8 အဲလိုလဲ ချစ်သောသူလို့ ထာဝရဘုရားအတွက် နေ့ရက်တရက်ဟ အနှစ်တထောင်လိုမျိုး လည်းကောင်း၊ အနှစ်တထောင်ဟ နေ့ရက်တရက်လိုမျိုး လည်းကောင်း ဖြစ်အယ်ဟူသော အချက်တခုဟို မမေ့လျော့ကြနဲ့။ 9 နှောင့်နှေးတာဟု အချို့လို့ဟ မှတ်ယူသလိုမျိုး ထာဝရဘုရားဟ ကတိတော်ဟို နှောင့်နှေးစေတာ မဟုတ်။ စသူမျှ မပျက်စီးဘဲ လူတိုင်း နောင်တရစေရန် အလိုတော် ဆိယွေ့ နင်လို့အပေါ် စိတ်ဆှည်သည်းခံလျက် နေခြင်းသာ ဖြစ်အယ်။
10 [b]အဲလိုလဲ သခင်ဘုရားရဲ့ နေ့ရက်ဟ သူခိုးလာသလိုမျိုး ရောက်လာလိမ့်မယ်။ အဲနေ့ရက်နှိုက် ခေါန်းခင်ဟ ကျယ်လောင်သော အသံဖြင့် ကွယ်ပျောက်သွားယွေ့ လောကဓာတ်လို့ဟ ပြင်းထန်သော အပူရှိန်ဖြင့် ပျက်သုဉ်း[c]သွားလိမ့်မယ်။ မြေကြီးမှစယွေ့ ၎င်းပေါ်နှိုက် ပြုလုပ်သော အရာလို့ဟလည်း လောင်ကျွမ်းလိမ့်မယ်။ 11 အေးအရာအားလုံးလို့ဟ အေးလို့ ပျက်သုဉ်းသွားမယ် ဖြစ်သောကျောန့် နင်လို့ဟ စလိုသောသူများ ဖြစ်သင့်လုန်း။ နင်လို့ဟ သန့်ဆှင်းစွာ အသက်ဆှင်နေထိန်လျက် ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းအားဖြင့်၊ 12 သခင်ဘုရားရဲ့ နေ့ရက်ဟို စောင့်မျှော်ယွေ့ အေးနေ့ရက်ရဲ့ ရောက်ဆိလာခြင်းဟို လျင်မြန်စေသင့်အယ်။ အေးနေ့နှိုက် ခေါန်းခင်ဟ လောင်မြိုက်ခြင်းဟို ခံရလျက် ပျက်သုဉ်းသွားလိမ့်မယ်။ လောကဓာတ်လို့ဟလည်း ပြင်းထန်သော အရှိန်ဖြင့် အရည်ပျော်သွားကြလိမ့်မယ်။ 13 [d]အဲလိုလဲ ငါလို့ဟ ဘုရားသခင်ရဲ့ ကတိတော်အတိုင်း ဖြောင့်မတ်ခြင်းတရား ကိန်းဝပ်ရာ ခေါန်းခင်သစ်နဲ့ မြေကြီးသစ်ဟို စောင့်မျှော်နေကြအယ်။
14 အေးလို့မို့ ချစ်သောမိတ်ဆွေလို့၊ နင်လို့ဟ အေးအရာများဟို စောင့်မျှော်နေကြတာဖြစ်ယွေ့ အစွန်းအထင်းကင်းလျက် အပစ်တင်စရာ မဆိသောသူအဖြစ် ကိုယ်တော် ဆေ့တော်ဟို ငြိမ်းချမ်းစွာ ရောက်ဆိနိန်ရန် ကြိုးစားကြလော့။ 15 ငါလို့ချစ်သော ညီအကို ပေါလုဟလည်း သူနှိုက် ပေးအပ်ထားသော ဉာဏ်ပညာနဲ့အညီ နင်လို့ဆေ ရေးလိုက်လဲ့အတိုင်း ငါလို့ သခင် ဘုရားရဲ့ စိတ်ဆှည်ခြင်းဟ ကယ်တင်ခြင်းအတွက် ဖြစ်အယ်ဟု မှတ်ယူကြလော့။ 16 သူဟ တခြားစာအားလုံးတွင်လည်း ဟေအကျောန်းအရာများနဲ့ ပတ်သက်ယွေ့ ပြောထားအယ်။ အေးစာများထဲတွင် နားလည်ရန်ခက်ခဲသောအရာ တချို့ဆိအယ်။ အသိပညာမဲ့ယွေ့ မတည်ကြည်သော သူလို့ဟ အခြားသော ကျမ်းစာများ အပေါ်နှိုက်လည်း လုပ်သလိုမျိုး အေးစာရဲ့ အနက်ဟို လိုရာဆွဲယွေ့ မိမိလို့ကိုယ်ဟို ပျက်စီးခြင်းဟို ရောက်စေကြအယ်။
17 အေးလိုမို့ ချစ်သောသူလို့၊ ဟေအရာလို့ဟို နင်လို့သိထားခဲ့ပီဖြစ်ယွေ့ စောင့်စည်းမှု မဆိသော သူလို့ရဲ့ မားယွင်းခြင်းသို့ လိုက်ပါသွားလျက် မိမိလို့ရဲ့ တည်ကြည်မှုဟို မဆုံးရှုံးစေရန် မိမိကိုယ်ဟို စောင့်ထိန်းကြလော့။ 18 ငါလို့ သခင်ဘုရားနဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်နှိုက် လည်းကောင်း၊ ကိုယ်တော်ဟို သိသောဉာဏ်နှိုက် လည်းကောင်း ကြီးထွားကြလော့။ အခုမှစပင်း ထာဝရ နေ့ရက်ကာလတိုင်အောန် ကိုယ်တော်နှိုက် ဘုန်းအသရေ ဆိပါစေသော။ အာမင်။
<- ၂ ပေတရု 2
Languages