6 ဗြို့ဝန်မန်းဟှာ ယေရုရှလင်ဗြို့မာ ဆယ်ရစ်လော့‑က်နေဘီးန ကဲသရိဗြို့ဟှို ထွပ်ဟှားလေဟှယ်။ နော့‑က်တနေ့မာ တရားပလ္လင်မာ ထိုင်ဘီးဟှာ ပေါလုဟှို ခေါ်လာဟှို့တွပ် မိန့်ပေးလိုက်ဟှယ်။ 7 ပေါလုဟှာ ရော့‑က်ဟှူ ခီမာ ယေရုရှလင်ဗြို့ဟှနေ ဆင်းလာဂေ့ဟှူ ယုဒလူမျိုးလေဟှာ သူ့ဟှို ဝိုင်းဘီးဟှာ ရရာတိုင်း ကီးလေးဟှူပြစ်လေန စွပ်စွဲဘီး ပြောဂေ့ဟှယ်။ အယ်ဘေမဲ့လည်း သတ်သေဟှ ပြနိုင်ဂေ့ဟှ။ 8 ပေါလုဟှ “ကျွန်တော်ဟှာ ယုဒလူမျိုးလေရဲ့ ပညတ်တရားဟှိုရော၊ ဗိမာန်တော်ဟှိုရော၊ ကဲသာမန်းဂီဟှိုရော ပြစ်မှုခုလည်း ကျူးလွန်ဟှ” ဆိုဘီး ကာကွယ်ဘီး ပြောဟှယ်။
9 ဖေတ္တုမန်းဟှာ ယုဒလူမျိုးလေဟှနေ မျစ်နှာသာ ရရှင်ဟှူကြောန့် “နန်ဟှာ ယေရုရှလင်ဗြို့ဟှို တတ်ဟှားဘီးဟှာ ငါ့ရှေ့မာ အယ်မျိုး စွပ်စွဲချစ်လေန ပတ်သတ်ဘီး စီရင်ခံဟှို့လော” ဆိုဘီး ပေါလုဟှို မေးဟှယ်။
10 ပေါလုဟှ “ကျွန်တော်ဟှာ ခု ကဲသာမန်းဂီးရဲ့ တရားပလ္လင်ရှေ့မာ ရပ်နေဟှယ်။ အယ်နေရာမာ ကျွန်တော်ဟှို စီရင်သင့်ပါဟှယ်။ သခင်ဟှာ သိတိုင်းဘဲ့ ကျွန်တော်ဟှာ ယုဒလူမျိုးလေဟှို ဖယ်မျိုးလည်း ပြစ်မှားဟှ၊ 11 ကျွန်တော်ဟှာ တရားဥပဒေဟှို ခ္လိုးဖော့‑က်ဘီး သေဒန်ခံရဟှူ တရားဘဲဟှူပြစ် ကျူးလွန်မယ် ဆိုဟှာ ကျွန်တော့်ဟှို သတ်ချမ်းသာပေးဟှို့တွပ် တောန်းခံဟှို့ မှုဟှ။ အယ်ဘေမဲ့ သူးနို့ရဲ့ စွပ်စွဲချစ်လေဟှာ မှန်ကန်ဘဲ့နေဟှာ ဖယ်သူလည်း ကျွန်တော့်ဟှို သူးနို့လတ်ထဲဟှို အပ်နိုင်ဟှ။ ကျွန်တော်ဟှာ ဗြို့ဝန်မန်းမာ ယူခံဝမ်ပါဟှယ်” ဆိုဘီး လျှော့‑က်ဟှယ်။
12 အယ်ခီမာ ဖေတ္တုမန်းဟှာ သူ့ရဲ့ ရာရှိလေန တိုင်ဗန်ဘီးန “နန်ဟှာ ကဲသာမန်းဂီးနားဟှို ယူခံဝမ်ဟှို့တွပ် ကဲသာမန်းဂီးနားဟှို သွားရမယ်” ဆိုဘီး ပြောဟှယ်။
