3 “မြတ်ဟှူဖေလဇ်၊ ကျွန်တော့်လေဟှာ အယ်မူဇာဟှို နေရာတိုင်းမာ ရရာတိုင်း ကျေးဇူးတန်ဘီးဟှာ ကြိုဆိုဂေ့ဟှယ်။ 4 ကျွန်တော့်ဟှာ သခင်ရဲ့ ခီဟှို ဘောင်ဂီးယူရှင်ဘဲကြောန့် ကျဉ်းချောက်နဘဲ့ လျှော့‑က်ဟှားဇာဟှို ကြင်နာဟှူစိန နားထောန်ပေးဟှို့ တောန်းဗန်ဟှယ်။ 5 အယ်လူဟှာ ပြဿနာကောန်ဖြစ်ဘီး ကမ္ဘာတဝန်းလောင်းမာရှိဟှူ ယုဒလူလေဟှို ဆူပူအောင်ကြွမှု ဖြစ်အောန် နှိုးဆော်ပေးနေဟှယ်။ အယ်ဘီးဟှာ သူဟှာ နာဇရက်ဂိုဏ်းရဲ့ ခေါန်းဆောန် တယော့‑က်လည်း ဖြစ်ဟှယ် ဆိုဇာဟှို ကျွန်တော့်လေ တွိရဟှယ်။ 6 ဗိမာန်တော်ဟှိုလည်း ညစ်ညူးအောန်လောက်ဟှို့ ကြိုးစားဟှယ်။ အယ်ကြောန့် သူ့ဟှို ကျွန်တော့်လေဟှာ ဖမ်းဘီးဟှယ်။ 7 [a] 8 သခင်ဟှာ အယ်လူဟှို စစ်ဆေးမယ် ဆိုဟှာ သူ့ဟှို ကျွန်တော့်လေဟှ စွပ်စွဲနေဟှူဇာလေ ဂူလောင်းဟှို သခင်ကိုယ်တိုင် သိရလေ့မယ်” ဆိုဘီး လျှော့‑က်ဟှယ်။ 9 ယုဒလူလေဟှလည်း အယ်စွပ်စွဲချစ်ဟှာ မှန်ဟှယ် ဆိုဘီး ပေါလုဟှို ဝိုင်းဘီးဟှာ ပြောဂေ့ဟှယ်။
17 [b] “ကျွန်တော်ဟှာ ယေရုရှလင်ဗြို့ဟှ ထွပ်ဘီး နှစ်ပေါန်းဘောင်ဂီး ကြာဘီးန ကိုယ့်လူမျိုးလေဟှို ပေးကမ်းစွန့်ကြဲဟှို့တွပ်န ဘုရားသခင်ဟှို ပူဇော်ဆစ်သဟှို့တွပ် ရော့‑က်လာဟှယ်။ 18 ဗိမာန်တော်ထဲမာ ကျွန်တော့်ဟှာ စင်ကြယ်ရှင်းဟှို လောက်ဘီးန ပူဇော်သကာ ဆစ်သနေဒူးမာ အယ်လူလေဟှာ ကျွန်တော့်ဟှို တွိဟှားဂေ့ဟှယ်။ အယ်နေရာမာ လူအောက်ဂီးလည်း ကျွန်တော်နတူးဒူ မှေ့ဟှ။ ရောင်းရင်းဆန်ခတ်လည်း ဖြစ်ဂေ့ဟှ။ 19 အယ်ဘေမဲ့ အယ်နေရာမာ အာရှိပြည်ဟှ ယုဒလူတချို့ရှိဟှယ်။ ကျွန်တော့်ဟှို စွပ်စွဲမယ် ဆိုဟှာ သခင်ရှေ့မာ သူးနို့ကိုယ်တိုင် လာဘီး စွပ်စွဲသင့်ဟှယ်။ 20 အယ်မျိုးမှုဘဲနေဟှာ အယ်မူရှိနေဟှူ လူလေဟှ သခင်ရှေ့မာ ကျွန်တော် ကျူးလွန်ဟှူပြစ်လေဟှို ဖော်ပြဘီး စွပ်စွဲသင့်ဟှယ်။ 21 [c]ကျွန်တော်ဟှာ တရားလွှတ်တော်ရှေ့မာ ရပ်ဘီး ‘သေဟှားလူလေဟှာ ရှင်ပ္လန်ထမြော့‑က်လေ့မယ် ဆိုဇာဟှို ယောင်ကြည်ဟှူကြောန့် အယ်နေ့ နန်းနို့ရှေ့မာ ကျွန်တော်ဟှာ စစ်ဆေးခံနေရဟှယ်’ ဆိုဘီး စကားတခွန်းဟှိုဘဲ့ ကြွေးကြော်ဟှယ်” ဆိုဘီး ပြောလေဟှယ်။
22 ဖေလဇ်မန်းဟှာ အယ်လမ်းစဉ်ကြောန်းဟှို ကောန်းကောန်းဟှား သိဟှူလူ ဖြစ်ဟှူကြောန့် မှုစစ်ဆေးဇာဟှို အယ်ခီမာ ရွှေ့ဆိုင်းလိုက်ဟှယ်။ သူဟှ “တပ်မှူးလုသိ ရော့‑က်လာဟှူ ခီမာ အယ်မှုဟှို ငါဟှာ စီရင်ချစ်ခ္လမယ်” ဆိုဘီး သူးနို့ဟှို ပြောဟှယ်။ 23 ပေါလုဟှို စောန့်လေန ထားဟှားဟှို့န လွတ်လပ်မှုဟှို နဲနဲပေးဘီး သူ့မိဆွေလေရဲ့ ပြုစုဇာဟှို ခွမ့်ပြုဟှို့ တပ်မှူးဟှို မိန့်ပေးဟှားဟှယ်။
27 နှေ့နှစ်လော့‑က်ကြာဘီးန ဖေလဇ်မန်းရဲ့ ဗြို့ဝန်မန်းရာထူးဟှို ပေါကိဖေတ္တုဟှ ဆစ်ခံဟှယ်။ ဖေလဇ်မန်းဟှာ ယုဒလူလေဟှို ကျေးဇူးပြုရှင်ဟှူကြောန့် ပေါလုဟှို ထောန်ခ္လဟှားရစ်ဟှယ်။
<- တမန်တော် 23တမန်တော် 25 ->- a ၂၄.၇ တချို့ လတ်ရေးမှုလေမာ ခန်းငယ် ၆ခ–၈က ဟှို၊ နို့လေရဲ့ ကိုယ်ပိုင်ဥပဒေန သူ့ဟှို စီရင်ဟှို့ ကြံစည်ဂေ့ဟှယ်။ ၇ အယ်ဘေမဲ့ တပ်မှူးလုသိဟှ ရရာတိုင်း ဒေါသထွပ်ဘီးဟှာ ပေါလုဟှို သူးနို့လတ်ထဲဟှနေဘီး ဆွဲယူလိုက်ဟှယ်။ ၈ အယ်ဘီးန လုသိဟှ စွပ်စွဲမားလေဟှို သခင်ရှေ့ဟှို လာဟှို့တွပ် မိန့်ပေးလိုက်ဟှယ်၊ ဆိုဘီး ထပ်ပေါန်းထဲ့ဟှားဟှယ်။
- b ၂၄.၁၇,၁၈ တ ၂၁.၁၇–၂၈
- c ၂၄.၂၁ တ ၂၃.၆
Languages