7 ကျွန်တော့်လေဟှာ တဖြေးဖြေးဟှားန ရစ်လေကြာဂီး သွားဘီးန နော့‑က်ဆောင်းမာ ကနိဒ်ဗြို့နားဟှို ခတ်ခတ်ခဲခဲန ရော့‑က်ဟှားဂေ့ဟှယ်။ လေလာနိုင်ဘဲဟှူကြောန့် ရှေ့ဟှို သွားနိုင်ဘဲဟှိ ကျွန်တော့်လေဟှာ သာလမုန်ငူ နားဟှနေ ဖြတ်ဘီး ကရေတေကျွန်း တောန်ဖတ်ဟှနေ သွားဂေ့ဟှယ်။ 8 ပန်လယ်ကမ်းန နီးနီးဟှားသွားဘီးဟှာ ခတ်ခတ်ခဲခဲန လာသဲဗြို့နားဟှ ဆိကမ်းသာ နာမယ်ရှိဟှူ နေရာဟှို ရော့‑က်ဟှားဂေ့ဟှယ်။
9 ကျွန်တော့်လေဟှာ အယ်နေရာမာ ကြာဂီးနားဂေ့ခီမာ ပြစ်ဖြေဟှူပွဲနေ့[a]ဟှို လွန်လာဟှယ်။ အယ်ကြောန့် ပန်လယ်ခရီးသွားဟှို့တွပ် ဘေးအန္တရာယ် ရှိလာဟှူကြောန့် ပေါလုဟှ ဒိပေးဘီး 10 “မိဆွေလေ၊ ခု ပန်လယ်ခရီးသွားမယ် ဆိုဟှာ သန်းဖောန ကူပစ်စီးလေဟှိုဘဲ့ မှုဘဲန ကျွန်တော့်လေ သတ်လည်း ဆောင်းရှောင်းဇာ ရှိဟှူကြောန်းဟှို ငါဗြင်ဟှယ်” ဆိုဘီး ပြောလေဟှယ်။ 11 အယ်ဘေမဲ့ တပ်မှူးဟှာ ပေါလု စည်းရောင်းဟှူစကားထတ် ပဲ့နန်းန သန်းဖောဇရှင်ရဲ့ စကားဟှို ပိုဘီး ဟှာ ယောင်ကြည်ဟှယ်။ 12 အယ်ဆိကမ်းမာ ဆောန်းဒွမ်းလောင်းလောင်း နားနေဟှို့တွပ် ကောန်းဘဲကြောန့် လူတိုင်းဟှ အယ်ဆိကမ်းဟှနေ ထွပ်ရှင်ဂေ့ဟှယ်။ ဖြစ်နိုင်မယ် ဆိုဟှာ ဖိနိတ်ဗြို့ဟှို ရော့‑က်အောန်သွားဘီး ဆောန်းကာလမာ နားရှင်ဂေ့ဟှယ်။ ဖိနိတ်ဆိကမ်းဟှာ ကရေတေကျွန်းမာရှိဘီး နော့‑က်တောန်ဖတ်န နော့‑က်မြော့‑က်ဖတ်[b]ဟှို မျစ်နှာလှည့်ဟှားဟှယ်။
21 လူလေဟှာ ရစ်ကြာဂီး စားဇာစားဘဲ နေဂေ့ဘီးန ပေါလုဟှာ သူးနို့လယ်မာ ရပ်ဘီးဟှာ “မိဆွေလေ၊ နန်းနို့ဟှာ ငါ့စကားဟှို နားထောန်ဘီး ကရေတေကျွန်းဟှနေ ထွပ်ဘဲန နေသင့်ဟှယ်။ အယ်မျိုးနေမယ် ဆိုဟှာ အယ်မျိုး ပျစ်စီးဆောင်းရှောင်းဇာန ရင်ဆိုင်ရဂေ့ဟှို့ မှုဟှ။ 22 အယ်ဘေမဲ့ အားငယ်ဂေ့န။ နန်းနို့ထဲမာ ဖယ်သူလဲ သတ်ဆောင်းရှောင်းရဟှို့ မှုဟှ။ သန်းဖောဘဲ့ ဆောင်းရှောင်းရလေ့မယ်။ 23 ငါ့သခင်၊ ငါကိုးကွယ်ဟှူ ဘုရားသခင်ရဲ့ ကောန်းဂန်တမန်ဟှာ ပီးဟှားဟှူ ညဉ့်ခန်းဒူးဟှ ငါ့နားဟှိုလာဘီး၊ 24 ‘ပေါလု၊ ကြော့‑က်န။ နန်ဟှာ ကဲသာမန်းဂီး ရှေ့ဟှို ရော့‑က်ရမယ်။ ဘုရားသခင်ဟှာ နန့်ဟှို ထော့‑က်ထားကြောန့် နန့်နတူးဒူ သန်းဖောစီးလာဂေ့ဟှူ လူလေဟှာ သေဘေးဟှနေဘီးဟှာ လွတ်မြော့‑က်လေ့မယ်’ ဆိုဘီး ပြောဟှယ်။ 25 အယ်ကြောန့် မိဆွေလေ၊ အားငယ်ဂေ့န။ ငါဟှာ ဘုရားသခင်ဟှို ယောင်ကြည်ဟှူသူ ဖြစ်ဟှယ်။ အယ်ကြောန့် ငါ့ဟှို ကောန်းဂန်တမန်ဟှ ဖော်ပြဟှားတိုင်းဘဲ့ ဖြစ်ပျစ်လေ့မယ်။ 26 အယ်ဘေမဲ့ နို့လေရဲ့ သန်းဖောဟှာ ကျွန်းတခုထတ်မာ သောန်တန်လေ့မယ်” ဆိုဘီး ပြောဟှယ်။
27 ဆယ့်လေးရစ်လော့‑က် ရော့‑က်ဟှားဟှူနေ့ ညဉ့်ခန်းဇာမာ ကျွန်တော့်လေ သန်းဖောဟှာ အာဒြိပန်လယ်မာ လေမှောန်ဒိုင်းတိုက်ဟှူ နေရာထဲဟှို မျောပါဘီးနေဟှယ်။ ညဉ့်နတ်ဟှားခီမာ သန်းဖောသားလေဟှာ ကမ်းတခုခုနားဟှို နီးလာဟှယ် ဆိုဇာဟှို ရိမိဂေ့ဟှယ်။ 28 သူးနို့ဟှာ ရေဟှို တိုင်းဂေ့ဟှူ ခီမာ ပေတရာ့နှေ့ဆယ်ရှိဟှယ် ဆိုဇာ တွိရဂေ့ဟှယ်။ ရှေ့ဟှိုနဲနဲဟှား သွားဘီးန တခါတိုင်းဂေ့ဟှူ ခီမာ ပေကိုးဆယ်ဘဲ့ရှိဟှယ် ဆိုဇာဟှို တွိရဟှယ်။ 29 သူးနို့ဟှာ က္လော့‑က်ဆောန်န တိုက်မိဟှို့ဇာဟှို စိုးရိမ်ဟှူကြောန့် သန်းဖောပဲ့ဖတ်ဟှ က္လော့‑က်ဆူးလေးခုဟှို ခ္လဘီးဟှာ “မိုးလန်းပါစေ” ဆိုဘီး ဆုတောန်းဂေ့ဟှယ်။ 30 သန်းဖောသားလေဟှာ သန်းဖောရဲ့ ဦးဖတ်မာ က္လော့‑က်ဆူးဟှို ခ္လဟှို့ ဟန်ဆောန်ဘီးဟှာ သတ်ကယ်လှေဟှို ရှောခ္လဘီးဟှား ထွပ်ပ္လေးဟှို့တွပ် ကြိုးစားနေဂေ့ဟှူ ခီမာ 31 ပေါလုဟှာ တပ်မှူးန စစ်သားလေဟှို “အယ်သန်းဖောသားလေဟှာ သန်းဖောထတ်မာ နေဟှဆိုဟှာ နန်းနို့ကိုယ်တိုင် သတ်ဘေးဟှ လွတ်ဟှို့တွပ် မျှော်လင့်ချစ်ရှိဟှို့ မှုဟှ” ဆိုဘီး ပြောဟှယ်။ 32 အယ်ခီမာ စစ်သားလေဟှာ သတ်ကယ်လှေရဲ့ ကြိုးဟှို ခွတ်ဖြတ်ဘီးဟှာ လှေဟှို အော့‑က်ဟှို ခ္လလိုက်ဟှယ်။
