7 ငါဗြင်ရဟှူ အံ့ဩဘွယ် ရူပါရောင်ကြောန့် ကိုယ့်ကိုယ်ကိုယ် ထန်ကီးဘဲဟှို့တွပ် ငါ့ရဲ့ ကိုယ်ခန္ဓာမာ နာဟှူဝေဒနာတခုဟှို ခံစားနေရဟှယ်။ အယ်ဝေဒနာဟှာ စာတန်ရဲ့ တမန်မျိုးဖြစ်ဟှူ ငါ့ဟှို ဒန်ခတ်ဘီး ငါ့ရဲ့မာနဟှို နှိခ္လဟှားဟှယ်။ 8 အယ်ဝေဒနာဟှို ဖယ်ရှားပစ်ပေးဟှို့တွပ် ငါဟှာ သခင်ဘုရားဟှို သောင်းခါတိတိ ဆုတောန်းဘီး သနားခံဟှယ်။ 9 အယ်ဘေမဲ့ ငါ့ကျေးဇူးဟှာ နန့်တွပ် လောင်လော့‑က်ဟှယ်။ ငါ့တဂိုးဟှာ အားနဲဟှူ ခီမာ စောင်လင်ဟှယ် ဆိုဘီး ပြောဟှယ်။ အယ်ကြောန့် ခရစ်တော်ရဲ့ တဂိုးဟှာ ငါ့ထတ်မာ ကိန်းဝပ်ဟှို့တွပ် ငါ့ကိုယ်ခန္ဓာမာ အားနဲဟှူ ဇာဟှနေဘီး ဝန်းသာဟှူစိန ကြွားဟှူဇာဟှိုဘဲ့ ငါလိုရှင်ဟှယ်။ 10 ငါဟှာ အားနဲနေဟှူ ခီမာ တဂိုးနပ္လဲ့ဇောင်ဘီး ခရစ်တော်တွပ်ကြောန့် အားနဲဇာလေ၊ စော်ကားခံရဇာလေ၊ ဆင်းရဲဇာလေ၊ နှိစစ်ညှဉ်းဆဲဇာလေ၊ နှောက်ရှစ်ဇာလေဟှို ခံရဟှူ ခီမာ သီးခံနိုင်ဟှယ်။
14 ငါဟှာခု နန်းနို့နားဟှို တတိယခါ ရော့‑က်လာဟှို့တွပ် ဆင်သင့်ရှိနေဟှယ်။ အယ်ဘေမဲ့ ငါ့တွပ် နန်းနို့ဟှို တာဝန်လေးခိုင်းဟှ။ နန်းနို့ရဲ့ ငွေကြေးအောက်စာလေဟှို ငါလိုဟှ။ နန်းနို့ဟှိုဘဲ့ ငါဟှာ လိုရှင်ဟှယ်။ သားမီးလေဟှ မိဖလေတွပ် ထော့‑က်ပံ့ရဇာ မှုဟှ။ မိဖလေဟှဘဲ့ သားမီးလေတွပ် ထော့‑က်ပံ့ဂေ့ရဟှယ်။ 15 ငါဟှာ နန်းနို့လေဟှို ကူညီဟှို့တွပ် ဝန်းသာဘီး ကိုယ့်ရဲ့အောက်စာန အင်အားလေဟှို သောင်းပြုဟှယ်။ ငါဟှာ နန်းနို့လေဟှို အယ်မျှလော့‑က် ရှစ်ဟှယ် ဆိုဟှာ နန်းနို့ဟှ ငါဟှို နဲနဲဟှားဘဲ့ ရှစ်ဟှို့လော။
