7 အယ်နေရာမာ ပုဗလိ နာမယ်ရှိဟှူ ကျွန်းလူဂီးပိုင်ဟှူ မ္လေယာလေရှိဟှယ်။ အယ်လူဟှာ နို့လေဟှို လတ်ခံဘီးန သောင်းရစ်လောင်းလောင်း ဧည့်ခံဘီး ကျွေးမွေးဟှယ်။ 8 ပုဗလိရဲ့ ဖဟှာ ဖျားနေဘီးဟှာ ဝန်းကိုက်ဟှူ ရောဂါဖြစ်ဘီး လဲနေဟှယ်။ ပေါလုဟှာ သူ့ခန်းထဲဟှို ဝမ်ဘီး ဆုတောန်းဘီးန သူ့ကိုယ်ထတ်မာ လတ်တန်ဘီး သူ့ဟှို ကျန်းမာစေဟှယ်။ 9 အယ်မျိုးဇာလေ ဖြစ်ပျစ်ဟှားဟှူကြောန့် ကျွန်းမာနေဟှူ၊ နေကောန်းဘဲဟှူ လူလေဟှာ ပေါလုနားဟှို လာဂေ့ဟှယ်။ ပေါလုဟှာ သူးနို့ဟှို ကျန်းမာစေဟှယ်။ 10 သူးနို့ဟှာ ကျွန်တော့်လေဟှို လတ်ဆောန်လေပေးဂေ့ဟှယ်။ ကျွန်တော့်လေဟှ ထွပ်ဟှားဟှို့ လောက်နေဂေ့ခီမာ လိုအပ်ဟှူ စားဇာရိခါလေဟှို သန်းဖောထတ်ဟှို ပို့ပေးဂေ့ဟှယ်။
17 နော့‑က်သောင်းရစ် ကြာဟှူ ခီမာ ပေါလုဟှာ ဗြို့မာနေဟှူ ယုဒလူမျိုးခေါန်းဆောန်လေဟှို ဖိခေါ်လိုက်ဟှယ်။ အယ်လူလေဟှာ လာဘီး စုနေဟှူ ခီမာ ပေါလုဟှ “ညီကိုလေ၊ ငါဟှာ ကိုယ့်လူမျိုးဟှိုရော၊ ဘိုးဘေးလေရဲ့ ထောင်းဒန်းစဉ်လာလေဟှိုရော၊ ဆန့်ကျင်ဟှူမှုလေ ခုလည်းလောက်ဟှ။ အယ်ဘေမဲ့ ယုဒလူမျိုးလေဟှာ ယေရုရှလင်ဗြို့မာ ငါ့ဟှို ဖမ်းဘီးဟှာ ရောမလူမျိုးလတ်ထဲဟှို အပ်ဂေ့ဟှယ်။ 18 အယ်လူလေဟှာ ငါ့ဟှို စစ်ဆေးဘီး ငါ့ရဲ့မှုမာ သေဒန်ပေးထိုက်ဟှူကြောန်း ခုလည်းတွိဘဲကြောန့် ငါ့ဟှို လွှတ်လိုက်ဂေ့ဟှယ်။ 19 [a]အယ်ဘေမဲ့ ယုဒလူမျိုးလေဟှာ ကန့်ကွက်ဂေ့ဟှူကြောန့် ငါဟှာ လွှဲရှောန်သာဘဲဟှူကြောန့် ကဲသာမန်းဂီးနားဟှို ယူခံဝမ်ရဟှယ်။ အယ်မျိုး ပြောရဟှူဇာဟှာ ကိုယ့်လူမျိုးဟှို ပြစ်တန်ဇာ တခုခုရှိကြောန့် ပြောဇာ မှုဟှ။ 20 အယ်ကြောန့် ခန်ဗျားလေန တွိဆောင်ခွမ့်ဟှို တောန်းရှော့‑က်ဇာ ဖြစ်ဟှယ်။ ငါဟှာ အယ်သံကြိုးန ခယ်ခံရဇာဟှာ ဣသရေလလူလေ မျှော်လင့်ဘီး စောန့်နေဂေ့ဟှူ သခင်တွပ်ကြောန့်ဘဲ့ ဖြစ်ဟှယ်” ဆိုဘီး ပြောဟှယ်။
