1 ပညတ်တရားဟှာ နော့‑က်ဖြစ်လာမယ့် ကောန်းကျိုးလေရဲ့ ရိလော့‑က်ဘဲ့ဖြစ်ဘီး အယ်မူဇာလေဟှာ ပေါင်သဏ္ဌာန် စစ်မှန်မှုဘဲဟှူကြောန့် နှစ်စဉ်မပြတ် ပူဇော်ဟှူ ယဇ်အားဖြင့် ကိုယ်တော်နားဟှို ချဉ်းကပ်ဟှူ သူလေဟှို စောင်လင်စေနိုင်ဟှ။ 2 တကယ်ဟှိ စောင်လင်စေနိုင်ဟှယ် ဆိုဟှာ ဝတ်ပြုဟှူ သူလေဟှာ တခါဒဲန စင်ကြယ်ရှင်းဟှို ရော့‑က်ဘီးမှ နော့‑က်ထပ် ပြစ်ရှိနေသေးဟှယ် ဆိုဘီး သံဝေဂတရား ရဇာကြောန်း လောင်းဝမှေ့ဘဲကြောန့် အယ်ယဇ်လေဟှို တခါဒဲ ပူဇော်ဘီးဟှာ နော့‑က်ထပ် ပူဇော်ဘဲန နေမယ်မှုဟှလော။ 3 ခုဆို ယဇ်ပူဇော်ရှင်းအားဖြင့် ပြစ်လေဟှိုဘဲ့ နှစ်စဉ်နှစ်တိုင်း ပ္လန်အော့‑က်မေ့ ဒိရစေဟှယ်။ 4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နွားသွီး၊ ဘဲ့သွီးဟှာ ပြစ်လေဟှို ဖယ်ရှားပေးနိုင်ဘဲကြောန့် ဖြစ်ဟှယ်။
5 အယ်ကြောန့် ခရစ်တော်ဟှာ အယ်လောကဟှို ဆင်းကြွလာဟှူ ခီမာ၊
11 ယဇ်ပုရောဟိတ် ဆိုဇာဟှ နေ့တိုင်းဝတ်ပြုဘီး ပြစ်လေဟှို ဖြေနိုင်ဘဲဟှူ ယဇ်ဟှို ခါဘီးခါ ပူဇော်နေရဟှယ်။ 12 အယ်ဘေမဲ့ ခရစ်တော်ဟှာ ပြစ်ဟှိုဖြေဟှို့တွပ် ယဇ်တခုဒဲဟှို ပူဇော်ဘီးဟှာ ဘုရားသခင်ရဲ့ ညာဖတ်မာ မြဲဒမ်းထိုင်ဘီး 13 သူ့ရဲ့ ရန်သူလေဟှို သူ့ခေအော့‑က်ဟှို ခ္လဟှားခန်ခီထိ မျှော်လင့်ဘီး နေတော်မူဟှယ်။ 14 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ ကိုယ့်ကိုယ်ကိုယ် တခါဒဲပူဇော်ဟှူ ဇာအားဖြင့် သန့်ရှင်းရှင်းခံရဟှူ သူလေဟှို ထာဝရစောင်လင် စေတော်မူဟှယ်။
15 သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ နို့လေဟှို သတ်သေခံဟှူဇာဟှ၊
26 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သမ္မာတရားဟှို သိဘီးမှ ကိုယ့်လိုဟှို လိုက်ဘီး ပ္လန်ပြစ်မှားမယ် ဆိုဟှာ နော့‑က်ထပ် ပြစ်ဖြေဟှို့ယဇ်ဟှို ပူဇော်ခွမ့်မှေ့ဘဲ၊ 27 ရရာတိုင်း ပြင်းထန်ဟှူ ဒန်စီရင်ရှင်းဟှို ခံရမယ် ဆိုဘီး ကြော့‑က်ဇာကောန်းဟှူဇာဟှို မျှော်လင့်ရဟှူကြောန်း ရှိဟှူကြောန့် ငြင်းဆန်ဟှူ သူလေဟှို ဖျစ်ဆီးဟှို့တွပ် ဘုရားသခင်ရဲ့ မျစ်တော်မီးလောန်ဇာဟှို ခံရဟှို့ကြောန်းရှိဟှယ်။ 28 မောရှေရဲ့ ပညတ်တရားဟှို ပယ်ဟှူသူဟှာ သတ်သေခံ နှေ့ယော့‑က်၊ သောင်းယော့‑က် ရှိဟှယ် ဆိုဟှာ သနားညှာတာရှင်းဟှို ခံရဘဲန သေခံရဟှယ်။ 29 အယ်လော့‑က်နမကဟှ ဘုရားသခင်ရဲ့ သားတော်ဟှို ခေနနန်းဘီး ကိုယ့်ဟှို စင်ကြယ်စေဟှူ ပဋိညာဉ်တရားရဲ့ သွီးတော်ဟှို စင်ကြယ်ဘဲဟှူဇာ ဆိုဘီး ထန်မှတ်ဘီးဟှာ ဆုကျေးဇူးဟှို ပေးဟှူ ဝိညာဉ်တော်ဟှို ထီမဲ့မြင်ပြုဟှူ သူဟှာ ဖယ်မျှလော့‑က်ကီးဟှူ ဒန်ဟှို ခံရမယ်ဆိုဇာ နန်းနို့လေ ဖယ်မျိုးထန်ဂေ့နူး။ 30 ဖြားဖြစ်ကြောန့်နူးဆိုဟှာ “ငါဟှာ ပြစ်တရားဟှို စီရင်ပိုင်ဟှယ်။ ပြစ်ရှိဟှူတိုင်း ငါဆပ်ပေးမယ်” ဆိုဟှူဇာန “ဘုရားသခင်ဟှာ သူ့ရဲ့ လူစုတော်လေတွပ် တရားစီရင်မယ်” ဆိုဘီး မိန့်တော်မူဟှူ သခင်ဟှို နို့လေသိဂေ့ဟှယ်။ 31 သတ်ရှင်တော်မူဟှူ ဘုရားသခင်ရဲ့ လတ်တော်ဟှို က္လရော့‑က်ဟှူ မှုဟှာ ကြော့‑က်ဇာကောန်းဟှူ မှုဖြစ်ဟှယ်။
32 နန်းနို့လေဟှာ ဘုရားသခင်ရဲ့ လန်းရောန်ဟှို ခံယူဘီးန ဆင်းရဲဒေါက်ခဟှို ခံစားရဘီး ပြင်းထန်ဟှူ တိုက်ခိုက်ရှင်းဟှို သီးခံဘီးဟှူ ရင်းရင်ဒူးဟှ နေ့ရစ်လေဟှို ဒိရဂေ့ပါ။ 33 နန်းနို့လေဟှာ တခါတလေ လူလေရှေ့မာ ကဲ့ရဲ့ညှဉ်းဆဲဇာဟှို ခံရဂေ့ဟှယ်။ တခါတလေလည်း တခြားသူလေ ကဲ့ရဲ့ညှဉ်းဆဲဇာဟှို ခံရဟှူ ခီမာ နန်းနို့လည်း ထပ်တူထပ်မျှခံဟှို့တွပ် ဆင်သင့်ရှိဂေ့ဟှယ်။ 34 နန်းနို့လေဟှာ ထောန်က္လနေဟှူ သူလေတွပ်ကြောန့် စာနာစိရှိဟှူမျှမှုဘဲ ကိုယ့်ပစ်စီး အောက်စာလေဟှို သူများဖျစ်ဆီးဟှူလည်းဘဲ့ ကိုယ်သောင်းစွဲဟှို့တွပ် ကောန်းဂန်ဘောင်မာ ပိုဘီး မြတ်ဘီး စဉ်မြဲတည်ဟှူ ဘဏ္ဍာရှိဟှယ် ဆိုဇာဟှို သိဟှူကြောန့် လုယူဖျစ်ဆီးခံရဇာဟှို ဝန်းသာဟှူ စိန သီးခံဂေ့ဟှယ်။ 35 အယ်ကြောန့် ရရာတိုင်း ကီးမားဟှူ ကျိုးနယှဉ်ဟှူ နန်းနို့ရဲ့ ရဲရင့်မှုစိဟှို စွန့်လွှတ်ဂေ့န။ 36 ဘုရားသခင်ရဲ့ လိုတော်ဟှို ဆောန်ဘီးမှ ဂဒိတော်တိုင်း ကျိုးဟှို ရဟှို့တွပ် သီးခံရှင်းစိရှိရမယ်။ 37 ဖြားဖြစ်ကြောန့်နူးဆိုဟှာ၊
Languages