8 အယ်မျိုးပြောဇာဟှာ မိန့်ပေးဇာ မှုဟှ။ တခြားသူလေရဲ့ စိအားထတ်သန်ဇာအားဖြင့် နန်းနို့ရဲ့ မြစ်တာဟှာ ဖယ်မျှလော့‑က် စစ်မှန်ဟှယ် ဆိုဇာဟှို သိရှင်ဟှူကြောန့် စစ်ဆေးဇာဖြစ်ဟှယ်။ 9 နန်းနို့ဟှာ နို့လေရဲ့ သခင်ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်ဟှို သိဂေ့ဟှယ်။ ကိုယ်တော်ဟှာ ကြွယ်ဝဘေမဲ့ နန်းနို့ရဲ့ကျိုးတွပ် ဆင်းရဲခံဟှယ်။ အယ်မျိုး ဆင်းရဲခံရဇာဟှာ နန်းနို့လေဟှ ကြွယ်ဝလာဟှို့တွပ် ဖြစ်ဟှယ်။
10 ရင်နှစ်ဟှ နန်းနို့ စပြုလာဟှူမှုဟှို ခုမှ ဆောင်းသတ်ဂေ့ဟှယ် ဆိုဇာ ငါထန်ဟှယ်။ နန်းနို့ဟှာ စေတနာန ပေးကမ်းဇာဟှို စလောက်ဂေ့ဟှယ်။ 11 အယ်ကြောန့် အယ်မှုဟှို ဆစ်လောက်ဘီးဟှာ ဆောင်းသတ်ဂေ့ပါ။ နန်းနို့ဟှာ အယ်မှုဟှို ကြံစည်ဂေ့ဟှူ ခီမာ စိအားထတ်သန်မျိုးဘဲ့ လောက်ဟှူ ခီမာလည်း စိအားထတ်သန်ဂေ့ပါ။ နန်းနို့ဟှာ တတ်နိုင်မျှ ပေးကမ်းဂေ့ပါ။ 12 နန်းနို့ဟှာ ပေးရှင်ဟှူ စေတနာစိရှိမယ် ဆိုဟှာ ဘုရားသခင်ဟှ နန်းနို့တတ်နိုင်ဘဲဟှူ မှုလေဟှို ကေ့ဘဲန တတ်နိုင်ဟှူ မှုလေဟှို ထော့‑က်ဘီး နန်းနို့လေရဲ့ မှုဟှို လတ်ခံလေ့မယ်။
13 အယ်မူဇာလေအားဖြင့် တခြားသူလေဟှို သတ်သာစေဘီး နန်းနို့ဟှို ဒေါက်ခရော့‑က်စေဟှို့ မှုဟှ။ ညီတူညီမျှဖြစ်ဟှို့တွပ် ပြောနေဇာ ဖြစ်ဟှယ်။ 14 ခုလည်း နန်းနို့လေရဲ့ ကြွယ်ဝဇာလေဟှာ အယ်လူလေရဲ့ ဆင်းရဲဇာလေဟှို ဖ္လဲ့ပေးဟှူမျိုးဘဲ့ အယ်လူလေရဲ့ ကြွယ်ဝဇာဟှာ နန်းနို့လေရဲ့ ဆင်းရဲဇာလေဟှို ဖ္လဲ့ပေးနိုင်လေ့မယ်။ 15 ကျမ်းစာဟှ “ဘောင်ဂီးရဟှူလူဟှ ပိုဟှ၊ ဒစ်သားရဟှူလူဟှ လိုဟှ” ဆိုဘီး ဖော်ပြဟှားဟှူမျိုးဘဲ့ ဖြစ်ဟှယ်။
20 အယ်မျိုး ပေးကမ်းဂေ့ဟှူ လှူငွေလေဟှို ကိုင်ဟှူ ခီမာ နို့လေဟှာ တခြားသူလေ ပြစ်တန်ဇာန လွတ်ဟှို့တွပ် ဒိနလောက်နေရဟှယ်။ 21 သခင်ဘုရားရဲ့ ရှေ့မာကို မှုဘဲ့န လူလေရဲ့ ရှေ့မာလည်း မှန်ကန်ဟှူ မှုလေဟှိုဘဲ့ လောက်ဟှို့တွပ် ရည်ရွယ်ချစ် ရှိဂေ့ဟှယ်။
22 အယ်ကြောန့် နို့လေဟှာ အယ်လူနှေ့ယော့‑က်နတူးဒူ တခြားညီကို တယော့‑က်ဟှိုလည်း လွတ်လိုက်ဂေ့ဟှယ်။ အယ်လူဟှို နို့လေဟှာ သေးသေချားချာဟှား ကဲခတ်ဂေ့ဟှူ ခီမာ သူဟှာ မြဲဒမ်းဘဲ ကူညီတတ်ဟှူလူ ဖြစ်ကြောန်းဟှို တွိရဟှယ်။ သူဟှာ နန်းနို့ဟှို ဘောင်းဂီးယောင်ကြည်ကြောန့် သူ့ရဲ့ စိစေတနာဟှာ ပိုဘီး ဟှာ ထတ်သန်နေဟှယ်။ 23 တိတုန ပတ်သတ်ဘီး ပြောရမယ် ဆိုဟှာ သူဟှာ နန်းနို့လေရဲ့ မှုကိစလေမာ ငါနတူးဒူ ဝိုင်းဘီးဟှာ ကူညီဟှူ ငါ့ရဲ့ လောက်ဖော်ဆောန်ဖတ် ဖြစ်ဟှယ်။ သူ့နတူးဒူ လိုက်ပါလာဂေ့ဟှူ တခြားညီကိုလေဟှ သင်းတော်လေရဲ့ စေတမန်လေ ဖြစ်ဘီး ခရစ်တော်ဟှို ချီးမြှော့‑က်သူ ဖြစ်ဟှယ်။ 24 အယ်ကြောန့် နန်းနို့ကြောန်းဟှို နို့လေဟှာ ဂေါင်ယူဘီး ကြွားဟှားတိုင်းဘဲ့ မှန်နေကြောန်းဟှို သူးနို့လေန သင်းတော်လေဟှို သိနိုင်ဟှို့တွပ် မြစ်တာပြဂေ့ပါ။
<- ၂ ကောရိန္သု 7၂ ကောရိန္သု 9 ->
Languages