5 အယ်ခီမာ ပန်လယ်န ကူးထတ်မာ ရပ်နေဟှူဇာဟှို ငါဗြင်ရဟှူ ကောန်းဂန်တမန်ဟှ သူ့ရဲ့ ညာလတ်ဟှို ကောန်းဂန်ဟှို မ္လောက်ဘီး၊ 6 ကမ္ဘာဆစ်ဆစ် သတ်ရှင်ဘီး ကောန်းဂန်န ကောန်းဂန်မာ ရှိဟှူဇာလေဟှိုရော၊ မ္လေဂီးန မ္လေဂီးမာရှိဟှူ ဇာလေဟှိုရော ဖန်ဆင်းဟှူ သခင်ဟှို တိုင်တယ်ဘီး “ခီကာလဟှာ ကြာဟှို့ မှုဘီ။ 7 သတ္တမ ကောန်းဂန်တမန် မှုရဟှို့ တံပိုးမှုသံဗြယ်ဟှူ နေ့ရစ်ကာလမာ ဘုရားသခင်ရဲ့ နတ်နဲဟှူဇာဟှာ သူ့ရဲ့ စေခံ ပရောဖက်လေဟှို ပြောဟှားဟှူ ဒန်းကောန်းတိုင်းဘဲ့ ပီးဟှားလေ့မယ်” ဆိုဘီး ပြောဟှယ်။
8 အယ်ဘီးန ငါကြားရဟှူ ကောန်းဂန်ဟှ သံဟှ “ပန်လယ်န ကူးထတ်မာ ရပ်နေဟှူ ကောန်းဂန်တမန်ရဲ့ လတ်မာရှိဘီး ဖွမ့်ဟှားဟှူ စာစောန်ဟှို သွားယူလိုက်” ဆိုဘီး ငါ့ဟှို ပ္လန်ဘီးပြောဟှယ်။
9 အယ်ကြောန့် ငါဟှာ ကောန်းဂန်တမန်နားဟှို သွားဘီး စာစောန်ငယ်ဟှို ငါ့ဟှို ပေးဟှို့တွပ် တောန်းလိုက်ဟှူ ခီမာ သူဟှ “စာစောန်ဟှို ယူဘီး စားလိုက်ပါ။ အယ်ဇာဟှာ နန့်ရဲ့ ဝန်းထဲမာ ခါးဘေမဲ့ နန့်ရဲ့ ဇပ်ပေါ့‑က်ထဲမာ ပျားရယ်မျိုး ရှိုလေ့မယ်” ဆိုဘီး ငါ့ဟှို ပြောဟှယ်။
10 ငါဟှလည်း ကောန်းဂန်တမန်ရဲ့ လတ်ဟှ စာစောန်ငယ်ဟှို ယူဘီး စားလိုက်ဟှူ ခီမာ ငါ့ရဲ့ ဇပ်ပေါ့‑က်ထဲမာ ပျားရယ်မျိုးရှိုဘေမဲ့ စားဘီးန ငါ့ရဲ့ဝန်းထဲမာ ခါးလေဟှယ်။
11 အယ်ခီမာ နန်ဟှာ ရရာတိုင်း များဟှူလူမျိုး၊ တိုင်းနိုင်ငံလေ၊ ဘာသာစကား ဘောန်းဇောင်ပြောဟှူ လူမျိုးလေ၊ မန်းဂီးလေန ပတ်သတ်ဘီး နော့‑က်ထပ် ပရောဖက်ပြုဘီး ဟောပြောရမယ် ဆိုဘီး ငါဟှို ပြောလေဟှယ်။
<- ဗျာဒိတ်တော် 9ဗျာဒိတ်တော် 11 ->
Languages