ဧဖက် ဧဖက် သင်းတော်ဟှို ပေါလုရဲ့ ပေးစာ နိဒါန်း ဧဖက် သင်းတော်ဟှို ပေါလုရဲ့ ပေးစာ ဟှာ ခရစ်တော် မွီးဘီးန ၆၀ ခုနှစ်လော့‑က်ဟှ ကောလောသဲ သင်းတော်ဟှို ပေါလုရဲ့ ပေးစာန တခီဒဲ ရေးဟှားဟှယ်။ စာရေးသူဟှာ သူကိုယ်သူ တမန်တော် ပေါလုဖြစ် ဖော်ပြဟှားဟှယ် (၁.၁)။ ကောလောသဲကျမ်းထဲမာ လူပေါက်ကိုလေဟှို နှောက်ဆစ်ဟှားဇာ တွိရဘေမဲ့ ဧဖက်ကျမ်းထဲမာ နဲနဲဟှားဘဲ တွိရဟှယ်။ ပေါလုဟှာ အယ်ပေးစာဟှို ရေးဟှားဟှယ် ဆိုဘီး ကျမ်းစာပညာရှင်လေဟှ ဘောတူဟှားဟှယ်။ အယ်ကြောန်းကြောန့် အယ်ပြည်ဟှ သင်းတော်လေထဲမာ ပ္လံ့နှံ့ဟှို့ ရည်ရွယ်ဟှားဟှယ်။ ပေါလုဟှာ အယ်ပေးစာဟှို ထောန်ထဲဟှနေ ရေးဟှားဟှယ် ဆိုဘီးလည်း ဖော်ပြဟှားဟှယ် (၃.၁; ၄.၁; န ၆.၂၀)။ ပေါလုဟှာ ဧဖက် သင်းတော်ဟှို ခရီးပြုနေဟှူ တုခိတ်နတူးဒူ အယ်ပေးစာဟှို ဆောန်းဗါးပါးလိုက်ဟှယ် (၆.၂၁–၂၂)။ ဧဖက်ဗြို့ဟှာ အာရှမိုင်းနားပြည်ရဲ့ ရရာတိုင်း ကီးမားဟှူ ရောမဗြို့တော်ဖြစ်ဟှယ်။ အယ်ဗြို့ဟှာ ဂရိနတ်ဖုရားမ အာတေမိဟှို ပူဇော်ဟှူ ဗိမာန်ရှိဟှူကြောန့် ထန်ရှားလေဟှယ် (တ ၁၉.၂၃–၃၁)။ ဧဖက် သင်းတော်ဟှာ စမာ အားကောန်းဘေမဲ့ နော့‑က်ပိုင်းမာ အားပျော့လာဟှယ် (ဗျာ ၂.၁–၇)။ ပေါလုဟှာ အယ်ပေးစာရဲ့ တဝပ်လော့‑က်မာ ဘုရားသခင်ဟှာ သူ့ရဲ့ လူမျိုးတော်လေဟှို ဖယ်မျိုး ဝီးကော့‑က်ခံရဘီး ယေရှုခရစ်တော်အားဖြင့် သူးနို့ရဲ့ ပြစ်ဟှနေ ဖယ်မျိုး ကယ်တန်ခံရဟှယ် ဆိုဇာဟှို ရှင်းပြဟှားဟှယ်။ သူဟှာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဖြစ်ဟှူ သင်းတော်ဟှို ဦးခေါန်းဖြစ်န ခရစ်တော်ရဲ့ ဆောက်ဦးဟှို တိုက်ဒေါ့‑က်ချောက်ဖြစ် နှိုင်းယှဉ်ဟှားဟှယ်။ သင်းတော်ဟှာ ဒို့သမီးဖြစ်ဘီး ခရစ်တော်ဟှာ ဒို့သားဖြစ်ဟှယ် ဆိုဘီး နှိုင်းယှဉ်ဟှားဟှယ်။ ပေါလုဟှာ အယ်ပေးစာရဲ့ ဒုတိယတဝပ်မာ ခရစ်ယာန်သတ်တာန ဆိုင်ဟှူ ညွန်းကြားချစ်လေဟှို ပေးဟှားဟှယ်။ ကြောန်းရာ ကျဉ်းချောက် ၁။ ခန်းဂီး ၁ ထဲမာ ပေါလုဟှာ သူ့ကိုယ်သူ မိတ်ဆစ်ဟှားဘီး ဧဖက် သင်းတော်ဟှို နှောက်ဆစ်ဇာအားဖြင့် နိဒါန်းပျိုးဟှားဟှူကြောန်း (၁.၁–၂) ၂။ သူဟှာ ခရစ်တော်န သင်းတော်ရဲ့ ဆစ်နွယ်ရှင်းဟှို ရှင်းပြဟှားဟှူကြောန်း (၁.၃—၃.၂၁) ၃။ ပေါလုဟှာ ခရစ်ယာန်လေ သတ်ရှင်ရမယ့် နည်းလမ်းဟှို ရေးဟှားဟှူကြောန်း (၄.၁—၆.၂၀) ၄။ ပေါလုဟှာ ညွန်ကြားချစ်တချို့ဟှို ပေးပြီး နိဂေါင်းချောက်ဟှားဟှူကြောန်း (၆.၂၁–၂၄)
