5 နန်းနို့ဟှာ ယောင်ကြည်ရှင်းမာ တည်ဟှယ်၊ တည်ဟှ ဆိုဇာဟှို ကိုယ့်ကိုယ်ကိုယ် စစ်ဆေးဂေ့။ အယ်မျိုး စစ်ဆေးဟှူ ခီမာ အောန်မြင်မယ် ဆိုဟှာ နန်းနို့ဟှာ ကိုယ့်စိနှလောင်းထဲမာ ယေရှုခရစ်တော်ဟှ ရှိနေဟှူကြောန်းဟှို သေးသေချားချာ သိဂေ့ဟှယ်။ အယ်မျိုးမှုဟှ ဆိုဟှာ နန်းနို့လေဟှာ စစ်ဆေးမှုမာ ရှောန်းနိလေ့မယ်။ 6 နို့လေဟှာ စစ်ဆေးခံရဟှူ ခီမာ အောန်မြင်ဟှူ လူလေဖြစ်ကြောန်းဟှို နန်းနို့ဟှာ သိဂေ့မယ် ဆိုဇာဟှို ငါဟှာ မျှော်လင့်ဟှယ်။ 7 နန်းနို့ဟှာ ကောန်းဘဲဟှူဇာလေဟှို ရှောန်ဟှို့တွပ် ဘုရားသခင်ဟှို နို့လေဟှာ ဆုတောန်းရဟှယ်။ အယ်မျိုးလောက်ဟှူဇာဟှာ နို့လေဟှာ ကိုယ့်ကိုယ်ကိုယ် အောန်မြင်ဟှူလူလေ ဖြစ်ဇာဟှို ပေါ်ရှင်ကြောန့် လောက်ဇာမှုဟှ။ နို့လေဟှာ အောန်မြင်ဘဲဟှူမျိုးဖြစ်ဘေမဲ့ နန်းနို့ဟှို ကောန်းမြတ်ဟှူမှုလေဟှို လောက်ဟှို့တွပ် ဆုတောန်းရဟှယ်။ 8 နို့လေဟှာ သမ္မာတရားဟှို ဆန့်ကျင်ဘီးဟှာ ဖယ်မှုဟှိုလည်း လောက်နိုင်ဂေ့ဟှ။ သမ္မာတရားဖတ်မာနေမှဘဲ့ လောက်နိုင်ဂေ့ဟှယ်။ 9 နို့လေဟှာ အားနဲဘီး နန်းနို့ဟှ အားကီးဟှူ ခီမာ နို့လေဟှ ဝန်းသာဟှယ်။ အယ်ကြောန့် နန်းနို့ဟှာ ပြစ်ပြောဇာ မှေ့ဘဲနေအောန် ဖြစ်လာဟှို့တွပ် နို့လေဟှာ ဆုတောန်းဂေ့ဟှယ်။ 10 နန်းနို့န ဝီးနေဟှူ နေ့ရစ်လေမာ အယ်စာဟှို ရေးရဇာဟှာ ငါလာဟှူ ခီမာ သခင်ဘုရားဟှ ငါ့ဟှို ပေးဟှားဟှူ ခွမ့်အာဏာဟှို ပြင်းပြင်းထန်းထန်ဟှား သောင်းစေရှင်ဟှ။ အယ်ခွမ့်အာဏာဟှာ နန်းနို့ဟှို တည်ဆော့‑က်ပေးဟှို့တွပ်ဘဲ့ ဖြစ်ဟှယ်။ ဖြိုဖျစ်ဟှို့တွပ် မှုဟှ။
11 ယောင်ကြည်သူလေ၊ ဝန်းသာဂေ့ပါ! ပြစ်ပြောဇာမှေ့ဘဲ့နေအောန် ဆစ်ဘီးဟှာကြိုးစာဂေ့။ ငါရဲ့ မြစ်တာရပ်ခံဇာလေဟှို နာခံဘီးဟှာ ရှင်းရှင်းအားပေးဂေ့ဘီးဟှာ သင့်သင့်မြတ်မြတ်ဟှားနေဂေ့ပါ။ အယ်ဆိုဟှာ မြစ်တာတော်န ငြီသတ်မှုရဲ့သခင် ဘုရားသခင်ဟှာ နန်းနို့နတူးဒူ ရှိလေ့မယ်။
12 နန်းနို့ဟှာ ယော့‑က်နယော့‑က် သန့်ရှင်းဟှူနမ်းန နှောက်ဆစ်ဂေ့ပါ။
13 ဘုရားသခင်ရဲ့ လူလေ ဂူလောင်းဟှ နန်းနို့ဟှို နှောက်ဆစ်ဂေ့ဟှယ်။
14 သခင်ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်၊ ဘုရားသခင်ရဲ့ မြစ်တာတော်န၊ သန့်ရှင်းဟှူဝိညာဉ်တော်ရဲ့ မိတ်သဟာယလေဟှာ နန်းနို့လေ ဂူလောင်းနတူးဒူ ရှိပါစေ။
<- ၂ ကောရိန္သု 12
Languages