6 အယ်မျိုး ရှိမျှဂူလောင်းလေဟှို ပြင်ဆင်ဘီးခီမာ ယဇ်ပုရောဟိတ်လေဟှာ တဲတော် ပထမခန်းထဲဟှိုဝမ်ဘီး ဝတ်ပြုဟှူမှုရာဟှို နေ့တိုင်း လောက်ဆောန်ရဂေ့ဟှယ်။ 7 အယ်ဘေမဲ့ ဒုတိယခန်းထဲဟှို ယဇ်ပုရောဟိတ်မန်း တပါးဒဲဘဲ့ သူ့တွပ်န သူများလေရဲ့ပြစ်တွပ် ပူဇော်ဟှူ သွီးဟှိုယူဘီး တနှစ်မာ တခါဒဲဘဲ့ ဝမ်ရလေဟှယ်။ 8 တဲတော်ရဲ့ ပထမခန်း ရှိနေဟှူ ကာလပတ်လောင်း သန့်ရှင်းဆောင်းဌာနတော်ဟှို သွားဟှူလမ်း ပွမ့်သေးဘဲကြောန်းဟှို သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ အယ်ဇာအားဖြင့် ရိဟှို ပေးလေဟှယ်။ 9 အယ်တဲတော်ဟှာ မျစ်မှော့‑က်ကာလပတ်လောင်းတွပ် ပေါင်ဥပမာ ဖြစ်ဘီး ပူဇော်ဟှူ ပူဇော်သကာန ယဇ်လေဟှာ ကိုယ့်ကိုယ်ကိုယ် သိဟှူစိဟှို ထော့‑က်မယ် ဆိုဟှာ ဝတ်ပြုဟှူသူဟှို စောင်လင်ဟှူ ကျိုးဟှို ပေးနိုင်ဘဲကြောန်းဟှို ဖော်ပြဟှူဇာ ဖြစ်ဟှယ်။ 10 အယ်မူဇာလေဟှာ စားဇာ၊ သော့‑က်ဇာန ဆေးကြောရှင်း ဘောန်းဇောင်ဖြစ်ဟှူ၊ ကိုယ်ခန္ဓာနဆိုင်ဟှူ စီရင်ထောင်းဖွဲ့လေနတူးဒူ သစ်ပြုပြင်ဟှူ ကာလထိဘဲ့ တည်ရှိနေဇာဖြစ်ဟှယ်။
11 ခုဆိုဟှာ လူ့လတ်န လောက်ဘဲ၊ အယ်လောကနဆိုင်ဘဲ ပိုဘီး ကောန်းမြတ် စောင်လင်ဟှူ တဲတော်မာ ရော့‑က်လာပီးဘီဖြစ်ဟှူ[a] နော့‑က်မင်္ဂလာကျိုးလေရဲ့ ယဇ်ပုရောဟိတ် မန်းဂီးဖြစ်ဟှူ ခရစ်တော်ဟှာ၊ 12 နို့လေတွပ် ဘဲ့သွီး၊ နွားသားဂန်းရဲ့ သွီးနမှုဘဲ သူ့ရဲ့ သွီးတော်န သန့်ရှင်းဆောင်း ဌာနထဲဟှို တခါဒဲ ဝမ်တော်မူဘီး ထာဝရ ဝီးနှုကယ်တန်ရှင်း ကျေးဇူးဟှို သတ်ရော့‑က်စေ လေဟှယ်။ 13 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ညစ်ကျေးရှိဟှူ သူလေဟှို ဖျန်းဟှူ နွားသွီး၊ ဘဲ့သွီး၊ နွားမဒန်းဟှားရဲ့ ပ္လာဟှာ သူးနို့လေရဲ့ ကိုယ်ကာယဟှို စင်ကြယ်သန့်ရှင်းမှု ပေးနိုင်မယ် ဆိုဟှာ၊ 14 အယ်လော့‑က်နမကဟှ ပြစ်တန်ဇာမှေ့ဘဲဟှူ ကိုယ်တော့်ဟှို ထာဝရ ဝိညာဉ်တော်အားဖြင့် ဘုရားသခင် ရှေ့တော်နှိုက် တန်လှူပူဇော်ဟှူ ခရစ်တော်ရဲ့ သွီးတော်ဟှာ သေရှင်းန စပ်ဆိုင်ဟှူ ကျင့်ဟှို ပယ်ရှင်းဘီး နန်းနို့လေဟှာ သတ်ရှင်တော်မူဟှူ ဘုရားသခင်ဟှို ဝတ်ပြုဟှို့ကြောန်းကြောန့် ကိုယ့်ကိုယ်ကိုယ် သိဟှူစိ ကြည်လင် သန့်ရှင်းစေဟှို့တွပ် ပိုဘီး တတ်နိုင်တော်မူဟှယ် မှုဟှလော။
15 အယ်ကြောန့် ပထမ ပဋိညာဉ်တရား လတ်ထတ်မာ ပြစ်မှားဟှူ ပြစ်ဟှိုလည်း လွတ်ဟှို့တွပ် ခရစ်တော်ဟှာ ကြားဝမ်စေ့စပ်ဘီး သေခံတော်မူဟှူကြောန့် ခေါ်တော်မူဟှူ သူလေဟှာ ဂဒိတော်နယှဉ်ဟှူ ထာဝရမွီဟှို ခံရဟှို့တွပ် အယ်သခင်ဟှာ ပဋိညာဉ်တရားသစ်ရဲ့ အာမခံ ဖြစ်တော်မူဟှယ်။
16 မွီခံရဟှို့ ခွမ့်ဟှို ပေးဘီး စာချောက်ချောက်ဟှူ မူရာမာလည်း စာချောက်တည်ဟှယ် ဆိုဟှာ စာချောက်ချောက်ဟှူ သူဟှာ တကယ်သေဟှားဘီ ဖြင့်ဟှူကြောန်း ထော့‑က်ထားပြဟှို့ လိုအပ်ဟှယ်။ 17 တကယ်ကြောန့် သတ်ရှင်နေသေးဟှာ အယ်စာချောက်ဟှာ တည်ဟှ သေမှဘဲ့ တည်ဟှူဇာ ဖြစ်ဟှယ်။ 18 အယ်ကြောန့် ပထမ ပဋိညာဉ်တရား[b]ဟှိုမှ စီရင်ဟှူ ခီမာ သွီးန လွတ်ကင်းဘီး စီရင်ဟှူဇာ မှုဟှ။ 19 တရားတော်မာပါဟှူ ပညတ်လေဟှို မောရှေဟှာ လူလေရှိဟှူမျှဟှို ဟောပြောဘီးမှ ရေနရောဟှားဟှူ နွားသားဂန်းသွီးန ဘဲ့သွီးဟှို ယူဘီး နီရောန်ဆိုးဟှားဟှူ သိုးမွီးန ဟုဿုပ်ဗန်ခတ်အားဖြင့် ကျမ်းစာလိန လူလေဟှို ဖျန်းဘီး၊ 20 “အယ်သွီးဟှာ နန်းနို့ဟှို ဘုရားသခင် ဝန်ခံတော်မူဟှူ ပဋိညာဉ်ရဲ့ သွီးဖြစ်ဟှယ်” ဆိုဘီး ပြောဆိုဟှယ်။ 21 အယ်ဘီးန တဲတော်န ဝတ်ပြုဟှူ တန်ဆာလေ ရှိဟှူမျှဟှိုလည်း အယ်မျိုးဘဲ့ သွီးန ဖျန်းလေဟှယ်။ 22 ပညတ်တရားတိုင်းဘဲ့ ရှိမျှဂူလောင်းဟှို ကူအောန် သွီးအားဖြင့် စင်ကြယ်စေရဟှယ်။ သွီးသွန်းလောင်းရှင်း မှေ့ဘဲနေဟှာ ပြစ်လွှတ်ရှင်း မှေ့ဟှ။
Languages