1 ယေရှုဟ တဘဲ့တော်လို့အား ပြောတာဟ “လူဟို အပစ်ပြုစေမဲ့အရာများ သေချာပေါက် ဆိရမယ်၊ အဲလိုလဲ မှောက်မားလမ်းလွဲစေသူဟ အမင်္ဂလာ ဆိအယ်။ 2 အေးသူဟ ဟေလူပဲ့သငယ် တဦးတယောက်ဟို လမ်းမားစေမဲ့အစား လည်ဖင်းတွင် ကြိတ်ဆုံကျောက်ကြီးဟို ဆွဲယွေ့ ပင်လယ်ထဲဟို လောချခံရခြင်းဟ သူ့အတွက် သာယွေ့ ကောင်းအယ်။ 3 [a]အေးလို့မို့ ကိုယ့်တတ်တိုင်း သတိထားကြလော့။
6 သခင်ဘုရားဟ “နင်လို့မှာ ယုံကြည်ခြင်း မုန်ညင်းစေ့လောက် ဆိရင် ဟေပိုးစာပင်အား ‘အမြစ်နဲ့တူတူ ကျွတ်ထွက်ယွေ့ ပင်လယ်ထဲမှာ စိုက်နေစေလော့’ ဟု ဆိုရင် အေးအပင်ဟ နင်လို့ ပြောလဲ့အတိုင်း ဖြစ်လိမ့်မယ်။
14 ယေရှုဟ သူလို့ဟို မျော်သောအခါ “နင်လို့တွေ ယဇ်ပုရောဟိတ်ဆေ သွားပင်း ကိုယ်ဟို ပြလော့” ဟု ပြောအယ်။
20 ဖာရိရှဲအချို့လို့ဟ “ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ ပစာအခါနှိုက် တည်ပါမလုန်း” ဟု ကိုယ်တော်အား မေးကြအယ်။ ကိုယ်တော်ဟ “ဘုရားသခင်ရဲ့ နိုင်ငံတော်တည်ခြင်းဟ မျော်သောအရာနှိုက် တည်တာ မဟုတ်။ 21 ‘ကျေ့လော့၊ ဟေအရပ်နှိုက် ဆိအယ်’ ‘ဟိုးဖက်အရပ်တွင် ဆိအယ်’ ဟု စသူမှ မပြောနိန်။ ပစာကို့ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟ နင်လို့အထဲတွင်[c] တည်လျက်ဆိအယ်” ဟု ပြောအယ်။
22 အဲပင်းရင် ကိုယ်တော်ဟ တဘဲ့တော်လို့အား “နင်လို့ မျော်ချင်သော လူသားရဲ့ နေ့ရက် တနေ့ ရောက်ဆိလာသော်လည်း နင်လို့ တွေ့မျော်ရလိမ့်မယ် မဟုတ်။ 23 လူလို့ဟ နင်လို့အား ‘လူသားဟ ဟေအရပ်နှိုက် ဆိအယ်၊ ဟိုးနေရာမှာ ဆိအယ်’ ဟု ဆိုလိမ့်မယ်။ သူလို့နောက်ဟို ပြေးမလိုက်ကြနဲ့ ဟု ဆိုကြလိမ့်မယ်။ 24 အကျောန်းမှာ ဆပ်လက်ထိုးယွေ့ မိုးခေါန်းခင်တဖက်မှ အခြားတဖက်တိုင်အောန် လင်းထိန်သွားသလို လူသား ပြန်လာလဲ့နေ့ရက်နှိုက် အဲတိုင်းတိုင်း ဖြစ်လိမ့်မယ်။ 25 အဲလိုလဲ သူဟ ဦးရင်ဆုံး ဒုက္ခဝေဒနာဟို ရမ်းဆာ့ ခံစားရယွေ့ ခုခေတ်လူလို့ရဲ့ ငြင်းပယ်ခြင်းဟို ခံရလိမ့်မယ်။ 26 နောဧရဲ့ နေ့ရက်များနှိုက် ဖြစ်သလိုမျိုး လူသား