33 မိုးလန်းခါနီးမာ ပေါလုဟှာ အယ်လူလေဟှို စာစားဟှို့တွပ် တိုက်တွန်းရှင်ကြောန့် “နန်းနို့ဟှာ ဖယ်မျိုးဖြစ်မယ် ဆိုဘီး စားငတ်ခံဘီး နေဂေ့ဇာဟှာ ဆယ့်လေးရစ်လော့‑က် ရှိဟှားဘီ။ နန်းနို့ဟှာ ဖြားစာဟှိုလည်း စားဂေ့ဟှ။ 34 နန်းနို့ဟှာ ဆစ်ဘီးဟှာ သတ်ရှင်ဟှို့တွပ်၊ စားစာဂေ့ဟှို့တွပ် ငါတောန်းဗန်ဟှယ်။ နန်းနို့ရဲ့ ခေါန်းဟှ ဆန်းဗန်တဗန်လည်း ပျစ်စီးရဟှို့ မှုဟှ” ဆိုဘီး ပြောဟှယ်။ 35 အယ်ဘီးန ပေါလုဟှာ မုဟှို ယူဘီးဟှာ အယ်လူလေ အားလောင်းရှေ့မာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းဘီးန မုဟှိုဖဲ့ဘီး စားဂေ့ဟှယ်။ 36 အယ်ခီမာ အယ်လူလေ ဂူလောင်းဟှာ အားတတ်လာဂေ့ဘီးဟှာ စားဇာဟှို စားဂေ့ဟှယ်။ 37 သန်းဖောထတ်မာ လူလေ ဂူလောင်းဟှ ၂၇၆ ယော့‑က်[c] လော့‑က်ရှိဟှယ်။ 38 လူလေဟှာ ဝအောန်စားဂေ့ဘီးန သန်းဖောဟှို ပေါ့စေဟှို့တွပ် ဂျောင်ဆန်ရှိမျှဟှို ပန်လယ်ထဲဟှို ပစ်ခ္လဂေ့ဟှယ်။
42 အယ်ခီမာ စစ်သားလေဟှာ ကျဉ်းသားလေ ရေကူးဘီး ထွပ်ပ္လေးမာဟှို စိုးရိမ်ဟှူကြောန့် သူးနို့ဟှို သတ်ဟှို့တွပ် ကြံစည်ဂေ့ဟှယ်။ 43 အယ်ဘေမဲ့ တပ်မှူးဟှာ ပေါလုဟှို ကယ်ရှင်ဟှူကြောန့် စစ်သားလေရဲ့ ကြံစည်တိုင်း လောက်ဘဲဟှို့တွပ် တားဘီးဟှာ ဦးဆောင်းပထမ ရေကူးတတ်ဟှူ လူလေဟှို သန်းဖောဟှနေ ခူခ္လခိုင်းဘီး ကူးခိုင်းလိုက်ဟှယ်။ 44 အယ်ဘီးန ကျန်နေဟှူ လူလေဟှို သစ်ပ္လားလေနရော၊ သန်းဖောပျစ်ဟှ သစ်ပိုင်းစလေန စီးဘီးဟှာ ကူးဂေ့ဟှို့တွပ် ပြောလိုက်ဟှယ်။ အယ်မျိုးနည်းနဘဲ့ ကျွန်တော့်လေ ဂူလောင်းဟှာ ဘေးဟှလွှတ်ဘီး ကူးထတ်ဟှို ရော့‑က်ဟှားဂေ့ဟှယ်။
<- တမန်တော် 26တမန်တော် 28 ->- a ၂၇.၉ ပြစ်ဖြေဟှူပွဲနေ့၊ စက်တင်ဘာလ ကူခါနီးမာ မှုဘဲနေဟှာ အောက်တိုဘာလ စမာ ကျင်းပဟှူပွဲ အယ်မျိုးခီမာ ရာသီဥတုဟှ ရရာတိုင်း ဆိုးဟှူကြောန့် သန်းဖောန ဝှပ်လွပ်ဟှို့တွပ် ခတ်ခဲဟှယ်။
- b ၂၇.၁၂ နော့‑က်တောန်ဖတ်န နော့‑က်မြော့‑က်ဖတ်၊ အယ်မျိုးမှုဘဲနေဟှာ ရှေ့မြော့‑က်ဖတ်န ရှေ့တောန်ဖတ်။
- c ၂၇.၃၇ ၂၇၆ ယော့‑က်၊ တချို့ မူရင်းလတ်ရေးမူလေမာ ၂၇၅ ယော့‑က်၊ ဆိုဘီး ပါရှိဟှယ်၊ တခြားကျမ်းလေမာ ၇၆ ယော့‑က်လော့‑က် ရှိဟှယ်၊ ဆိုဘီး ပါရှိဟှယ်။
Languages