လုကာ လုကာ ရေးဟှားဟှူ ခရစ်တော်ရဲ့ ဒန်းကောန်း နိဒါန်း လုကာ ရေးဟှားဟှူ ခရစ်တော်ရဲ့ ဒန်းကောန်းဟှာ ယေရှုခရစ်တော်ရဲ့ သတ်တော်စဉ်ဟှို ဖော်ပြဟှားဟှူ ဓမ္မသစ်ကျမ်းထဲမာ ကျမ်းလေးစောန်ထဲဟှ တစောန်ဖြစ်ဟှယ်။ အယ်ကျမ်းတစောန်စီဟှို “ဧဝံဂေလိ” ဆိုဘီး ခေါ်ဟှယ်။ “ဒန်းကောန်း” ဆိုဘီး ဓိပါယ်ရဟှယ်။ ယေရှုသေဆောင်းဘီးန အယ်ကျမ်းလေဟှို မဿဲ၊ မာကု၊ လုကာန ယောဟန်ဟှ ရေးဟှားဟှယ်။ လုကာဟှာ ယေရှုရဲ့ သတ်တော်စဉ်ကြောန်းဟှို ရေးဟှားရုံမျှမှုဘဲ သူဟှာ ကိုယ်တော်ရဲ့ သေဆောင်းဇာန ထမြော့‑က်ဘီးန ယေရှုရဲ့ တဗဲ့တော်လေ လောက်ဆောန်ဟှားဟှူ ကြောန်းရာလေဟှိုလည်း ရေးဟှားသေးဟှယ်။ အယ်ကျမ်းဟှို တမန်တော်လေရဲ့ လောက်ဆောန်မှုကျမ်း ဆိုဘီး ခေါ်ဟှယ်။ လုကာရေးဟှားဟှူ ဒန်းကောန်းဟှာ ရေးဟှားဟှူ ခီနာရီတိက္လန နေရာဟှို ဖယ်လူလည်း သိဂေ့ဟှ။ အယ်ဘေမဲ့ အယ်ကျမ်းဟှာ ခရစ်တော် မွီးဘီးန ၇၀ ခုနှစ်လော့‑က်ဟှ ရေးဟှားဇာ ဖြစ်မယ် ဆိုဘီး ကျမ်းစာပညာရှင် များစုဟှ ဘောတူဂေ့ဟှယ်။ ကျမ်းရေးသူဖြစ်ဟှူ လုကာဟှာ ဆရာဝန် တယော့‑က်လည်း ဖြစ်ဟှယ်။ သူဟှာ ပညာတတ် တယော့‑က် ဖြစ်ဟှယ် ဆိုဇာဟှို သူ့ရဲ့ စာရေးသားဟန်န သောင်းပြုဟှားဟှူ ဘာသာစကားဟှ ပြသနေဟှယ်။ လုကာဟှာ ယေရှုသတ်တော်စဉ်ရဲ့ ဖော်ပြချစ်မှန်ဟှို ရေးဟှို့တွပ် လိုရှင်ဟှယ်။ အယ်ကြောန့် သူးနို့လေ တွိကြောင်ဟှားဟှူ ဖြစ်ပျစ်လေဟှို ပြောပြနေဇာ ဖြစ်ဟှယ်။ အယ်မျိုးမှဘဲ့ အယ်ကျမ်းဟှို ဖတ်ဟှူ တခြားလူလေဟှာ ကျိုးကျေးဇူးရနိုင်မယ် (၁.၁–၃)။ သူဟှာ ယုဒလူမျိုး တယော့‑က် မှုဟှ။ (ကော ၄.၁၀–၁၄) အယ်ဘီးဟှာ သူဟှာ ယုဒလူမျိုးမှုဘဲဟှူ လူလေ နားလည်နိုင်အောန် ဆိုဘီး အယ်နည်းလမ်းန ရေးဟှားလေဟှယ်။ သူဟှာ ယုဒလူမျိုးရဲ့ ထောင်းဇံလေဟှို ရှင်းပြဟှားဟှူထဲမာ အယ်မူကြောန်းဟှို ရှင်းရှင်းလန်းလန်းဟှား တွိရဟှယ် (၁.