7 အယ်မျိုး ရှင်းရှင်းတရားစွဲဂေ့ဟှူဇာဟှာ နန်းနို့လေတွပ် ရရာတိုင်း ဆောင်းရှောင်းဟှူဇာ ဖြစ်ဟှယ်။ အယ်မျိုး တရားစွဲဂေ့မယ့်စား ညှဉ်းဆဲဟှူဇာဟှို ဖြားဖြစ်ကြောန့် ခံဟှိရဲဂေ့ဟှနူး။ လီလည်လုယူဟှူဇာဟှို ဖြားဖြစ်ကြောန့် ခံဂေ့ဟှနူး။ 8 နန်းနို့လေဟှာ အယ်မျိုးခံမယ့်စား ညီကိုရှင်းရှင်းဟှို တရားဘဲဇာဟှို လောက်ဘီး လီလည်လုယစ်ဂေ့ဟှယ်! 9 တရားဘဲဟှူ လူလေဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို မွီခံရဟှို့ မှုဟှ ဆိုဇာဟှို နန်းနို့သိဂေ့ဟှလော။ တလွဲယူဂေ့န။ ကာမဂေါင် လိုက်စားဟှူသူလေ၊ ရောက်ထုဟှို ကိုးကွယ်ဟှူသူလေ၊ အီထောန်ရေး ဖော့‑က်ပ္လန်ဟှူသူလေ၊ ယော့‑က်ကျားရှင်းရှင်း မေထုန်ပြုဟှူသူလေ၊ အယ်မျိုးဇာဟှိုခံဟှူသူ၊ 10 ခိုးဟှူသူလေ၊ လောဖကီးဟှူသူလေ၊ သော့‑က်စား မောယစ်ဟှူသူလေ၊ သူများ အသရေဖျစ်ဟှူသူလေ၊ လီလည်လုယူသူလေဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို မွီခံရဟှို့ မှုဟှ။ 11 စဒူးဟှ နန်းနို့လေထဲဟှ တချို့လူလေဟှာ အယ်မျိုးသူလေဖြစ်ဂေ့ဟှူလည်းဘဲ့ ခု သခင်ယေရှု ခရစ်တော်ရဲ့ နာမတော်န ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် ပြစ်ဟှနေ ဆေးကြောရှင်း၊ သန့်ရှင်းရှင်းခံရဘီး ဖြောန့်မတ်ရာဟှို ရော့‑က်ဂေ့ဘီ။
15 နန်းနို့လေရဲ့ကိုယ်ခန္ဓာဟှာ ခရစ်တော်ရဲ့ ကိုယ်အင်္ဂါလေဖြစ်ဟှယ် ဆိုဇာဟှို သိဂေ့ဟှလော။ အယ်မျိုးဆိုဟှာ ခရစ်တော်ရဲ့ ကိုယ်အင်္ဂါဟှို ယူဘီးဟှာ ပြည်တန်ဆာမရဲ့ ကိုယ်အင်္ဂါဖြစ်စေရဟှို့လော။ လောင်းဝဖြစ်စေဟှ! 16 ပြည်တန်ဆာမန ပေါန်းဖော်ဟှူလူဟှာ အယ်ပြည်တန်ဆာမန တသားတကိုယ်ဒဲ ဖြစ်ဟှားဟှယ် ဆိုဇာဟှို နန်းနို့သိဂေ့ဟှလော။ ကျမ်းစာဟှ “အယ်သူနှေ့ယော့‑က်ဟှာ တသားတကိုယ်ဒဲ ဖြစ်ရဂေ့လေ့မယ်” ဆိုဘီး လာဟှယ်။ 17 အယ်ဘေမဲ့ သခင်ဘုရားနှိုက် မှီဝဲသူဟှာ အယ်သခင်န တစိတဝိညာဉ်ဒဲ ဖြစ်ဟှယ်။
18 တရားဘဲဟှူ မေထုန်ပြုဟှူဇာဟှို ရှောန်ဂေ့ပါ။ လူပြုတတ်ဟှူ တခြားပြစ်လေဟှာ ကိုယ်ခန္ဓာ ပ္လန်ဖတ်မာဘဲ့ရှိဟှယ်။ တရားဘဲဟှူ မေထုန်ပြုဟှူသူဟှာ ကိုယ့်ရဲ့ ကိုယ်ခန္ဓာဟှို ပြစ်မှားဟှူဇာ ဖြစ်ဟှယ်။ 19 [b]ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေရဲ့ ကိုယ်ခန္ဓာဟှာ ဘုရားသခင်ပေးသနားဟှူ ဝိညာဉ်တော်ဖြစ်ဟှူ နန်းနို့ထဲမာ ကီးဝပ်ဟှူ သန့်ရှင်းဟှူဝိညာဉ်တော်ရဲ့ ဗိမာန်တော်ဖြစ်ဟှူကြောန်းန နန်းနို့လေဟှာ ကိုယ့်ကိုယ်ကိုယ် ပိုင်ဘဲဟှူကြောန်းဟှို သိဂေ့ဟှလော။ 20 ကိုယ်တော်ဟှာ နန်းနို့လေဟှို ဖိုးခပေးဘီး ဝယ်ဟှားကြောန့် နန်းနို့လေရဲ့ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ထန်ရှားစေဂေ့ပါ။
<- ၁ ကောရိန္သု 5၁ ကောရိန္သု 7 ->
Languages