၂ ပေတရု ပေတရုဆေမှ ဒုတိယပေးစာ နိဒါန်း ပေတရုဆေမှ ဒုတိယပေးစာ တွင် တမန်တော် ပေတရုဟ ရေးထားတာဟု ဖော်ပြထားသော်လည်း ခုနေ့ ခေတ်ပညာဆှင် အမြောက်အမြားဟ ၎င်းသည် မန်ကန်တာဟု မထင်ကြပေ။ ပေတရုကိုယ်စား တစုံတယောက်ဟ ရေးခဲ့တာ ဖြစ်နိန်အယ်။ စာရေးဆရာဟ သူသည် ယေရှုရဲ့ အသက်တာနဲ့ အထူးသဖြင့် အသွင်ပြောင်းခြင်းအတွက် မျက်မြင်သက်သေ ဖြစ်အယ် (၁.၁၇–၁၈)။ ပေတရုဟ အေးစာဟို ရေးခဲ့မယ်ဆိုရင် မသေဆုံးခင် ခရစ်တော် မွေးဖွားပင်း ၆၅–၆၉ ခုနှစ်ကြားတွင် ရောမမြို့တွင် ရေးခဲ့ဖွယ် ဆိအယ်။ ပေတရုဟ ပေတရု ပထမပေးစာရဲ့ စာပင်းနောက် ရေးသားလဲ့ ရက်စွဲဟို ၎င်းရဲ့ ဒုတိယစာ (၃.၁) ဟု လည်းခေါ်ဆိုအယ်။ သူဟ ခရစ်ယာန် အားလုံးဆေ လိပ်မူပင်း စာတစောင် ပေးပို့ခဲ့အယ်။ ပေတရုဟ ယုံကြည်သူများအား ကောင်းမွန်သော အသက်တာနေထိန်ရန် အားပေးရန်နဲ့ မားယွင်းသော ဆရာများနောက်ဟို မလိုက်ရန် သတိပေးရန်အတွက် ဟေစာဟို ရေးခဲ့အယ် (၂)။ ယေရှု ပြန်လာဖို့ အရမ်းကြာနေပီလို့ ပြောသူတွေကို လျစ်လျူရှုဖို့ သူလို့ဟို အားပေးခဲ့တယ်။ အေးအစား ဘုရားသခင်ဟ နှေးတာ မဟုတ်ပေမဲ့လည်း လူတိုင်းကို ကယ်တင်ခြင်းဟို ရောက်စေလိုအယ် (၃.၈–၉) ဟု ထောက်ပြခဲ့အယ်။ အေးစာဟ ကောင်းမွန်သော ဖဝါ့နေထိန်ရန် အကျောန်းတရား ဖြစ်အယ် (၃.၁၄)။ အကျောန်းအရာ အကျဉ်းချုပ် ၁။ ပေတရုဟ သူ့ကိုယ်သူ မိတ်ဆက်ပင်း သူ့စာဖတ်သူတွေဟို လိပ်မူအယ် (၁.၁–၂) ၂။ အဲပင်းရင်၊ ဘုရားသခင်ဟ ငါနိန်အား ပေးစွမ်းနိန်သောကျောန့် ကောင်းသော အသက်တာ နေထိန်ရန် သူလို့ဟို သတိပေးထားအယ် (၁.၃–၂၁) ၃။ အဲပင်းနောက်၊ မားသောဆရာလို့ဟို သတိပေးပင်း အဆုံးတွင် မားသောဆရာများ စလို ဖြစ်လာမယ်ဟို ပြောအယ် (၂.၁–၂၂) ၄။ အဲပင်းရင်၊ ပေတရုဟ သခင်ယေရှုရဲ့ ဒုတိယအကြိမ် ကြွလာမှုအတွက် ပြင်ဆင်ရန် ယုံကြည်သူများအား ကောင်းသော အသက်တာနေထိန်ရန် အားပေးခြင်းဖြင့် အပီးသတ်အယ် (၃.၁–၁၇)