၈)။ လုကာရေးဟှူ ဒန်းကောန်းဟှာ မဿဲန မာကုရဲ့ ကျမ်းလေန ရရာတိုင်း တူညီလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ တူညီဟှူ ကြောန်းရာလေန တူညီဟှူ နည်းလမ်းဟှို ဖော်ပြဟှားဟှူကြောန့် ဖြစ်ဟှယ်။ အယ်သောင်းယော့‑က်ထဲမာ လုကာဟှာ ဗတ္တိဇံယောဟန်ရဲ့ မွီးဖွားဇာန ဆိုင်ဟှူကြောန်းဟှို သေးဇိ ဖော်ပြဟှားဟှယ်။ လုကာဟှာ ပြစ်လွှတ်ဇာန (ခန်းဂီး ၃.၃; ၁၁.၄; ၁၇.၃–၄; ၂၃.၃၄; ၂၄.၄၇) ဆုတောန်းဇာ (၃.၂၁; ၅.၁၆; ၆.၁၂; ၁၁.၁–၁၂; ၂၂.၃၂) ဟှိုလည်း လေးထားဘီး ဖော်ပြဟှားဟှယ်။ ကြောန်းရာ ကျဉ်းချောက် ၁။ လုကာဟှာ သူ့ရဲ့ ဒန်းကောန်းဟှို မိတ်ဆစ်ဟှားဘီး သူဟှာ အယ်ကျမ်းဟှို ဖြားဖြစ်ကြောန့် ရေးဟှယ် ဆိုဘီး ရှင်းပြဟှားဟှူကြောန်း (၁.၁–၄) ၂။ အယ်ဘီးန သူဟှာ ယေရှုရဲ့ မွီးဖွားဇာဟှို ဖော်ပြဟှားဘီး ကိုယ်တော်ဟှာ သာသနာတွပ် ဖယ်မျိုး ပြင်ဆင်ဟှားဟှူကြောန်း (၁.၅—၄.၁၃) ၃။ ဒန်းကောန်းရဲ့ ကျန်သေးဟှူ စိပိုင်းများစုမာ လုကာဟှာ ထူးသဖြင့် ယေရှုလောက်ဆောန်ဟှားဟှူ နိမိတ်လတ်ခဏာကြောန်းန ကိုယ်တော် သွန်သန်ဟှားဟှူ ဇာလေဟှို ပြောပြဟှားဟှူကြောန်း (၄.၁၄—၂၁.၃၈) ၄။ နိဂေါင်းမာ သူဟှ ယေရှုဟှာ ဖယ်မျိုး သေဆောင်းဟှားဟှယ်၊ ဖယ်မျိုး သင်္ဂြိုဟ်ဟှားဟှယ်၊ အယ်ဘီးဟှာ ဖယ်မျိုး သေရာဟှနေ ထမြော့‑က်ဟှားဟှယ် ဆိုဇာဟှို နော့‑က်ဆောင်းခန်းဂီး နှေ့ခန်းမာ ဖော်ပြဟှားဟှူကြောန်း (၂၂.၁—၂၄.၅၃)
1 ရှစ်ရဟှူ သော်ဖိလု၊
8 တရစ်မာ ဇာခရိဟှာ သူ့မှုဆောန်ရဟှို့ လှည့်ရော့‑က်ကြောန့် ဘုရားသခင်ရှေ့မာ ယဇ်ပုရောဟိတ်လောက်ဟှို လောက်နေဟှယ်။ 9 ယဇ်ပုရောဟိတ်လေရဲ့ ထောင်းဇံတိုင်း သူဟှာ ယဇ်ပလ္လင်ထတ်မာ နံ့သာပေါန်းဟှို မီးရှို့ဟှို့ ဝီးကော့‑က်ခံရဟှယ်။ အယ်ကြောန့် သူဟှာ သခင်ဘုရားရဲ့ ဗိမာန်တော်ထဲဟှို ဝမ်ဟှားဘီး၊ 10 နံ့သာပေါန်းဟှို မီးရှို့နေခီမာ ပ္လန်မာနေဟှူ လူလေ ဂူလောင်းဟှာ ဆုတောန်းဘီး နေဂေ့ဟှယ်။ 11 အယ်ခီမာ သခင်ဘုရားရဲ့ ကောန်းဂန်တမန်ဟှာ သူ့ရှေ့မာ ပေါ်လာဘီး နံ့သာပေါန်းဟှို မီးရှို့ဟှူ ယဇ်ပလ္လင်ရဲ့ ညာဖတ်မာ ရပ်နေဟှယ်။ 12 ဇာခရိဟှာ ဗြင်လိုက်ခီမာ ကြော့‑က်ရွံ့ ထိလန့်ဟှားဟှယ်။ 13 အယ်ဘေမဲ့ ကောန်းဂန်တမန်ဟှ “ဇာခရိ၊ ကြော့‑က်န! ဘုရားသခင်ဟှာ နန့်ရဲ့ ဆုတောန်းသံဟှို ကြားဘီး နန့်ရဲ့ မီးမ ဧလိရှဗက်ဟှာ သားမွီးရလေ့မယ်။ အယ်သားဟှို ယောဟန်နာမယ်န မှတ်ရမယ်။ 14 အယ်သားဟှို မွီးခီမာ နန်ဟှာ ရရာတိုင်း ဝန်းသာဘီး လူလေဟှာလည်း ဝန်းသာလေ့မယ်! 