1 ယေသျှုနှင့် သူ၏တပည့်တော်ရို့သည် ယေရုဆလင်မြို့သို့ လာကြရာ၊ သံလွင်တောင်ခြီရင်း၌ဟိသော ဗက်ဖာဂေရွာနားသို့ ရောက်လာကြ၏။ ထိုနီရာ၌ ယေသျှုသည် တပည့်တော်နှစ်ယောက်ကို၊ 2 “သင်ရို့သည်ကား ရှိ့က ရွာကို လားကတ်လီ။ ရောက်လျှင် ဘေးနားမှာ သားချေတစ်ကောင်နှင့် တွဲ၍ ချိုင်ထားသော မြည်းမတစ်ကောင်ကို တွိ့လိမ့်မည်။ ယင်း မြည်းမနှင့် မြည်းချေကို ကြိုးဖြီပြီးလျှင် ငါ့ပါးသို့ ယူလာကတ်။ 3 သို့သော် တစ်ယောက်ယောက်က တစ်ခုခုပြောလျှင် ‘သခင်[a]က ဤမြည်းမနှင့် မြည်းချေကို အလိုဟိလို့ပါ’ ဟု သူ့ကို ပြန်ပြောလိုက်ပါ၊ သူသည် ချက်ချင်း ယူခွင့်ပီးလိမ့်မည်” ဟု ညွန်ကြားကာ ရှိ့က စီရွှတ်လိုက်၏။
4 ဤအကြောင်းအရာကား ပရောဖက် ဟောထားချက်တိ ပြည့်စုံလာခြင်းဖြစ်၏။ 5 “ကြည့်ကတ်ပါ၊ သင်ရို့၏ သျှင်ဘုရင်သည် မြည်းမနှင့် မြည်းချေကို စီး၍ စိတ်နှလုံးကို နှိမ့်ချလျက် သင်ရို့ပါးသို့ ရောက်လာယာ ဟု ဇိအုန်သတို့သမီးကို ပြောကတ်ပါ” ဟူ၍ ဖြစ်၏။
6 တပည့်တော်ရို့သည် ထွက်လားကြပြီးလျှင် ယေသျှု စီခိုင်းသည့်အတိုင်း လုပ်ဆောင်ကြ၏။ 7 သူရို့သည် သားချေတစ်ကောင်နှင့် မြည်းမကို ယူဆောင်လာကြပြီးလျှင် ထိုမြည်းထက်၌ သူရို့၏ဝတ်ရုံများကို ခင်းပြီးနောက် ယေသျှုသည် စီးတော်မူ၏။ 8 များစွာသောလူရို့သည် မိမိရို့၏ဝတ်ရုံများကို လမ်းမထက်မှာ ဖြန့်ခင်းထားကြ၏။ တချို့သည် သစ်ပင်မှ အကိုင်းအခက်များကို ခွတ်၍ လမ်းမထက်မှာ ဖြန့်ခင်းထားကြ၏။ 9 ယေသျှု၏ ရှိ့မှလည်းကောင်း၊ နောက်မှလည်းကောင်း လမ်းလျှောက် လာကြသော လူတိက “ဒါဝိဒ်သားတော်အား ဟောသျှဏ္ဏ[b] ဖြစ်ပါစီ။ ထာဝရဘုရားသခင်၏ နာမတော်နှင့် ကြွလာသော သူသည် မင်္ဂလာဟိပါစီ။ အမြင့်ဆုံးသောကောင်းကင်၌ ဟောသျှဏ္ဏ ဖြစ်ပါစီ” ဟု ကြွေးကြော်ကြ၏။
10 ယေသျှုသည် ယေရုဆလင်မြို့သို့ ဝင်လာသောအခါ တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်ကြပြီးလျှင် “ဤသူက ဇာသူလဲ” ဟု အချင်းချင်း မိန်းမြန်းကြ၏။
11 လူအုပ်ကြီးက “ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့သား ပရောဖက် ယေသျှု ဖြစ်၏” ဟု ပြောကြ၏။