22 အဂြိပ္ပမန်းဂီးဟှာ “အယ်လူပြောဇာဟှို ကျွန်တော်ကိုယ်တိုင် ကြားရှင်ဟှယ်” ဆိုဘီး ပြောဟှယ်။
23 နော့‑က်တနေ့မာ အဂြိပ္ပမန်းန မိဖုရား ဗေရနိတ်လေဟှာ ရရာတိုင်း ကြီးကျယ်ခမ်းနားဟှူ ဂေါင်သရေလေဟှို ဆောန်ဘီးဟှာ တပ်မှူးလေန၊ ဗြို့မာနေဟှူ ဂေါင်သရေရှိဟှူ လူဂီးလေနတူးဒူ ကြွလာဘီးဟှာ ခန်းမဂီးထဲဟှို ဝမ်လာဟှယ်။ အယ်ခီမာ ဖေတ္တုမန်းရဲ့ မိန့်န ပေါလုဟှို ခေါ်လာဂေ့ဟှယ်။ 24 ဖေတ္တုမန်းဟှ “အဂြိပ္ပမန်းဂီးန ကြွလာဟှူ လူပေါန်းလေ၊ ယေရုရှလင်ဗြို့န အယ်ဗြို့မာရှိနေဟှူ ယုဒလူမျိုးလေဟှ ‘အယ်လူဟှာ သတ်ရှင်သင့်ဟှ’ ဆိုဘီး ကျွန်တော့်ဟှို လျှော့‑က်ဟှားဂေ့ဟှယ်။ အယ်မျိုး လျှော့‑က်ခံရဟှူလူဟှ အယ်လူဘဲ့ ဖြစ်ဟှယ်။ 25 သူဟှာ သေဒန်ခံထိုက်ဟှူပြစ် ခုလည်းကျူးလွန်ဟှ ဆိုဇာဟှို ကျွန်တော့်နေန သိရဟှယ်။ အယ်ကြောန့် သူကိုယ်တိုင်ဟှ ကဲသာမန်းဂီးနားမာ ယူခံဝမ်မယ် ဆိုဘီး တောန်းဗန်ဘီးဟှာ ပြောဟှူကြောန့် သူ့ဟှို မန်းဂီးနားဟှို ပို့ဆောန်ဟှို့တွပ် ကျွန်တော်ဆောင်းဖြတ် လိုက်ဟှယ်။ 26 သူ့န ပတ်သတ်ဘီး မန်းဂီးဟှို တိတိက္လက္လဟှား လျှော့‑က်တန်ဇာ ခုလည်း ကျွန်တော့်မာ မှေ့ဟှ။ အယ်ကြောန့် အယ်လူဟှို ခန်ဗျားလေရှေ့ဟှို ခေါ်ဆောန်လာဇာ ဖြစ်ဟှယ်။ ထူးသဖြင့်ဟှ အဂြိပ္ပမန်းဂီးရှေ့ဟှို ခေါ်လာဇာ ဖြစ်ဟှယ်။ အယ်မျိုးခေါ်လာဇာဟှာ သူ့ဟှို သခင်ဟှာ စစ်ဆေးဘီးဟှာ ကျွန်တော့်ဟှာ စီရင်ခံစာရေးဟှို့တွပ် ကြောန်းရာတခုခု ရနိုင်ဟှို့တွပ် ဖြစ်ဟှယ်။ 27 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျဉ်းသားတယော့‑က်ဟှို စွဲချစ်တခုခု ဖော်ပြဘဲန စေလွှတ်ဟှို့တွပ် သင့်ဟှ ဆိုဘီး ကျွန်တော်ထန်ဟှယ်” ဆိုဘီး ပြောဟှယ်။
<- တမန်တော် 24တမန်တော် 26 ->
Languages