15 ယောဟန်ဟှာ ဘုရားသခင်ရှေ့တော်မာ ရရာတိုင်း ကီးမြတ်ဟှူ လူဖြစ်လေ့မယ်။ သူဟှာ ဝိုင်န ယစ်သေဇာဟှို လောင်းဝသော့‑က်ဟှ။ မွီးဂဒဲဟှ သူဟှာ သန့်ရှင်းဟှူဝိညာဉ်တော်န ပ္လဲ့ဝနေဘီး 16 သူဟှာ ဣသရေလလူမျိုး များစုဟှို သူးနို့ရဲ့ သခင်ဖြစ်ဟှူ ဘုရားသခင်နားဟှို ပ္လန်ခေါ်ဆောန်လာလေ့မယ်။ 17 သူဟှာ ပရောဖက်ဧလိယမျိုး ခွန်အားန တဂိုးကီးဘီး သခင်ဘုရားရှေ့တော်ဟှို သွားလေ့မယ်။ သူဟှာ ဖခင်လေရဲ့ စိနှလောင်းဟှို သားမီးလေဖတ်ဟှို ပ္လန်လှည့်စေဘီး သူဟှာ နားထောန်ဘဲဟှူ လူလေဟှာ ဖြောန့်မတ်ဟှူလမ်းဟှို ပ္လောန်းလဲစေဘီး သခင်ဘုရားတွပ် ဆင်သင့်ဖြစ်နေဟှို့ ကိုယ်တော့် လူမျိုးဟှို ပြင်ဆင်ဟှားဟှယ်” ဆိုဘီး ဇာခရိဟှို ပြောလေဟှယ်။
18 ဇာခရိဟှ “အယ်မျိုးဖြစ်မယ် ဆိုဇာဟှို ကျွန်တော် ဖြားမျိုးသိရနူး။ ကျွန်တော်ဟှာ ဖိုးသန်ဂီးဖြစ်နေဘီ။ ကျွန်တော့် မီးမဟှလည်း ဖွားသန်မဖြစ်နေဘီ” ဆိုဘီး ကောန်းဂန်တမန်ဟှို ပြောလေဟှယ်။
19 ကောန်းဂန်တမန်ဟှ “ငါဟှာ ဂါဗြေလဖြစ်ဟှယ်။ ငါဟှာ ဘုရားသခင်ရဲ့ ရှေ့တော်မာ ရပ်နေသူဖြစ်ဘီး နန့်ဟှို အယ်ဒန်းကောန်း ပြောဟှို့တွပ် ငါ့ဟှို စေလွှတ်လိုက်ဟှယ်။ 20 နန်ဟှာ ငါ့ပြောဟှူ အယ်ဒန်းကောန်းဟှို ယောင်ကြည်ဘဲ ဖြစ်နေဘေမဲ့လည်း သတ်မှတ်ဟှားဟှူ ခီရော့‑က်ဟှာ ပ္လဲ့ဇောင်လာလေ့မယ်။ နန်ဟှာ ငါပြောဟှူ ဒန်းကောန်းဟှို ယောင်ကြည်ဘဲဟှူကြောန့် ငါ့ဂဒိတော်လေဟှာ နန့်မာ ပ္လဲ့ဇောင်ခန်နေ့ထိ စကားပြောနိုင်ဘဲ အ,ဘီး နေရလေ့မယ်” ဆိုဘီး ပြောလေဟှယ်။
21 လူလေဟှာ ဇာခရိဟှို စောန့်မျှော်နေဘီး ဗိမာန်တော်ထဲမာ ကြာဂီးနေဇာဟှို အံ့ဩနေဟှယ်။ 22 ဇာခရိဟှာ ထွပ်လာဟှူ ခီမာ စကားပြောနိုင်ဘဲဟှူကြောန့် ဗိမာန်တော်ထဲမာ ရူပါရောင် ဗြင်ရကြောန်းဟှို သူးနို့ သိဂေ့ဟှယ်။ စကားတလောင်းလည်း ပြောနိုင်ဘဲကြောန့် သူဟှာ သူးနို့လေဟှို လတ်ရိလတ်ခေနဘဲ့ ချစ်ပြလိုက်ဟှယ်။
