1 အယ်ခီမာ ကဲသာမန်းဂီး ဩဂုတ္တုဟှာ ရောမအင်ပါယာ တခုလောင်းဟှို သန်းဂေါန်စာရင်း ကော့‑က်စေဟှို့ မိန့်ပေးလိုက်ဟှယ်။ 2 ကုရေနိဟှာ ရှုရိပြည်မာ ဗြို့ဝန်ဖြစ်ခီမာ အယ်သန်းဂေါန်စာရင်း ကော့‑က်ဇာဟှာ ဦးဆောင်း ဖြစ်ဟှယ်။ 3 အယ်ဘီးန လူတိုင်းဟှာ ကိုယ်တိုင် သန်းဂေါန်စာရင်းဝမ်ဟှို့ သူးနို့ရဲ့ ဇာတိဗြို့ဟှို သွားဂေ့ဟှယ်။
4 ယောသပ်ဟှာ ဂါလိလဲပြည် နာဇရက်ဗြို့ဟှနေ ဒါဝိဒ်မန်းရဲ့ ရှစ်မ္လောက်နေရာဖြစ်ဟှူ ယုဒပြည် ဗက်လင်ဗြို့ဟှို သွားဟှယ်။ ယောသပ်ဟှာ ဒါဝိဒ်ရဲ့ မ္လေးမ္လစ်ဖြစ်ကြောန့် အယ်နေရာဟှို သွားရဟှယ်။ 5 သူဟှာ လတ်ထပ်ဟှို့ စေ့စပ်ဟှားဟှူ မာရိနတူးဒူ သန်းဂေါန်စာရင်းဝမ်ဟှို့ သွားဟှူ ခီမာ မာရိဟှာ ဝန်းရှင်မ ဖြစ်နေဘီး၊ 6 သူးနို့ဟှာ ဗက်လင်ဗြို့မာ ရှိနေဒူးမာ သားမွီးခီ ရော့‑က်လာဟှယ်။ 7 သူဟှာ သားဦးဟှို မွီးဘီး ဝတ်န ပတ်ဘီးဟှာ တည်းခိုဟှူ နေရာမာ သူးနို့တွပ် ခန်းမှေ့ဘဲကြောန့် သားဂန်းဟှားဟှို နွားစားခွပ်ထဲမာ အိခိုင်းဟှားဟှယ်။
13 ရောက်တရစ် ကောန်းဂန်ဘောင်ရဲ့ ကောန်းဂန်တမန်နတူးဒူ ကောန်းဂန်ဗိုလ်ခေ ဘောင်ဂီးဟှာ ရှစ်ရှင်းထန်ရှားဘီး ဘုရားသခင်ဟှို
15 ကောန်းဂန်တမန်လေဟှာ သူးနို့နားဟှနေ ကောန်းဂန်ဘောင်ဟှို ပ္လန်ဟှားခီမာ သိုးထီးမားလေဟှာ ယော့‑က်နယော့‑က် “ဗက်လင်ဗြို့ဟှို သွားဘီး ဘုရားသခင်ဟှာ နို့လေဟှို ပြောပြဟှူ ကြောန်းရာလေဟှို ကေ့ကေ့ရအောန်” ဆိုဘီး ပြောလေဟှယ်။
16 အယ်ကြောန့် သူးနို့ဟှာ ဗြန်းဗြန်ဟှားသွားဘီးန မာရိန ယောသပ်ဟှိုရော၊ နွားစားခွပ်ထဲမာ အိနေဟှူ သားဂန်းဟှားဟှိုရော တွိရဟှယ်။ 17 သိုးထီးမားလေဟှာ သားဂန်းဟှားဟှို တွိဟှူ ခီမာ သူးနို့ဟှို ကောန်းဂန်တမန်ဟှ သားဂန်းဟှားကြောန်းဟှို ဖယ်မျိုးပြောဟှားဟှယ် ဆိုဇာဟှို သူးနို့ဟှို ပြောပြဟှယ်။ 18 သိုးထီးမားလေပြောဟှူ စကားဟှို ကြားဟှူလူလေ ဂူလောင်းဟှာ အံ့ဩဟှားဂေ့ဟှယ်။ 19 မာရိဟှာ ကြောန်းရာလေ ဂူလောင်းဟှို အော့‑က်မေ့လာဘီး အယ်စကားလေဟှို လေးလေးနတ်နတ် စိထဲမာ ဆင်ခြင်နေလေဟှယ်။ 20 သိုးထီးမားလေဟှာ သူးနို့ဟှို ကောန်းဂန်တမန် ပြောဟှားတိုင်း သူးနို့ဗြင်ရ ကြားရဇာလေ ဂူလောင်းတွပ် ဘုရားသခင်ဟှို ချီးမွမ်းချင်းဆိုဘီး ပ္လန်ဟှားဂေ့ဟှယ်။
