2 လောကရဲ့ ပြစ်လမ်းစဉ်တိုင်း သတ်ရှင်ဂေ့ဟှယ်။ အာကာသမာရှိဟှူ ဝိညာဉ်တဂိုးလေဟှို အောက်စိုးဟှူမန်းဟှို နာခံဟှူလူလေ ဖြစ်ဂေ့ဟှယ်။ ဘုရားသခင်ရဲ့မိန့်ဟှို နာခံဘဲဟှူလူလေဟှာ ခုခီမာ အယ်သူရဲ့ အောက်ချောက်ဇာဟှို ခံနေရဂေ့ဟှယ်။
3 နို့လေအားလောင်းဟှလည်း တခီဒူးဟှ အယ်လူလေထဲမာ ပါဘီးဟှာ ကိုယ့်ရဲ့ ဇာတိသွီးသား တတ်မတ်မှုထဲမာ သတ်ရှင်လာဘီး၊ ကိုယ်ကာယန စိနှလောင်းရဲ့လိုတိုင်း လောက်ဂေ့ဘီး တခြားလူလေမျိုးဘဲ့ ဘုရားသခင်ရဲ့ ဆောင်းမဇာဟှို ခံရဟှူလူလေ ဖြစ်ဂေ့ဟှယ်။ 4 အယ်ဘေမဲ့ ကရုဏာတော်န ရရာတိုင်း ကြွယ်ဝဟှူ ဘုရားသခင်ဟှာ နို့လေဟှိုရှစ်ဘီး ရရာတိုင်းကီးမားဟှူ မြစ်တာတော်ကြောန့်၊
5 လွန်ကျူးဟှူပြစ်လေမာ သေနေဟှူနို့လေဟှို ခရစ်တော်နတူးဒူ သတ်ရှင်စေဟှယ်။ နန်းနို့ဟှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောန့် ကယ်တန်ဇာဟှို ခံရဂေ့ဟှယ်။ 6 အယ်ကြောန့် ခရစ်တော်ယေရှုအားဖြင့် နို့လေဟှို ကိုယ်တော်နတူးဒူ ထမြော့‑က်ခိုင်းဘီးဟှာ ထတ်ဟှ ကောန်းဂန်ဘောင်မာ ကိုယ်တော်နတူးဒူ ထိုင်ခိုင်းဟှယ်။ 7 အယ်ဇာဟှာ ခရစ်တော်ယေရှုနှိုက် နို့လေဟှို ကရုဏာတော်န ကျေးဇူးပြုဟှူကြောန့် သူ့ရဲ့ ထူးခြားဟှူကျေးဇူးတော်ရဲ့ ကြွယ်ဝဟှူဇာလေဟှို နော့‑က်လာဟှို့ ကပ်ကာလလောကမာ မြဲဒမ်းပြဟှို့တွပ် ဖြစ်ဟှယ်။ 8 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့ဟှာ ကျေးဇူးတော်ကြောန့် ယောင်ကြည်ရှင်းအားဖြင့် ကယ်တန်ဇာဟှို ခံရဂေ့ဟှယ်။ အယ်မူဇာဟှာ နန်းနို့ကိုယ်တိုင်ကြောန့် မှုဟှ။ ဘုရားသခင် ပေးတော်မူဟှူ လတ်ဆောန်ဖြစ်ဟှယ်။ 9 ကိုယ်လောက်ဟှူ မှုကြောန့် မှုဟှ။ အယ်ကြောန့် ဖယ်သူလည်း ဝါကြွားဇာကြောန်း မှေ့ဟှ။ 10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ ကောန်းဟှူဇာလေဟှို လောက်ဟှို့တွပ် ခရစ်တော်ယေရှုနှိုက် ဖန်ဆင်းခံဟှားရဟှူ ဘုရားသခင်ရဲ့ လတ်ရာတော်လေ ဖြစ်ဂေ့ဟှယ်။ ကောန်းဟှူမှုလေမာ နို့လေဟှာ သတ်ရှင်ဂေ့ဟှို့တွပ် ဘုရားသခင်ဟှာ အယ်မှုလေဟှို ကြိုဘီးဟှာ ပြင်ဆင်ဟှားဟှယ်။
19 အယ်ကြောန့် နန်းနို့ဟှာ လူမျိုးခြား မှုဟှ။ ဧည့်သည်လည်း မှုဟှ။ သန့်ရှင်းဟှူ လူလေရဲ့ မျိုးသားရှင်း ဖြစ်ဂေ့ဟှယ်။ ဘုရားသခင်ရဲ့ မိသားစုဝမ်လေလည်း ဖြစ်ဂေ့ဟှယ်။ 20 ဖြားဖြစ်ကြောန့်နူးဆိုဟှာ တမန်တော်လေန ပရောဖက်လေအားဖြင့် တိုက်ထော့‑က် အုပြစ်ထတ်မာ နို့လေဟှာ တည်ဆော့‑က်ဟှားဟှယ်။[e] အယ်တိုက်ထော့‑က်အုပြစ်ဟှာ ခရစ်တော်ယေရှုကိုယ်တိုင်ဘဲ့ ဖြစ်ဟှယ်။ 21 ကိုယ်တော်ဟှာ အယ်ဆော့‑က်ဦး တတိုက်လောင်းဟှို သေးသေချားချာဟှား ခိုင်ခံ့စေဘီး၊ ကီးထွားလာဘီးဟှာ သခင်ဘုရားတွပ် သန့်ရှင်းဟှူ ဗိမာန်တော်ဖြစ်ဟှယ်။ 22 နန်းနို့ဟှလည်း ခရစ်တော်န တလောင်းတဝဒဲဖြစ်ဘီး တခြားလူလေနတူးဒူ တည်ဆော့‑က်ဇာဟှို ခံရဘီး ဝိညာဉ်တော်အားဖြင့် ဘုရားသခင် ကိန်းဝပ်ဟှူနေရာ ဖြစ်လာဂေ့ဟှယ်။
<- ဧဖက် 1ဧဖက် 3 ->
Languages