23 ဗိမာန်တော်ထဲမာ ယဇ်ပုရောဟိတ်မှုဟှို ဆောန်ရွက်ရဟှို့ ခီပီးဆောင်းဟှားကြောန့် ဇာခရိဟှာ အီဟှို ပ္လန်ဟှားဟှယ်။ 24 အယ်ဘီးန သူ့မီးမ ဧလိရှဗက်ဟှာ ဗိုက်ပိုက်နေဟှူကြောန့် ငါးလလောင်းလောင်း အီပ္လန်ဟှို ထွပ်ဘဲနေဟှယ်။ 25 အယ်မီးမဟှ “ခု သခင်ဘုရားဟှာ ငါ့ဟှို မဇတော်မူလိုက်ဘီ။ ကိုယ်တော်ဟှာ ငါ့ဟှို လူလေကဲ့ရဲ့ ဝေဖန်နေဇာလေဟှို ပယ်ရှင်းပေးတော်မူလိုက်ဘီ!” ဆိုဘီး ပြောလေဟှယ်။
29 ကောန်းဂန်တမန်ရဲ့ စကားကြောန့် မာရိဟှာ စိနှလောင်းငြီသတ်ဘဲ ဖြစ်ဟှားဘီး သူ့စကားလေဟှာလည်း အံ့ဩဘွယ် ဖြစ်ဟှယ်။ 30 ကောန်းဂန်တမန်ဟှ “မာရိ၊ ကြော့‑က်န။ နန်ဟှာ ဘုရားသခင်ရှေ့မာ မျစ်နှာသာရဟှားဘီ။ 31 [c]နန်ဟှာ ဝန်းရှင်မဖြစ်လာဘီး သားဟှို မွီးရလေ့မယ်။ အယ်သားဟှို ယေရှု ဆိုဘီး နာမယ်ပေးရလေ့မယ်။ 32 သူဟှာ ကီးမြတ်ဟှူ သူဖြစ်ဘီး ဗြစ်ဆောင်းဟှူ ဘုရားသခင်ရဲ့ သား ဆိုဘီး ခေါ်ဇာဟှို ခံရလေ့မယ်။ သူ့ဘိုးဘေ ဒါဝိဒ်ရဲ့ ရာဇပလ္လင်ဟှို ထာဝရသခင် ဘုရားသခင်ဟှာ သူ့ဟှို ပေးအပ်လေ့မယ်။ 33 သူဟှာလည်း ယာကုပ်ရဲ့ မျိုးနွယ်ဟှို မြဲဒမ်း အောက်ချောက်လေ့မယ်။ သူ့နိုင်ငံတော်ဟှာ လောင်းဝ ဆောင်းမှေ့ဟှ!” ဆိုဘီး အယ်မီးမဟှို ပြောလေဟှယ်။
34 မာရိဟှ ကောန်းဂန်တမန်ဟှို “ကျွန်မဟှာ မီးမပျို ဖြစ်ဟှယ်။ အယ်မျိုးဆိုဟှာ ဖယ်မျိုးလောက်ဘီး သားမွီးနိုင်ဟှို့နူး။” ဆိုဘီး မေးလေဟှယ်။
35 ကောန်းဂန်တမန်ဟှာ “သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ နန့်ထတ်မာ သတ်ရော့‑က်ဘီး ဗြစ်ဆောင်းဖြစ်ဟှူ ဘုရားသခင်ရဲ့ တဂိုးတော်ဟှာလည်း နန့်ထတ်မာ လွှမ်းမိုးနေလေ့မယ်။ အယ်ကြောန်းကြောန့် သန့်ရှင်းဟှူ သားတော်ဟှာ ဘုရားသခင်ရဲ့ သားဆိုဘီး ခေါ်ဇာဟှို ခံရလေ့မယ်။ 36 နန့်ရဲ့ ဆွေမျိုး ဧလိရှဗက်ဟှို ဒိရဂေ့။ မြုံမ ဆိုဘီး ခေါ်ခံနေရဟှူ သူဟှာ ဖွားသန်မ ဖြစ်နေဘေမဲ့ ခု ဝန်းရှင်မ ဖြစ်နေဇာ ခြော့‑က်လရှိနေဘီ။ 37 အယ်ကြောန့် ဘုရားသခင်မာ လောက်နိုင်ဘဲဇာ ဖြားလည်းမှေ့ဟှ” ဆိုဘီး မိန့်တော်မူလိုက်ဟှယ်။