25 အယ်ခီမာ ယေရုရှလင်ဗြို့မာနေဟှူ ရှုမောင်နာမယ်ရှိဟှူ လူတယော့‑က်ရှိဟှယ်။ သူဟှာ ဖြောန့်မတ်ဟှူလူ၊ ဘုရားသခင်ဟှို ကြော့‑က်ဟှူလူန ဣသရေလလူမျိုးဟှို ကူညီဟှို့တွပ် စောန့်နေဟှူ လူဖြစ်ဟှယ်။ သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ သူ့နတူးဒူရှိဘီး 26 သူဟှာ ဘုရားသခင်ရဲ့ ဂဒိပေးဟှားဟှူ မေရှိယဟှို သူဗြင်လိုက်ရဘဲန သေရလေ့ဟှို့ မှုဟှ ဆိုဘီး သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ သူ့ဟှို ဖွမ့်ပြဟှားဟှယ်။ 27 ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် ရှုမောင်ဟှာ ဗိမာန်တော်ထဲဟှို ဝမ်ဟှားဟှယ်။ မိဖလေဟှာ ပညတ်တရားတိုင်း သူ့တွပ်လောက်ဟှို့ သားဂန်းဟှား ယေရှုဟှို ဗိမာန်တော်ထဲဟှို ခေါ်ဟှားခီမာ 28 ရှုမောင်ဟှာ သားဂန်းဟှားဟှို သူ့ရဲ့ လတ်ထဲမာယူဘီး၊ ဘုရားသခင်ဟှို ချီးမွမ်းဘီး၊
33 သားဂန်းဟှားရဲ့ မိန ဖဟှာ သားဂန်းကြောန်းလေဟှို ရှုမောင် ပြောလိုက်ဟှူ ခီမာ အံ့ဩဟှားဂေ့ဟှယ်။ 34 ရှုမောင်ဟှာ သူးနို့ဟှို ကောန်းဂျီးပေးဘီးန သူ့ရဲ့မိ မာရိဟှို “အယ်သားဂန်းဟှားဟှာ ဣသရေလလူမျိုး ဘောင်ဂီးဟှို လဲက္လဟှို့န ထမြော့‑က်ဟှို့တွပ် ဘုရားသခင် ဝီးကော့‑က်ဟှားဇာ ဖြစ်ဟှယ်။ သူဟှာ ဘုရားသခင်နားဟှ နိမိတ်လတ်ခဏာ တခုဖြစ်ဘီး လူဘောင်ဂီးဟှာ ဆန့်ကျင်ပြောလေ့မယ် 35 အယ်ကြောန့် သူးနို့ရဲ့ လျှို့ဝှပ်ဟှားဟှူ ကြံစည်လေဟှို ဖွမ့်ပြလေ့မယ်။ ဝန်းနဲမှုဟှာ ထတ်ဟှူ သန်လျက်မျိုးဘဲ့ နန့်ရဲ့ စိနှလောင်းဟှို ထိုးဖော့‑က်လေ့မယ်” ဆိုဘီး ပြောလေဟှယ်။
36 အယ်နေရာမာ အာရှာမျိုးဖြစ်ဟှူ ဖနွေလရဲ့မီး၊ အန္နနာမယ်ရှိဘီး သတ်ကီးဟှူ ပရောဖက်မ တယော့‑က် ရှိဟှယ်။ သူဟှာ ပျိုရွယ်ဟှူ ခီဟှစဘီး လန်နတူးဒူ ခွန်နစ်နှစ်ဘဲ့ ပေါန်းသန်းရဘီး 37 ခု သတ် ၈၄ နှစ်ရွယ် မောက်ဆိုးမ ဖြစ်ဟှားဘီ။[b] သူဟှာ ဗိမာန်တော်ဟှနေ လောင်းဝ ခွာဘဲန သူဟှာ ဆုတောန်းရှင်းန စာရှောန်ရှင်းအားဖြင့် နေ့ညဉ့်မပြတ် ဘုရားသခင်ဟှို ကိုးကွယ်လေဟှယ်။ 38 အယ်ခီနာရီမာဘဲ့ သူဟှာ ရော့‑က်လာဘီးန ဘုရားသခင်ဟှို ချီးမွမ်းဘီးဟှာ ယေရုရှလင်ဗြို့ လွတ်မြော့‑က်ဟှို့တွပ် ဘုရားသခင်ဟှို စောန့်နေဟှူ လူလေဂူလောင်းဟှို သားဂန်းဟှားကြောန်း ပြောလိုက်ဟှယ်။
49 ကောန်သားဟှားဟှ “ဖြားဖြစ်ကြောန့် နို့မိဟှ နို့ဟှို လိုက်ရှာနေရနူး။ နို့ဟှ နို့ဖရဲ့ အီမာရှိနေဇာဟှို နို့မိ သိဟှလော။” ဆိုဘီး သူးနို့ဟှို ပ္လန်ပြောလေဟှယ်။ 50 အယ်ဘေမဲ့ သူးနို့ဟှာ ကောန်သားဟှားရဲ့ စကားဟှို နားလည်ဂေ့ဟှ။
51 အယ်ကြောန့် ယေရှုဟှာ သူးနို့နတူးဒူ နာဇရက်ဗြို့ဟှို ပ္လန်လိုက်ဟှားဘီး အယ်နေရာမာ သူဟှာ သူးနို့စကားဟှို နားထောန်ဘီးနေဟှယ်။ ကောန်သားဟှားရဲ့ မိခင်ဟှာ အယ်ဖြစ်ပျစ်ဇာလေ ဂူလောင်းဟှို စိနှလောင်းထဲမာ သီးဟှားဟှယ်။ 52 ယေရှုဟှာ ကာယညာဏ ကီးဒတ်လာဘီး ဘုရားသခင်ရှေ့န လူလေရှေ့မာ မျစ်နှာသာရလေဟှယ်။
<- လုကာ 1လုကာ 3 ->
Languages