21 အယ်လူလေဟှ “နို့လေဟှာ နန့်ကြောန်းဟှို ယုဒပြည်ဟှနေ စာတစောန်လည်း ရဂေ့ဟှ။ နို့လေရဲ့ ယုဒလူမျိုးလေထဲဟှနေ ညီကိုလေတယော့‑က်လည်း လာဘီးဟှာ နန့်ရဲ့ ကောန်းဘဲဟှူ ဒန်းဟှိုပြောဟှ။ 22 အယ်ဘေမဲ့ အယ်ဂိုဏ်းကြောန်းဟှို ဆန့်ကျင်ဘီး နေရာတိုင်းမာ ပြောနေဂေ့ဇာဟှို နို့လေသိရဟှယ်။ အယ်ကြောန့် နန့်ရဲ့ ယူဝါဒဟှို နို့လေဟှ ကြားရှင်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။
23 အယ်လူလေဟှာ ရစ်ချီးပေးဂေ့ဟှယ်။ ချီးလိုက်ဟှူနေ့မာ ပေါလုနေဟှူ နေရာဟှို လူဘောင်ဂီးဟှ ရော့‑က်လာဂေ့ဟှယ်။ ပေါလုဟှာ မိုးလန်းဟှနေ နေဒန်ထိ ဘုရားသခင်ရဲ့ နိုင်ငံတော်နဆိုင်ဟှူ တရားတော်ကြောန်းဟှို သွီးဆောန်ဘီးဟှာ ရှင်းလန်းဖော်ပြဟှယ်။ သခင်ယေရှုရဲ့ ကြောန်းလေ မောရှေရဲ့ ပညတ်ကျမ်းန ပရောဖက်ကျမ်းလေဟှို ကော့‑က်နှုဘီးဟှာ အယ်လူလေနားလည် ဘောပေါ့‑က်လာဟှို့တွပ် ကြိုးစားဘီးဟှာ ဟောပြောဟှယ်။ 24 သူးနို့ထဲဟှ တချို့ဟှာ ပေါလုရဲ့ စည်းရောင်းဟှူစကားလေဟှို ယောင်ကြည်လာဂေ့ ဘေမဲ့လည်း တချို့ဟှ ယောင်ကြည်ဂေ့ဟှ။ 25 အယ်မျိုး ပေါလုပြောဟှူ ခီမာ ယုဒလူမျိုးလေဟှာ ရှစ်ရှင်းဘဲ့ ပြင်းပြင်းထန်းထန်ဟှား ငြင်းဂေ့ဘီး ထွပ်ဟှားဂေ့ဟှယ်။ ပေါလုဟှ “ပရောဖက်ဟေရှာယဟှ နန်းနို့ ဘိုးဘေးလေဟှို သန့်ရှင်းဟှူဝိညာဉ်တော် ဖော်ပြဟှားဟှူဇာဟှာ မှန်ပါဟှယ်။ ဖော်ပြဟှားဟှူဇာဟှ အယ်မျိုးဖြစ်ဟှယ်။
28 နော့‑က်ဆောင်းနေန ပေါလုဟှ “အယ်ကြောန့် ဘုရားသခင်ရဲ့ ကယ်တန်ရှင်းတရားဟှို လူမျိုးခြားလေဟှ ကြားရဟှို့တွပ် ဟောပြောဟှို့လူလေဟှို လွှတ်ဘီးဖြစ်ဟှူကြောန့် သူးနို့ဟှာ ကြားရဂေ့လေ့မယ် ဖြစ်ဟှူကြောန်း နန်းနို့ဟှာ သိမှတ်ဟှားဂေ့” ဆိုဘီး ပြောဟှယ်။ 29 [b]
30 ပေါလုဟှာ အယ်ဗြို့မာ နှေ့နှစ်လောင်းလောင်း သူငှားဟှားဟှူ အီမာနေဘီးဟှာ။ သူ့နားဟှို ရော့‑က်လာဂေ့ဟှူ လူလေဟှို ကြိုဆိုဧည့်ခံဘီး၊ 31 ဘုရားသခင်ရဲ့ နိုင်ငံတော်ကြောန်းဟှို ဟောပြောဘီး သခင်ယေရှုခရစ်တော်ရဲ့ ကြောန်းဟှို ဆီးတားမှေ့ဘဲန ရဲရဲရင့်ရင့်ဟှား ဟောပြောဘီးနေဟှယ်။
<- တမန်တော် 27
Languages