6 [a]နန်းနို့လေ ဝါကြွားမှုဟှာ ကောန်းဟှူဇာ မှုဟှ။ “တဆေးနဲနဲဟှာ မုညစ်တဗောင်းလောင်းဟှို ဖောန်းပွစေတတ်ဟှယ်” ဆိုဘီး ပြောဟှားဟှူ ဆိုရိုးစကားဟှို နန်းနို့လေသိဂေ့ဟှယ်။ 7 နန်းနို့လေဟှာ တဆေးမဲ့ဖြစ်ဟှူကြောန့် သစ်ဟှူ မုညစ်ဖြစ်ဟှို့တွပ် ဟောန်းဟှူတဆေးဖြစ်ဟှူ ဒုစရိုက်ပြစ်လေဟှို ဖယ်ရှားပစ်ဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေရဲ့ သိုးသားဂန်းဟှားဖြစ်ဟှူ ခရစ်တော်ဟှာ ပသခါပွဲတော်တွပ် ယဇ်ပူဇော်ဟှို့ သေသတ်ဟှူဇာဟှို ခံရလေဘီ။ 8 အယ်ကြောန့် နို့လေဟှာ တဆေးဟောန်းဖြစ်ဟှူ ဆိုးညစ်ဟှူဇာလေ၊ မိုက်မဲဟှူဇာလေရဲ့ တဆေးပါဟှူမုအားဖြင့်မှုဘဲ သန့်ရှင်းစင်ကြယ်မှုန သမ္မာတရားဖြစ်ဟှူ တဆေးပါဘဲဟှူမုန ပသခါပွဲဟှို ကျင်းပဂေ့ဇို့။
9 စဒူးဟှ နန်းနို့လေနားဟှို ငါရေးလိုက်ဟှူစာမာ ကာမဂေါင်လိုက်စားဟှူ သူလေန ပေါန်းဘဲနေဂေ့ဟှို့တွပ် ငါမှာဟှားဟှယ်။ 10 အယ်မျိုးပြောဇာဟှ အယ်လောကမာရှိဟှူ ကာမဂေါင်လိုက်စားဟှူသူလေ၊ လောဖကီးဟှူသူလေ၊ ခိုးတတ်ဟှူသူလေန ရောက်ထုကိုးကွယ်သူလေဟှို ပေါန်းသင်းဟှိရဟှ ဆိုဘီး ဆိုလိုဇာ မှုဟှ။ သူးနို့လေဟှို ရှောန်မယ် ဆိုဟှာ နန်းနို့လေဟှာ အယ်လောကထဲဟှနေ ထွပ်ဟှားရလေ့မယ်ဆိုဘီး ထန်မှတ်ဇာရှိဟှယ်။ 11 ဆိုလိုဟှူဇာဟှ ကိုယ့်ကိုယ်ကိုယ် ညီကို ဆိုပြောဘီးဟှာ ကာမဂေါင်လိုက်စားဟှူသူလေ၊ လောဖကီးဟှူသူလေ၊ ရောက်ထုကိုးကွယ်ဟှူသူလေ၊ သူများအသရေဟှို ဖျစ်ဟှူသူလေ၊ ယစ်မောသော့‑က်စားသူလေန ခိုးဟှူသူလေဟှို ပြောရှင်ဇာဖြစ်ဟှယ်။ အယ်မျိုးသူလေန ပေါန်းသင်းလောက်ဂေ့န တူးဒူထိုင်ဘီးလည်း စားသော့‑က်ဂေ့န။
12 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ပ္လန်ဟှလူလေဟှို စီရင်ဟှူ ဇာဟှာ ငါ့န ဖြားဇာဆိုင်နူး။ တွမ်းဟှလူလေဟှို နန်းနို့ စီရင်ရမယ် မှုဟှလော။ 13 ပ္လန်ဟှလူလေဟှို ဘုရားသခင် စီရင်လေ့မယ်။ “အယ်ဆိုးညစ်ဟှူ သူဟှို နန်းနို့လေထဲဟှ နှန်ထုဂေ့ပါ” ဆိုဘီး ကျမ်းစာဟှ ပြောဟှားဟှယ်။
<- ၁ ကောရိန္သု 4၁ ကောရိန္သု 6 ->- a ၅.၆ ဂလာ ၅.၉
Languages