38 မာရိဟှ “ကျွန်မဟှာ သခင်ဘုရားရဲ့ စေခံဖြစ်ဟှယ်။ ကိုယ်တော်ပြောဟှားတိုင်း ကျွန်မမာ ပ္လဲ့ဇောင်ပါစေ” ဆိုဘီး ပြောဟှယ်။ အယ်ဘီးန ကောန်းဂန်တမန်ဟှာ မာရိနားဟှ ထွပ်ဟှားဟှယ်။
56 မာရိဟှာ ဧလိရှဗက်နတူးဒူ သောင်းလနီးပါး နေဘီးမှ မိမိအီဟှို ပ္လန်ဟှားလေဟှယ်။
59 ရှစ်ရစ်ပ္လဲ့ဟှူ ခီမာ သူးနို့ဟှာ သားဂန်းရဲ့ ရေဖျားလှီးဟှို့ လာဂေ့ဘီးန သူးနို့ဟှာ သူ့ဖရဲ့ နာမယ်တိုင်း ဇာခရိ ဆိုဘီး နာမယ်ပေးလေဟှယ်။ 60 အယ်ဘေမဲ့ သူ့မိဟှ “အယ်နာမယ် ပေးန! သူ့နာမယ်ဟှို ယောဟန် ဆိုဘီး ပေးရမယ်” ဆိုဘီး ပြောလေဟှယ်။
61 သူးနို့ဟှ “ယောဟန်နာမယ်န နန်းနို့ဆွေမျိုးထဲမာ မှေ့ဟှ!” ဆိုဘီး သူ့ဟှို ပြောလေဟှယ်။ 62 အယ်ဘီးန သူးနို့ဟှာ သူ့ဖဟှို လတ်ရိလတ်ခေပြဘီး သားဂန်းနာမယ်ဟှို ဖယ်မျိုးပေးရဟှို့ ဆိုဘီး မေးဟှယ်။
63 ဇာခရိဟှာ သန်းဖူးကီးဟှို တောန်းဘီးန “သားဂန်းဟှား နာမယ်ဟှာ ယောဟန် ဖြစ်ဟှယ်” ဆိုဘီး ရေးပေးလိုက်ဟှယ်။ သူးနို့ ဂူလောင်းဟှာ အံ့ဩဟှားဂေ့ဟှယ်! 64 အယ်ခီမာဘဲ့ ဇာခရိဟှာ ပ္လန်ဘီး စကားပြောနိုင်ဟှားဘီးန သူဟှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို စဘီးချီးမွမ်းလေဟှယ်။ 65 အီဇနီးရှင်းလေ ဂူလောင်းဟှာ ကြော့‑က်ရွံ့မှုလေန ပ္လဲ့နေဘီး အယ်ဖြစ်ပျစ်ဇာန ဆိုင်ဟှူဒန်းလေဟှို ယုဒပြည် တောန်ကြားနေရာ နှံ့ပ္လားမာ လူလေဟှာ ပြောနေလေဟှယ်။ 66 အယ်ဒန်းဟှို ကြားရဟှူ လူလေဂူလောင်းဟှာ စိထဲမာ စဉ်းစားဘီးဟှာ မေးနေဇာဟှ “အယ်သားဂန်းဟှ ဖယ်မျိုးသားဂန်းနူး။” သခင်ဘုရားရဲ့ တဂိုးတော်ဟှာ အယ်သားဂန်ထတ်မာ ရှိနေကြောန့် ဖြစ်ဟှယ်။
80 အယ်သားဂန်းဟှာ ကီးဒတ်လာဘီး ခန္ဓာန ဝိညာဉ်လည်း အားကီးလာဟှယ်။ သူဟှာ ဣသရေလ လူမျိုးလေရဲ့ ရှေ့မာ ထန်းထန်ရှားရှား ပေါ်လာခန်ဒူးဟှ ဆိုဟှာ တောကန္တရထဲမာ နေလေဟှယ်။
လုကာ 2 ->
Languages