16 ငါဟှာ နန်းနို့ဟှို ဝန်လေးစေဟှ ဆိုဇာဟှို နန်းနို့ဟှာ ဝန်ခံဂေ့လေ့မယ်။ အယ်ဘေမဲ့ ငါဟှာ နန်းနို့ဟှို လှည့်ဇားဟှယ် ဆိုဘီး ယော့‑က်ယော့‑က်ဟှ စွပ်စွဲလေ့မယ်။ 17 ဖယ်မျိုး ငါဟှာ ခွမ့်ရေးယူဟှို့နူး။ နန်းနို့နားဟှို ငါဟှာ လူတယော့‑က်ယော့‑က်ဟှို လွှတ်ဘီးဟှာ ခွမ့်ရေးယူဖူးဘဲ့လော။ 18 ငါဟှာ တိတုဟှို နန်းနို့နားဟှို သွားဟှို့တွပ် တောန်းဗန်ဘီးဟှာ လွှတ်လိုက်ဟှယ်။ တခြားယောင်ကြည်သူ တယော့‑က်ဟှိုလည်း သူ့နတူးဒူ လွှတ်လိုက်ဟှယ်။ တိတုဟှာ နန်းနို့နားဟှ ခွမ့်ရေးယူဟှယ် ဆိုဘီး ပြောဟှို့လော။ သူ့နငါဟှာ စိဘောတူဘီး တလမ်းဒဲ လိုက်ရှော့‑က်ဘီးဟှာ ကျင့်နေဂေ့ဟှူဇာ မှုဟှလော။
19 နို့လေဟှာ တခီလောင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဘီးဟှာ ပြောနေဟှယ် ဆိုဇာဟှို နန်းနို့လေဟှာ ထန်ဂေ့လေ့မယ်။ နို့လေဟှာ အယ်မျိုးပြောနေဇာ မှုဟှ။ ခရစ်တော်အားဖြင့် ဘုရားသခင်ရှေ့မာ ပြောနေဇာဖြစ်ဟှယ်။ ရှစ်ရဟှူ မိဆွေလေ၊ နို့လေ လောက်ဟှူဇာလေဟှာ နန်းနို့ဟှို တည်ဆော့‑က်ဟှို့တွပ်ဘဲ့ ဖြစ်ဟှယ်။ 20 နန်းနို့နားဟှို ရော့‑က်လာဟှူ ခီမာ ငါဟှာ နန်းနို့ဟှို တွိရှင်ဇာတိုင်းဟှို တွိရဘဲနေမာဟှို စိုးရိမ်မျိုးဘဲ့ နန်းနို့ဟှလည်း ငါ့ဟှို တွိရှင်ဇာတိုင်းဘဲ့ တွိရဘဲနေမာဟှို ငါလည်း စိုးရိမ်ဟှယ်။ နန်းနို့ဟှာ ရန်တွိရှင်း၊ နာလိုရှင်း၊ ဒေါသထွပ်ရှင်း၊ ဂေါင်ပြိုင်ရှင်း၊ စော်ကားဘီးပြောရှင်း၊ ရှောက်ခ္လရှင်း၊ မော့‑က်မာရှင်း၊ ရောင်းရင်းဆန်ခတ် လောက်ရှင်းလေဟှို ငါဟှာ တွိရမာဟှို စိုးရိမ်ဟှယ်။ 21 နော့‑က်တခါ နန်းနို့နားဟှို လာဟှူ ခီမာ ငါ့ရဲ့ ဘုရားသခင်ဟှာ ငါ့ဟှို နန်းနို့ရှေ့မာ နှိခ္လဘီးဟှာ ရင်ဟှပြစ်မှားဘီး ကိုယ့်ကိုယ်ကိုယ်ကျင့်နေဟှူ ညစ်ညူးရှင်း၊ တရားနညီဘဲဟှူ မေထုန်လောက်ရှင်း ကာမဂေါင်လိုက်စားရှင်းလေဟှို နောန်ဒရသေးဘဲ့ဟှူလူလေ ဘောင်ဂီးရှိဟှူကြောန့် ငါဟှာ ဝန်းနဲဘီး ကြေကွဲရဟှို့တွပ် ငါဟှာ စိုးရိမ်ဟှယ်။
<- ၂ ကောရိန္သု 11၂ ကောရိန္သု 13 ->
Languages