4 အယ်လူလေဟှာ မ္လေဂီးရဲ့ သခင်ရှေ့မာ ရှိဟှူ သံလွင်ပန်နှေ့ပန်န ဆီမီးခွပ် နှေ့လောင်းဖြစ်ဂေ့ဟှယ်။ 5 တယော့‑က်ယော့‑က်ဟှာ သူးနို့ဟှို ညှဉ်းဆဲပေးဟှို့ လောက်ဟှယ် ဆိုဟှာ သူးနို့ရဲ့ ဇပ်ပေါ့‑က်ထဲဟှ မီးထွတ်လာဘီးဟှာ သူးနို့ရဲ့ ရန်သူလေဟှို လောန်စေဟှယ်။ တယော့‑က်ယော့‑က်ဟှ သူးနို့ဟှို ညှဉ်းဆဲဟှယ် ဆိုဟှာ သေသတ်ဇာဟှို ခံရမယ်။ 6 သူးနို့ ပရောဖက်ပြုဘီး ဟောပြောဟှူ နေ့ရစ်လေမာ မိုးဝါဘဲဟှို့တွပ် ကောန်းဂန်ဟှို ပိဟှားနိုင်ဟှူ ခွမ့်ရှိဘီး ရေဟှို သွီးမျိုး ဖြစ်ဟှို့တွပ် ပ္လောန်းလဲနိုင်ဟှို့ ခွမ့်ရဘီး သူးနို့လိုရှင်ဟှူ ခီတိုင်း မ္လေဂီးဟှို ဘေးဒန်ဘောန်းဇောင်န ဒန်ခတ်နိုင်ဟှူ ခွမ့်လေရှိဂေ့ဟှယ်။
7 [b]သူးနို့လေဟှာ သတ်သေခံဘီးန နတ်ဆောင်းတွမ်းထဲဟှ တတ်လာဟှူ သားရဲလိဆန်ဟှာ သူးနို့န စစ်တိုက်ဟှူကြောန့် အောန်မြင်ဘီး သူးနို့ဟှို သတ်လေ့မယ်။ 8 သူးနို့ရဲ့ လောန်းလေဟှာ ဗြို့ဂီးလေရဲ့ လမ်းမထတ်မာ ကျန်ရစ်ဂေ့လေ့မယ်။ အယ်ဗြို့ဟာ သူးနို့ရဲ့ သခင်ဟှို လက်ဝါးကပ်တိုင်ထတ်မာ တန်ဘီးသတ်ခံရဟှူဗြို့ ဖြစ်ဟှယ်။ အယ်ဗြို့ဟှာ သောဒုံန အဲဂုတ္တုပြည်ဟှို ပေါန်ဆောန်ဟှားဟှူ ဗြို့ဖြစ်ဟှယ်။ 9 အယ်ခီမာ လူမျိုးနွယ်စုလေ၊ ဘာသာစကား ဘောန်းဇောင်ပြောဟှူ လူမျိုးလေန၊ တိုင်းနိုင်ငံ ဂူလောင်းဟှ လူလေဟှာ သူးနို့ရဲ့ လောန်းဟှို သောင်းရစ်ခွဲ လောင်းလောင်း ကေ့ဂေ့ဘီးဟှာ အယ်လောန်းလေဟှို သန်းခ္လိုင်းမာ သင်္ဂြိုဟ်ခွမ့် ပေးဘဲန နေဂေ့လေ့မယ်။ 10 မ္လေဂီးထတ်မာ နေဂေ့ဟှူ သူလေဟှာ အယ်လူလေရဲ့ ဖျစ်ပျစ်ကြောန့် ဝန်းသာဂေ့ဘီး၊ ပျော်ဂေ့ဘီးဟှား ယော့‑က်နယော့‑က် လတ်ဆောန်လေဟှို ပို့ပေးဂေ့လေ့မယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်ပရောဖက် နှေ့ယော့‑က်ဟှာ မ္လေဂီးထတ်မာ နေဂေ့ဒူးဟှ သူးနို့လေဟှို ညှဉ်းဆဲဟှားကြောန့် ဖြစ်ဟှယ်။ 11 အယ်ဘီးန သောင်းရစ်ခွဲ ကြာဟှားဟှူ ခီမာ ဘုရားသခင်နားဟှ သတ်ဝိညာဉ်ဟှာ အယ်သူလေထဲဟှို ဝမ်ဟှားဘီး သူးနို့ဟှာ ထဘီးဟှာ မတ်တတ်ရပ်ဂေ့ဟှယ်။ အယ်လူလေဟှို ဗြင်ရဟှူ သူလေဟှာ ရရာတိုင်း ကြော့‑က်ဂေ့ဟှယ်။ 12 အယ်ခီမာ ကောန်းဂန်ဟှ ရရာတိုင်း ကီးဟှူ သံဟှာ “အယ်နေရာဟှို တတ်လာဂေ့ပါ” ဆိုဘီး အယ်လူ နှေ့ယော့‑က်ဟှို ပြောဇာဟှူ ကြားဟှူ ခီမာ သူးနို့ဟှာ မိုးတီန ကောန်းဂန်ဘောင်ဟှို တတ်ဟှားဂေ့ဟှယ်။ သူးနို့ရဲ့ ရန်သူလေဟှာ သူးနို့ဟှို ကေ့နေဂေ့ဟှယ်။ 13 [c]အယ်ခီနာရီမာဘဲ ရရာတိုင်း ကြမ်းဟှူ မ္လေဂီးလှောက်ဟှူ ခီမာ ဗြို့ဆယ်ပေါင် တပေါင်ဟှာ ပြိုက္လဟှားဟှယ်။ အယ်မျိုး မ္လေဂီလှောက်ရှင်းကြောန့် လူ ၇,၀၀၀ သေဂေ့ဟှယ်။ ကျန်ရစ်ဟှူ သူလေဟှာ ရရာတိုင်း ကြော့‑က်ဘီး ကောန်းဂန်ဘောင်ဟှ ဘုရားသခင်ရဲ့ နာမတော်န ဂေါင်တော်ဟှို ချီးမွမ်းဂေ့ဟှယ်။
14 ဒုတိယ အမင်္ဂလာ လွန်ဟှားဘီ။ တတိယ အမင်္ဂလာ ဗြန်းဗြန်ဟှား ရော့‑က်လာလေ့မယ်။
19 [d]အယ်ဘီးန ကောန်းဂန်ဘောင်မာ ရှိဟှူ ဘုရားသခင်ရဲ့ ဗိမာန်တော်ဟှာ ပွမ့်ဟှားဘီး ဗိမာန်တော်ထဲမာ ကိုယ်တော်ရဲ့ ပဋိညာဉ် သစ်တာဟှို ဗြင်ရဟှယ်။ လန့်စစ်ဖ္လတ်ဇာ၊ သံဗြယ်ဇာ၊ မိုးချောင်းဇာ၊ မ္လေဂီးလှောက်ဇာန ရရာတိုင်း ကီးဟှူ မီုးသီးက္လဇာလေ ဖြစ်လေဟှယ်။
<- ဗျာဒိတ်တော် 10ဗျာဒိတ်တော် 12 ->
Languages