9 သူ့ရဲ့ရည်ရွယ်ချစ်တိုင်း လောက်လိုက်ဟှယ်။ ခရစ်တော်ကြောန့် နတ်နဲဟှူ ကြံစည်လေဟှို နို့လေဟှို သိစေဟှယ်။ 10 အယ်မျိုးကြံစည်လေဟှာ ခီက္လလာဟှူ ခီမာ ကောန်းဂန်ဘောင်မာရှိဟှူ ဇာလေရော၊ မ္လေဂီးထတ်မာရှိဟှူ ဇာလေရော ဂူလောင်းဟှို ခရစ်တော်အော့‑က်မာ ပေါန်းစည်းဟှို့တွပ် စီမံဘီးဟှာ ခွဲခန့်ဟှားဇာ ဖြစ်ဟှယ်။
11 ရှိမျှဂူလောင်းဟှို ဘုရားသခင်ရဲ့ ကြံစည်န ဆောင်းဖြတ်ဟှားတိုင်း ဖြစ်လာရဟှယ်။ ဘုရားသခင်ဟှာ သူ့ရဲ့လိုတော်ကြောန့် ရှေးရှေးဒူးဟှနေ စီရင်ဘီး ဆောင်းဖြတ်ဟှားဟှူတိုင်း နို့လေဟှို ခရစ်တော်န တလောင်းတဝဒဲ ဖြစ်စေဘီးဟှာ သူ့ရဲ့ လူမျိုးတော်ဖြစ်န ဝီးကော့‑က်ဟှားဇာ ဖြစ်ဟှယ်။ 12 အယ်ကြောန့် ခရစ်တော်ဟှို ဦးဆောင်းပထမ မျှော်လင့်ဟှူနို့လေဟှာ ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ချီးမွမ်းဂေ့ဇို့။
13 နန်းနို့လေဟှာ ကယ်တန်ရှင်းနဆိုင်ဟှူ ဒန်းကောန်းဖြစ်ဟှူ သမ္မာတရားဟှို ကြားရဟှူ ခီမာ ဘုရားသခင်ရဲ့ လူမျိုးလေ ဖြစ်လာဂေ့ဟှယ်။ နန်းနို့ဟှာ ခရစ်တော်ဟှို ယောင်ကြည်ဘီး ဘုရားသခင်ဟှာ သူ့ရဲ့ ဂဒိထားဟှားတိုင်း သန့်ရှင်းဟှူဝိညာဉ်တော်ဟှို ပေးဇာအားဖြင့် နန်းနို့ဟှို သူပိုင်ဟှူကြောန့် ဇိခတ်ဇာဟှို ခံရဂေ့ဟှယ်။ 14 ဝိညာဉ်တော်ဟှာ ဘုရားသခင်ရဲ့ လူမျိုးတော်ဟှို ဂဒိထားဟှားတိုင်း နို့လေဟှား ခံစားရမယ်ဖြစ်ကြောန်း အာမခံချစ်ဖြစ်ဟှယ်။ အယ်ကြောန့် ဘုရားသခင်ဟှာ သူပိုင်ဟှူလူလေဟှို လွတ်မြော့‑က်စေမယ် ဖြစ်ဟှူကြောန့် နို့လေဟှာ ယောင်ကြည်စိခ္လနိုင်ဟှယ်။ နို့လေဟှာ ကိုယ်တော်ရဲ့ ဖောင်းသရေတော်ဟှို ချီးမွမ်းဂေ့ဇို့။
- a ၁.၁ တ ၁၈.၁၉–၂၁; ၁၉.၁
- b ၁.၁ တချို့ မူရင်းလတ်ရေးမူလေမာ ဧဖက်ဗြို့၊ ဆိုဇာ မှေ့ဟှ။
- c ၁.၅ ကိုယ်တော့် မြစ်တာကြောန့်၅ဘုရားသခင်ဟှ၊ အယ်မျိုးမူဘဲနေဟှာ ကိုယ်တော်ရဲ့ ရှေ့တော်န မြစ်တာထဲမာ နေဟှယ်၊ ဘုရားသခင်ဟှ။
- d ၁.၇ ကော ၁.၁၄
- e ၁.၇ ခရစ်တော်ရဲ့ သွီးတော်အားဖြင့်၊ အယ်မျိုးမှုဘဲနေဟှာ ခရစ်တော်ရဲ့ သေခံရှင်းအားဖြင့်။
- f ၁.၂၂,၂၃ ကော ၁.၁၈
- g ၁.၂၃ ရှိမျှဂူလောင်းဟှို ပ္လဲ့ဝစောင်လင်စေဟှူ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာ ဖြစ်ဟှယ်၊ အယ်မျိုးမှုဘဲနေဟှာ ရှိမျှဂူလောင်းဟှို ပ္လဲ့ဇောင်စေဟှူ ဘုရားသခင်ရဲ့ ပ္လဲ့ဇောင်ရှင်း ဖြစ်ဟှယ်။
Languages