10 အေးကျောန့် ညီအကို မောင်နှမလို့၊ နင်လို့ခံရသော ခေါ်ယူခြင်းနဲ့ ရွေးချယ်ခြင်းဟို တည်မြဲစေရန် ပိုပင်း ကြိုးစားကြလော့။ အကျောန်းမှာ အေးလို့ လုပ်နေသရွေ့ နင်လို့ဟ ပစာအခါမှ မားယွင်းကြမယ် မဟုတ်[b]။ 11 အေးနည်းတူ ငါလို့ သခင်နဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ရဲ့ ထာဝရ နိုင်ငံတော်ထဲဟို ဝင်နိန်ရန် အခွင့်အရေး အပြေ့အဝဟို နင်လို့ ရဆိကြလိမ့်မယ်။
12 အေးကျောန့် နင်လို့ဟ ဟေအကျောန်းအရာများဟို သိဆိကြယွေ့ နင်လို့တွင် ဆိသော သမ္မာတရားနှိုက် ခိုင်ခံ့မြဲမြံကြပီ ဖြစ်သော်လည်း ၎င်းလို့နဲ့ ပတ်သက်ယွေ့ နင်လို့ဟို အစဉ် သတိပေးနှိုးဆော်ရန် ငါကြံရွယ်ထားအယ်။ 13 ဟေခန္ဓာတဲနှိုက် ငါအသက်ဆှင်နေသမျှ ကာလပတ်လုံး အေးလို့ သတိပေးနှိုးဆော်ခြင်း အားဖြင့် နင်လို့ဟို နိုးကြားတက်ကြွ စေသင့်အယ်ဟု ငါ မှတ်ယူထားအယ်။ 14 ပစာကို့ ငါလို့ သခင် ယေရှု ခရစ်တော်ဟလည်း ငါ့အား ဖော်ပြလဲ့အတိုင်း ငါရဲ့ ခန္ဓာတဲဟို မကြာခင် ချွတ်ပယ်ရမယ် ဖြစ်ကျောန်း ငါသိအယ်။ 15 ဟေလောကမှ ငါထွက်ခွာသွားပင်း နောက်တွင်လည်း ဟေအကျောန်းအရာများဟို နင်လို့ အစဉ်အမြဲ သတိရစေရန် ငါကြိုးစားမယ်။
19 အေးအပြင် ငါလို့နှိုက် ပိုပင်း ခိုင်လုံသော ပရောဖက်လို့ရဲ့ စကားလည်း ဆိအယ်။ နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် အရုဏ်တက်ယွေ့ မိုးသောက်ကြယ် ပေါ်ထွက်လာလဲ့တိုင်အောန် နင်လို့ဟ အေးစကားဟို မိုက်သော အရပ်နှိုက် ထွန်းလင်းနေလဲ့ ဆီမီးသဖွယ် ကောင်းစွာ အာရုံစိုက်သင့်အယ်။ 20 ကျမ်းစာနှိုက်ပါသော ပရောဖက်လို့ရဲ့ ဟောပြောချက် အားလုံးဟ လူတဦးတယောက်ရဲ့ ကိုယ်ပိုင် အနက်ဖွင့်ဆိုချက် မဟုတ်ကျောန်း ဦးစွာသိမှတ်ရမယ်။ 21 အကျောန်းမှာ ပရောက်ဖက်လို့ရဲ့ ဟောပြောချက်ဟ ပစာအခါမှ လူရဲ့ အလိုဆန္ဒအရ ဖြစ်ပေါ်လာတာ မဟုတ်။ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ နှိုးဆော်ခြင်းဟို ခံရသောသူလို့ဟ ဘုရားသခင်ဆေမှ လာသော စကားဟို ဟောပြောကြခြင်း ဖြစ်အယ်။
၂ ပေတရု 2 ->
Languages