4 အကျောန်းမှာ ဘုရားသခင်ဟ အပစ်လုပ်လဲ့ ခေါန်းခင်တမန်များဟို မညှာတာဘဲ ငရဲထဲဟို ပစ်ချယွေ့ မိုက်ခြင်းရဲ့ သံကြိုးဖြင့် တုတ်ချေကာ[a] တရားစီရင်ခြင်း နေ့အထိ ထိန်းသိမ်းထားအယ်။ 5 ဆေ့ခေတ် ကမ္ဘာဟိုလည်း မညှာတာဘဲ အေးဘုရားတရားမဲ့သော ကမ္ဘာဟို ယေလွှမ်းမိုးစေယွေ့ ဖြောင့်မတ်ခြင်းတရားဟို ဟောပြောသော နောဧနဲ့အတူ တခြား လူခုနေဦးဟို ကယ်တင်အယ်။ 6 သောဒုံနဲ့ ဂေါမောရမြို့လို့ဟို ပစ်ဒဏ်စီရင်လျက် ပြာပုံအဖြစ်ဟို ပျက်စီးစေကာ ဘုရားတရားမဲ့ဖြစ်လာမယ့် လူလို့အတွက် နမူနာ ဖြစ်စေအယ်။ 7 အဲအခါ စောင့်စည်းမှု မဆိသော သူလို့ရဲ့ ကာမဂုဏ်လိုက်စားသော အသက်ဆှင် နေထိန်မှုကျောန့် စိတ်နှောင့်ယှက်ခံရလဲ့ ဖြောင့်မတ်သော လောတဟို ကယ်နုတ်အယ်။ 8 အကျောန်းမှာ အေးဖြောင့်မတ်သောသူဟ သူလို့ထဲနှိုက် နေထိန်ခါ သူလို့ရဲ့ တရားမဲ့သော အမှုများဟို တွေ့မျော်ကြားသိနေရယွေ့ နေ့စဉ်ရက်ဆက် သူရဲ့ ဖြောင့်မတ်သော စိတ်ဝိညာဉ်နှိုက် ရမ်းဆာ့ အနှောင့်အယှက် ဖြစ်လေအယ်။ 9 အဲကျောန့် ထာဝရဘုရားဟ ဘုရားဝတ်နှိုက် မွေ့လျော်သောသူလို့ဟို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်ရမယ်ဟို လည်းကောင်း၊ မဖြောင့်မတ်သော သူလို့ဟို တရားစီရင်ရာ နေ့ရက်နှိုက် အပစ်ဒဏ်ခံစေရန် ထိန်းသိမ်းထားရမယ်ဟို လည်းကောင်း သိအယ်။ 10 အထူးသဖြင့် ညစ်ညူးသော တက်မက်မှုအားဖြင့် သွေးသားဇာတိနောက်ဟို လိုက်ယွေ့ အုပ်စိုးခြင်းဟို မထီမဲ့မြင်ပြုသောသူလို့ဟို အေးလို့ ထိန်းသိမ်းထားလိမ့်မယ်။
17 အေးသူလို့ဟ ခန်းခြောက်သော စမ်းယေတွင်းများ၊ မုန်တိုင်းနဲ့ လွင့်ပါသွားလဲ့ မိုးချေးသားများ ဖြစ်ကြအယ်။ သူလို့အတွက် မှောင်မည်းသော မိုက်ဟို ထိန်းသိမ်းထားလျက် ဆိအယ်။ 18 အကျောန်းမှာ သူလို့ဟ အလကားကား ချဲ့ထွင်ဝါကြွားလျက် မားယွင်းခြင်းနှိုက် အသက်ဆှင်နေထိန်သော သူလို့ထဲမှ လွတ်မြောက်ခါစ ဆိသော သူလို့ဟို သွေးသားဇာတိရဲ့ တပ်မက်ခြင်းနဲ့ ကာမဂုဏ်လိုက်စားခြင်းလို့ဖြင့် လှည့်စားဆွဲဆောင်ကြအယ်။ 19 သူလို့ဟ အေးသူလို့အား လွတ်လပ်မှုဟို ပေးမယ်လို့ ကတိပေးလျက်နဲ့ သူလို့တတ်တိုင်းဟ ပျက်စီးခြင်းရဲ့ ကျေးကျွန်များ ဖြစ်ကြအယ်။ အကျောန်းမှာ လူဟ တစုံတခုရဲ့ အနိန်ယူ စိုးမိုးခြင်းဟို ခံရရင် အေးအရာရဲ့ ကျေးကျွန် ဖြစ်အယ်။ 20 ငါလို့ သခင်နဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ဟို သိခြင်းအားဖြင့် လောကီညစ်ညူးခြင်းမှ လွတ်မြောက်ကြပင်းနောက် အေးအရာများနဲ့ တခါ ပတ်သက်ငြိတွယ်လျက် အနိန်ယူ စိုးမိုးခြင်းဟို ခံရရင် သူလို့ရဲ့ နောက်ဖြစ်အင်ဟ ဆေ့ဖြစ်အင်ထက် ပိုဆိုးအယ်။ 21 အကျောန်းမှာ ဖြောင့်မတ်ခြင်းလမ်းဟို သိလျက်နဲ့ မိမိလို့ဆေ ပေးအပ်ထားလဲ့ သန့်ဆှင်းသော ပညတ်တော်ဟို ကျောခိုင်းတာထက် ၎င်းဟို မသိခဲ့ရင် သူလို့အတွက် ပိုပင်း ကောင်းအယ်။ 22 “ခွေးဟ မိမိအန်ဖက်ဟို ပြန်စားတတ်အယ်။ ရေချိုးပင်းသော ဝက်ဟ ရွှံ့တွင် ပြန်လူးတတ်အယ်” ဟူသော မန်ကန်လဲ့ ဆိုရိုးစကားအတိုင်း အေးသူလို့နှိုက် ဖြစ်ပျက်လေပီ။
<- ၂ ပေတရု 1၂ ပေတရု 3 ->- a မိုက်ခြင်းရဲ့ သံကြိုးဖြင့် တုတ်ချေကာ၊ တချို့ လက်ရေးမူကျမ်းတွင် မိုက်တွင်းထဲမှာ၊ ဟု ပါဆိအယ်။
Languages