12 ယေသျှုသည် ဗိမာန်တော်သို့ ဝင်လာပြီး၊ ဗိမာန်တော်ထဲ၌ အရောင်းအဝယ် လုပ်နိန်ကြသောသူ အားလုံးကို မောင်းထုတ်၏။ ငွီလှဲကောင်တာစားပွဲတိ ဂြိုးငှက်ရောင်းသူများ၏ ထိုင်ခုံ စားပွဲတိကို တွန်းလှဲကာ မှောက်လှန်ပစ်လိုက်၏။ 13 ကိုယ်တော်က “ဘုရားသခင်နှုတ်ကပတ်တော်ကျမ်းစာ၌ ရီးထားသည်မှာ ‘ငါ၏အိမ်တော်ကို ဆုတောင်းပတ္ထနာပြုရာ အိမ်တော်ဟု ခေါ်ဆိုရလိမ့်မည်’ ဟု ဖော်ပြထား၏။ သို့ရာတွင် သင်ရို့သည် ဤဗိမာန်တော်ကို သူခိုးဓါးပြ ပုန်းအောင်းသည့် နီရာအဖြစ် လုပ်နိန်ကြသည်တကား” ဟု မိန့်တော်မူ၏။
14 ယေသျှုသည် ဗိမာန်တော်ထဲမှာ ဟိနိန်သောအခါ မျက်မမြင်များနှင့် ခြီထောက်မသန်စွမ်းသူများသည် ကိုယ်တော်အပါးသို့ ရောက်လာကြ၏။ ကိုယ်တော်က သူရို့၏ရောဂါများကို ပျောက်ကင်းစီတော်မူ၏။ 15 ယဇ်ပရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများသည် ကိုယ်တော်ပြုတော်မူသော အံ့သြဘွယ်အရာများကို မြင်၍ လည်းကောင်း၊ ဗိမာန်တော်ထဲမှာ ဟိနိန်ကြသောသူငယ်တိက “ဒါဝိဒ်၏သားတော်အဖို့ ဟောသျှဏ္ဏဖြစ်ပါစီ” ဟု ကြွေးကြော်နိန်ကြသည်ကို မြင်ရ၍လည်းကောင်း၊ ဒေါသထွက်လာကြ၏။ 16 ထို့ကြောင့် သူရို့က “ဤသူငယ်တိ၊ ဇာပိုင် အော်နိန်ကြသည်ကို သင်ကြားသလား” ဟု ယေသျှုကို မိန်းကြ၏။
17 ယေသျှုသည် သူရို့ကို ထားခပြီးလျှင် မြို့မှ ထွက်ခွါ၍ ဗေသနိရွာသို့ ကြွတော်မူကာ ထိုရွာ၌ ညအိပ်တော်မူ၏။
18 ယေသျှုသည် နောက်တစ်နိ့ မိုးထစောစော မြို့သို့ ပြန်ကြွတော်မူသောအခါ လမ်းမှာ ဝမ်းဆာတော်မူ၏။ 19 ကိုယ်တော်သည် လမ်းဘေးမှာ သဖန်းပင်တစ်ပင်ကို မြင်၍ လားကြည့်တော်မူ၏၊ သို့ရာတွင် အရွက်များသာဟိပြီး အသီးတစ်လုံးမျှ မတွိ့သဖြင့် ကိုယ်တော်က “ဤအပင်သည် နောက်တစ်ခါမျှ အသီးမသီးပါစီကေ့” ဟု မိန့်တော်မူလိုက်သည်နှင့် သဖန်းပင်သည် ချက်ချင်း ခြောက်သွိ့လားလေ၏။
20 တပည့်တော်ရို့သည် ဤအခြင်းအရာတိကို မြင်ကြသောအခါ အလွန်အံ့အားသင့်ကြ၏။ “ဤသဖန်းပင်သည် ချက်ချင်း ဇာပိုင် ခြောက်လခလဲ” ဟု သူရို့က မေးကြ၏။
