟို လွှတ်ယွေ့ ပြောစေအယ်။
15 “အေးသူဟ ဘုရင်အရာဟို ခံယွေ့ ပြန်လာအယ်။ သူဟ ခုတုံးပင် မိမိရင်းနှီးငွေပေးခဲ့လဲ့ အစေခံများဟို ကုန်သွယ်ယွေ့ စလောက်အမြတ်ရတာဟို သိချင်သဖြင့် သူလို့အား ခေါ်လာရန် အမိန့်ဆိအယ်။ 16 ပထမအစေခံဟ လာယွေ့ ‘သခင် ပေးခဲ့လဲ့ ဆွေဒင်္ဂါးတပြားဖြင့် အမြတ် ဆယ်ဆရပါအယ်’ ဟု ဆောက်အယ်။ 17 မင်းကြီးဟ ‘ကောင်းအယ်၊ နင်ဟ အစေခံကောင်းတယောက် ဖြစ်အယ်၊ သေးငယ်သောအမှုတွင် သစ္စာဆိသူဖြစ်သဖြင့် နင့်ဟို ငါဟ မြို့ကြီးဆယ်မြို့ဟို အုပ်ချုပ်လော့’ ဟု ပြောအယ်။ 18 ဒုတိယအစေခံဟလည်း လာယွေ့ ‘သခင်၊ သခင်ပေးခဲ့လဲ့ ဆွေဒင်္ဂါးတပြားနဲ့ အမြတ် ငါးဆရပါအယ်’ ဟု ပြောအယ်။ 19 သခင်ဟ ‘နင်ဟ မြို့ကြီးငါးမြို့ဟို အုပ်ချုပ်လော့’ ဟု ပြောအယ်။ 20 အခြားသောအစေခံဟ လာယွေ့ ‘သခင်၊ သခင်ပေးခဲ့လဲ့ ဆွေဒင်္ဂါး ဟေမှာ ဆိပါအယ်၊ အေးငွေဟို ငါဟ ပုဝါဖြင့် ထုပ်ပင်း သိမ်းဆည်းထားပါအယ်။ 21 သခင်ဟ ခက်ထန်သူဖြစ်သောကျောန့် ငါ ကြောက်ရွံ့အယ်။ သခင်ဟ ကိုယ်မပိုင်လဲ့အရာဟို သိမ်းယူတတ်ပင်း မိမိမစိုက်ပျိုးလဲ့ သီးနှံဟို ရိတ်သိမ်းတတ်ပါအယ်’ ဟု ဆောက်အယ်။ 22 မင်းကြီးဟ ‘ဆိုးညစ်သော အစေခံ၊ နင်ပြောလဲ့အတိုင်း နင့်ဟို ငါစီရင်မယ်။ ငါဟ ခက်ထန်သူဖြစ်ယွေ့ မိမိမပိုင်လဲ့အရာဟို သိမ်းယူတတ်တာဟို လည်းကောင်း၊ မိမိမစိုက်ပျိုးသည့် အသီးအနှံဟို ရိတ်သိမ်းတတ်တာဟို လည်းကောင်း နင်သိတာမန်ရင်၊ 23 ငါပေးလဲ့ငွေဟို ငါပြန်လာချိန်တွင် အတိုးနဲ့တကွ ပြန်လည်ပေးဆပ်နိန်ရန် ပစာကို့ ဘဏ်တွင် မအပ်ထားလုန်း’ ဟု မေးအယ်။ 24 အနီးတွင် ရပ်နေသောသူလို့အား မင်းကြီးဟ ‘အေးသူဆေမှ ဆွေဒင်္ဂါးဟို ယူယွေ့ ဆွေဒင်္ဂါးဆယ်ပြားဆိသူအား ပေးလိုက်ကြ’ ဟု ပြောအယ်။ 25 သူလို့ဟ ‘သခင်၊ အဲသူနှိုက် ဆွေဒင်္ဂါးဆယ်ပြားဆိပင်း ဖြစ်ပါအယ်’ ဟု ဆောက်ကြအယ်။ 26 [c]သူဟ ‘နင်လို့ဟို ငါပြောတာဟ ကြွယ်ဝချမ်းသာသူဟို ထပ်ယွေ့ပေးဦးမယ်။ အဲလိုလဲ ဆင်းရဲသောသူဆေမှ ဆိသမျှဟိုပင် သိမ်းယူလိမ့်မယ်။ 27 အဲပင်းရင် ငါ့ရဲ့ အုပ်ချုပ်မှုဟို မခံချင်သော ငါ့ရဲ့ ရန်သူများဟို ဟေနေရာသို့ ခေါ်ယွေ့ ငါ့ရဲ့ ဆေ့မှောက်တွင် သူလို့ဟို သတ်ကြလော့’ ဟု ဆိုအယ်” ဟု မိန့်လေအယ်။