ပြန်လာလဲ့ နေ့ရက်များနှိုက်လည်း ဖြစ်ပျက်လိမ့်မယ်။ 27 နောဧဟ သင်္ဘောထဲဟို ဝင်လဲ့နေ့တိုင်အောန် လူလို့ဟ စားသောက်လျက်၊ လက်ထပ်ထိမ်းမြားလျက် နေခဲ့ကြအယ်။ အဲပင်းရင် ယေလွှမ်းမိုးခြင်း ရောက်လာကာ သူလို့အားလုံးဟို ဖျက်ဆီးလေအယ်။ 28 အေးတိုင်းတိုင်း လောတရဲ့ နေ့ရက်များနှိုက်လည်း လူလို့ဟ စားသောက်လျက်၊ ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိုင်ဆောက်လျက် နေခဲ့ကြအယ်။ 29 သောဒုံမြို့မှ လောတ ထွက်ခွာသောနေ့နှိုက် ခေါန်းခင်မှ ကန့်နဲ့ မီးမိုးရွာကျယွေ့ လူအားလုံးဟို ဖျက်ဆီးလေအယ်။ 30 လူသားပေါ်ထွန်းသော နေ့ရက်နှိုက်လည်း အေးတိုင်းတိုင်း ဖြစ်လိမ့်မယ်။”
31 [d]“အေးနေ့ခါကျရင် အိုင်မိုးပေါ်မှာ ဆိသောသူဟ အိုင်ထဲတွင် ဆိလဲ့ မိမိဥစ္စာပစ္စည်းဟို ယူဖို့ မဆင်းစေနဲ့၊ အေးတိုင်းတိုင်းပင် လယ်နှိုက် ဆိသောသူဟလည်း နေအိုင်ဟို မပြန်စေနဲ့။ 32 လောတရဲ့ ပေါင်အိုမဟို အောက်မေ့ကြလော့။ 33 [e]ကိုယ့်အသက်ဟို ကယ်ဆယ်လိုသောသူဟ အသက်ဆုံးလိမ့်မယ်၊ ကိုယ့်အသက်ဟို အဆုံးခံသောသူဟ မိမိအသက်ဟို ကယ်ဆယ်လိမ့်မယ်။ 34 နင်လို့ဟို ငါပြောတာဟ အဲညတွင် အိပ်ယာတခုနှိုက် ဆိနေကြလဲ့လူနေယောက်ထဲတွင် တယောက်ဟို သိမ်းယူယွေ့ တယောက်ဟ ကျန်ရစ်လိမ့်မယ်။ 35 ကြိတ်ဆုံတူတူကြိတ်နေသော မိန်းမနေယောက်မှ တယောက်ဟို သိမ်းယူယွေ့ တယောက်ဟ ကျန်ရစ်လိမ့်မယ်။” 36 [f]
37 တဘဲ့တော်လို့ဟ “သခင်၊ ပစာအရပ်မှာ ဟေလို့ အဖြစ်အပျက်ဖြစ်ပေါ်လိမ့်မလုန်း” ဟု မေးကြအယ်။
- a မ ၁၈.၁၅
- b သန့်ဆှင်းခြင်းဟို၊ ရှု ၁၄.၁–၃၂။
- c နင်လို့အထဲတွင်၊ အဲဟာမဟုတ်ရင် နင်လို့အတွင်းတွင်၊ အဲဟာမဟုတ်ရင် နင်လို့အထဲတွင် ရုတ်တရက် ပေါ်လာလိမ့်မယ်။
- d မ ၂၄.၁၇,၁၈; မာ ၁၃.၁၅,၁၆
- e မ ၁၀.၃၉; ၁၆.၂၅; မာ ၈.၃၅; လု ၉.၂၄; ယော ၁၂.၂၅
- f တချို့ လက်ရေးမူကျမ်းများတွင် အခန်းငယ် ၃၆၊ လယ်ထဲနှိုက် အလုပ်လုပ်နေသော ယောက်ျားနေယောက်မှ တယောက်ဟို သိမ်းယူယွေ့ တယောက်ဟ ကျန်ရစ်လိမ့်မယ်၊ ဟို ထည့်ထားအယ် (ရှု မ ၂၄.၄၀)။
Languages