1 ရှစ်ရဟှူသူလေ၊ အယ်ဂဒိတော်လေဟှ နို့လေတွပ်ဘဲ့ ဖြစ်ဟှယ်။ အယ်ကြောန့် နို့လေဟှာ ကိုယ့်ရဲ့ ဇာတိညစ်ကြေးန ဝိညာဉ်ညစ်ကြေးရှိမျှန ကင်းစေဟှို့တွပ် ဘုရားသခင်ဟှို ကြော့‑က်ဘီး ရိုသေဇာန ကိုယ့်ကိုယ်ကိုယ် လောင်းဝသန့်ရှင်းဂေ့ဇို့။
5 [a]မာကေဒေါနိပြည်ဟှို ရော့‑က်ဟှားဟှူ ခီမာ နို့လေဟှာ ကိုယ်ခန္ဓာ သတ်သာမှုလေဟှို ရဂေ့ဟှ။ နေရာတိုင်းမာ ခတ်ခဲမှုလေ ရှိဟှယ်။ ငြင်းပွားမှုလေလည်း ရှိဟှယ်။ နို့လေမာလည်း ကြော့‑က်စိရှိဟှယ်။ 6 အယ်ဘေမဲ့ စိအားငယ်ဟှူ လူလေဟှို အားပေးဟှူ ဘုရားသခင်ဟှာ နို့လေနားဟှို ရော့‑က်လာဟှူ တိတုအားဖြင့် နို့လေဟှို နှစ်သိမ့်ဟှယ်။ တိတု ရော့‑က်လာဟှူ တွပ်ကြောန့်ရော၊ တိတုဟှို နန်းနို့ဟှ အားပေးဂေ့ဟှူ ဒန်းဟှို ကြားရဟှူ တွပ်ကြောန့်ရော နို့လေဟှာ အားတတ်ဟှားဟှယ်။ 7 တိတု ရော့‑က်လာဟှူကြောန့် နှစ်သိမ့်မှုရဟှားဇာ မှုဟှ။ တိတုခံစားရဟှူ နှစ်သိမ့်မှုအားဖြင့်ကြောန့် နို့လေဟှို နှစ်သိမ့်ပေးဟှယ်။ နန်းနို့ဟှာ ငါဟှို ရရာတိုင်း စိအားကီးဘီး တွိရှင်ဂေ့ဟှူကြောန်းလေ၊ ရရာတိုင်း ဝန်းနဲဘီးဟှာ ရှိနေကြောန်းလေဟှို ပြောပြကြောန့် ငါဟှာ ပိုဘီး ဟှာ ဝန်းသာဟှယ်။
8 ငါပေးလိုက်ဟှူ စာဟှာ နန်းနို့ဟှို ဝန်းနဲစေကြောန့် ငါဟှာ ရင်းရင်ဒူးဟှ နောန်ဒရှိဘေမဲ့ ခုခီမာ မှေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်စာဟှာ နန်းနို့ဟှို ရှစ်ဟှားဘဲ့ ဝန်းနဲစေမယ် ဆိုဇာဟှို ငါဗြင်ဟှယ်။ 9 ခုဝန်းသာဟှယ်။ နန်းနို့ဟှို စိကောန်းဘဲနေအောန် လောက်ဇာမှုဟှ။ စိကောန်းဘဲနေဟှူ မှုလေဟှ နန်းနို့ဟှို နောန်ဒတရားဟှို ရစေဟှို့တွပ်ကြောန့် ဝန်းသာရဇာဖြစ်ဟှယ်။ ဘုရားသခင်ဟှာ စိကောန်းဘဲဟှူ ဇာလေဟှို သောင်းပြုဟှူကြောန့် နို့လေဟှာ နန်းနို့ဟှို ဖယ်မျိုးလည်း နစ်နာခိုင်းဟှ။ 10 ဘုရားသခင်သောင်းပြုဟှူ ဝန်းနဲဇာဟှာ ကယ်တန်ဇာဟှို ရစေဟှူ နောန်ဒစိဟှို ဖြစ်ပေါ်စေဟှယ်။ အယ်ကြောန့် ပ္လောန်းလဲနိုင်ဘဲဟှူ နောန်ဒစိဟှို ပြုပြင်တတ်ဟှယ်။ အယ်ဘေမဲ့ လောကဝန်းနဲဇာဟှာ သေဇာဟှိုဘဲ့ ပြုပြင်တတ်ဟှယ်။ 11 ဘုရားသခင်ဟှာ နန်းနို့လေရဲ့ ဝန်းနဲဇာလေဟှို သောင်းပြုဇာဟှို ကေ့ကေ့ပါ။ နန်းနို့ဟှာ စိအားကီးလာဂေ့ဟှယ်။ ကိုယ့်ရဲ့ ပြစ်လေ မှေ့ဘဲကြောန်းဟှို လိုရှင်ဂေ့ဟှယ်။ ဒေါသထွပ်ဂေ့ဟှူဇာ၊ ကြော့‑က်ဂေ့ဟှူဇာ၊ ရရာတိုင်း လိုရှင်ဂေ့ဟှူဇာ၊ စိအားထတ်သန်ဂေ့ဟှယ်။ ပြစ်ရှိနေဟှူလူဟှို ပြစ်ဒန်စီရင်ဟှို့တွပ် လိုရှင်ဂေ့ဟှယ်။ နန်းနို့လေဟှာ အယ်မှုမာ ကိုယ့်ကိုယ်ကိုယ် ပြစ်ကင်းစင်ဟှူ ကြောန်းဟှို ထန်ရှားရှင်ဂေ့ဟှယ်။
12 အယ်ဘေမဲ့ ရင်းရင်ဒူးဟှ နန်းနို့နားဟှို ရေးရဟှူစာဟှ ပြစ်မှားဟှူလူလေရဲ့ ကိစကြောန့် မှုဟှ။ ပြစ်မှားဇာဟှို ခံရဟှူ လူလေရဲ့ ကိစကြောန့်လည်း မှုဟှ။ ဘုရားသခင်ရဲ့ ရှေ့မာ နို့လေဟှို နန်းနို့ဟှာ ဖယ်မျှလော့‑က် စိအားထတ်သန်ဘီး ရှစ်ဟှယ် ဆိုဇာဟှို ကောန်းကောန်းဟှား သိစေရှင်ကြောန့် ရေးရဇာ ဖြစ်ဟှယ်။ 13 အယ်ကြောန်းကြောန့် နို့လေဟှာ နှစ်သိမ့်မှုဟှို ခံစားရဂေ့ဟှယ်။
- a ၇.၅ ၂ ကော ၂.၁၃
Languages