28 အေးလို မိန့်ပင်းနောက် ကိုယ်တော်ဟ ယေရုရှလင်မြို့သို့ တဘဲ့တော်လို့ဆေ့နှိုက် သွားလေအယ်။ 29 သံလွင်တောင်ဟု ခေါ်သော တောင်အနီးဆိ ဗက်ဖာဂေရွာနဲ့ ဗေသနိရွာအနီးဟို ရောက်သောအခါ တဘဲ့တော် နေယောက်လို့အား စေလွှတ်ယွေ့၊ 30 “နင်လို့ဆေ့နှိုက် ဆိသော သွားယွေ့ ရွာဟို ဝင်လျှင်ဝင်ချင်း စသူမှ မစီးဖူးသေးသော မြည်းသငယ်တကောင်ဟို မျော်လိမ့်မယ်၊ အဲမြည်းဟို ကြိုးဖြင့်လှန်ထားယွေ့ ကြိုးဟို ဖြေပင်း မြည်းဟို ယူခဲ့လော့။ 31 အကယ်ယွေ့ လူတစုံတယောက်ဟ နင်လို့အား ‘ပစာကို့ မြည်းကြိုးဟို ဖြေသလော’ ဟု မေးရင် ‘အေးမြည်းဟို သခင်[d] အလိုဆိအယ်’ ဟု ပြောကြမန့်” ဟု ဆိုအယ်။
32 စေလွှတ်ခံရသောသူလို့ဟလည်း သွားကြသောအခါ ယေရှု မှာကြားလိုက်လဲ့အတိုင်း တွေ့မျော်ရကြအယ်။ 33 သူလို့ဟ မြည်းကြိုးဟို ဖြည်နေစဉ် မြည်းဆှင်ဟ “နင်လို့ ပစာကို့ မြည်းကြိုးဟို လာဖြည်လုန်း” ဟု မေးအယ်။
34 သူလို့ဟ “ဟေမြည်းဟို သခင် အလိုဆိအယ်” ဟု ပြန်ဖြေအယ်။ 35 အဲပင်းရင် မြည်းဟို ယေရှုဆေဟို ဆောင်ခဲ့ကြအယ်၊ မြည်းပေါ်မှာ မိမိလို့အဝတ်များဟို တင်ပင်းရင် ယေရှုဟို စီးစေကြအယ်။ 36 ကိုယ်တော် မြည်းစီးယွေ့ ကြွလာစဉ် လူလို့ဟ သူလို့အဝတ်များဟို လမ်းပေါ်တွင် ဖြန့်ခင်းကြအယ်။
37 ကိုယ်တော်ဟ သံလွင်တောင်ရဲ့ အဆင်းလမ်းအနီးဟို ရောက်သောအခါ တဘဲ့တော်အစုဝေးလို့ဟ မိမိလို့မျော်ခဲ့လဲ့ အံ့ဩဖွယ်သော အမှုအရာအတွက် ဝမ်းမြောက်ရွှင်လန်းလျက် ဘုရားသခင်ဟို ကျယ်သောအသံဖြင့် ချီးမွန်းကြအယ်။ 38 အေးသူလို့ဟ “ထာဝရဘုရားရဲ့ နာမတော်နဲ့ ကြွလာသောဘုရင်ဟ မင်္ဂလာဆိမန့်စေ၊ ခေါန်းခင်ဘုံတွင် ငြိမ်သက်ခြင်း ဆိမန့်စေ၊ အမြင့်ဆုံးသော ဘုရားသခင်ဟ ဘုန်းကြီးမန့်စေ” ဟု ကြွေးကြော်ကြအယ်။
39 အဲအခါ ပရိသတ်အထဲမှ ဖာရိရှဲအချို့လို့ဟ “ဆရာ၊ ကိုယ်တော်ရဲ့ တဘဲ့တော်များအား တိတ်တိတ်နေရန် ဆုံးမပေးပါ” ဟု ပြောကြအယ်။
40 ယေရှုဟ “နင်လို့ဟို ငါပြောတာဟ သူလို့တိတ်တိတ်နေကြရင် ကျောက်ခဲများဟ ကြွေးကြော်ကြလိမ့်မယ်” ဟု ပြန်ပြောအယ်။
45 အဲပင်းရင် ယေရှုဟ ဗိမာန်တော်သို့ ဝင်ယွေ့ ဗိမာန်တော်နှိုက် ရောင်းဝယ်သောသူလို့ဟို မောင်းထုတ်လျက်၊ 46 ကိုယ်တော်ဟ သူလို့အား “ ‘ငါရဲ့ အိုင်တော်ဟို ဆုတောင်းရာ အိုင်တော်’ ဟု ကျမ်းစာလာတာ မဟုတ်လော။ အဲလိုလဲ နင်လို့ဟ ဟေဆုတောင်းရာ အိုင်တော်ဟို သူခိုးထားပြတွင်း ဖြစ်စေကြပီ” ဟု ပြောအယ်။
47 [e]ယေရှုဟ နေ့တိုင်း ဗိမာန်တော်နှိုက် သွန်သင်လျက်နေအယ်။ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနဲ့ ယုဒအမျိုးသားအကြီးအကဲများဟ ကိုယ်တော်ဟို သတ်ရန် အခွင့်အရေး ဆာလျက်နေကြအယ်။ 48 အဲလိုလဲ လူအပေါင်းလို့ဟ ကိုယ်တော်ရဲ့ တရားတော်ဟို စေ့စေ့နားထောင်သောကျောန့် စလိုမှ မလုပ်နိန်ကြ။
<- လုကာ 18လုကာ 20 ->
Languages