21 [c]ယေသျှုက “သင်ရို့ကို ငါ အမှန်ဆိုသည်ကား သင်ရို့မှာ သံသယကင်းသည့်ယုံကြည်ခြင်းသာ ဟိမည်ဆိုလျှင် ဤသဖန်းပင်ကို ငါ လုပ်ရေပိုင် လုပ်နိုင်သည်သာမက ဤတောင်ကုန်းကို ‘ပင်လယ်ထဲသို့ ကျလီ’ ဟု ဆိုလျှင် သင်ရို့ဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။ 22 သင်ရို့သည် ယုံကြည်ခြင်း ဟိကြလျှင် သင်ရို့ တောင်းသမျှကို ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
23 ယေသျှုသည် ဗိမာန်တော်သို့ ဝင်ရောက်၍ ဆုံးမဩဝါဒကို ပီးတော်မူစဉ်တွင် ယဇ်ပရောဟိတ် အကြီးအကဲရို့နှင့် ဘာသာရေးခေါင်းဆောင်ရို့သည် ကိုယ်တော်ပါးသို့ ရောက်လာကြ၏။ သူရို့က “သင်သည် ဤရာတိကို ဇာအခွင့်အာဏာနှင့် လုပ်နိန်ပါလဲ။ ယေပြီးကေ သင့်အား ဤအခွင့်အာဏာကို ဇာသူက ပီးထားလဲ” ဟု မိန်းကြ၏။
24 ယေသျှုက “ငါလည်း သင်ရို့ကို မိန်းခွန်းတစ်ခု မိန်းမေ။ သင်ရို့ ငါ့ကို အဖြေပီးနိုင်လျှင် ငါသည်လည်း ဤအရာတိကို ဇာအခွင့်အာဏာနှင့် လုပ်နိန်လည်းဆိုစွာကို သင်ရို့အား ငါ ပြောပြမည်။ 25 ဗတ္တိဇံပီးခြင်းငှာ ယောဟန်၏အခွင့်အာဏာသည် ဇာက လာလဲ၊ ဘုရားပါးက လာလား သို့တည်းမဟုတ် လူပါးကလား” ဟု မိန်းလေ၏။
33 ယေသျှုက “နောက် ပုံဥပမာတစ်ခုကို နားထောင်ကတ်။ တစ်ခါက စပျစ်ဥယျာဉ်စိုက်ပျိုးသော မြီပိုင်သျှင်တစ်ယောက်ဟိ၏။ သူသည် ဥယျာဉ်ဝင်းပတ်လည်ကို ခြံစည်းရိုး ကာပြီး၊ ခြံထဲ၌ စပျစ်သီးနယ်ရန် တွင်းကို တူး၍ လင့်စင်တစ်ခုကို ဆောက်၏။ ပြီးလျှင် သူသည် ထိုစပျစ်ဥယျာဉ်ကို ဥယျာဉ်စိုက်ပျိုးသူတချို့ကို ငှားထားခပြီးနောက် ခရီးလားခလေ၏။ 34 စပျစ်သီးခူးချိန် ရောက်သောအခါ သူသည် သူ၏ခြံငှားခရမည့် သီးနှံဝီစုကို တောင်းရန် သူ၏ကျွန်တိကို ခြံငှားတိပါးသို့ ရွှတ်လိုက်၏။ 35 ခြံငှားတိက သူ၏ ကျွန်တိကို ဖမ်းဆီးကာ တစ်ယောက်ကို ရိုက်ပုတ်ကြ၏။ တစ်ယောက်ကိုကား အသီသတ်ကြ၏၊ တစ်ယောက်ကို ကျောက်ခဲနှင့် ပစ်ကြ၏။ 36 ခြံပိုင်သျှင်က ပထမအကြိမ်ထက်များသော ကျွန်တိကို နောက်ထပ်တစ်ခါ ရွှတ်လိုက်၏။ ခြံငှားတိက ထိုနည်းအတိုင်း ပြု၍ ရွှတ်လိုက်ကြပြန်၏။ 37 နောက်ဆုံး၌ ပိုင်သျှင်က ‘သူရို့သည် ငါ၏သားကို အမှန် ရိုသီကြလိမ့်မည်’ ဟု ဆိုကာ သူ့သားကို သူရို့ပါးသို့ ရွှတ်လိုက်၏။ 38 သို့ရာတွင် သီးစားအငှားသားတိက သူ၏သားကို မြင်သောအခါ ‘ဤသူသည် ခြံပိုင်သျှင်သား ဖြစ်တေ၊ လာကတ်၊ သူ့ကို သတ်ပြီးကေ သူ့အမွီကို ငါရို့ ယူကတ်မေ’ 39 ဟု ခြံငှားတိက ပိုင်သျှင်၏သားကို ဖမ်းဆီးကာ ခြံပြင်သို့ ထုတ်၍ သတ်ပစ်လိုက်ကြ၏။
40 “သို့ဖြစ်လျှင် စပျစ်ခြံပိုင်သျှင် လာသောအခါ သူသည် ထိုခြံငှားတိကို ဇာပိုင် လုပ်လိမ့်မည်နည်း” ဟု ယေသျှုက မိန်းတော်မူ၏၊
41 “သူရို့က သူသည် ထိုဆိုးယုတ်သောသူတိကို ဧကန်မုချ သတ်ပစ်လိမ့်မည်၊ သူ၏စပျစ်ဥယျာဉ်ကိုလည်း အသီးပေါ်ချိန်မှာ သီးစားခပီးသော တခြားလူတိကို ငှားပစ်လိမ့်မည်” ဟု ဖြေကြ၏။
42 ယေသျှုက သမ္မာကျမ်းစာကို သင်ရို့ တစ်ခါလည်း မဖတ်ဖူးကတ်လား၊
43 “ထို့ကြောင့် ယေသျှုက သင်ရို့ကို ငါဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်ကို သင်ရို့ပါးက သိမ်းယူ၍ နိုင်ငံတော်၏အသီးကို သီးမည့် လူတိပါးသို့ ပီးအပ်လိမ့်မည်” ဟု ထပ်၍ မိန့်တော်မူ၏။ 44 [e]
45 ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဖာရိယှဲများသည် ယေသျှုပြောသည့် ပုံဥမာကို ကြားကြသောအခါ မိမိရို့၏အကြောင်းကို ပြောနိန်သည်ဟု သိကြ၏။ 46 ထို့ကြောင့် သူရို့သည် ယေသျှုကို ဖမ်းဆီးရန် ကြိုးစားကြ၏။ သို့သော်လည်း လူအများက ယေသျှုသည် ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ကြသောကြောင့် လူထုပရိသတ်ကို ကြောက်နိန်ကြ၏။
<- မဿဲ 20မဿဲ 22 ->- a သခင်၊ သို့မဟုတ် ပိုင်သျှင်။
- b ဟောသျှဏ္ဏ၊ ဟောသျှဏ္ဏဟူသော စကားသည် ဟေဗြဲစကားအသုံးအနှုန်းတွင် “ကယ်တော်မူပါ” ဟူ၍ အဓိပ္ပာယ်ရသည်၊ နောင်တွင် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းသည့် အသုံးအနှုန်း ဖြစ်လာသည်။
- c မ ၁၇.၂၀; ၁ ကော ၁၃.၂
- d လု ၃.၁၂; ၇.၂၉,၃၀
- e တချို့ လက်ရီးမူရင်းကျမ်း၌ အခန်းငယ် ၄၄၊ တစ်စုံတစ်ယောက်သည် ထိုကျောက်တုံးထက်မှာ လဲအံ့၊ ထိုသူသည် အပိုင်းအပိုင်း ပြတ်လားမည်။ ထိုကျောက်တုံးသည် တစ်စုံတစ်ယောက်ထက်သို့ ကျအံ့၊ ထိုသူသည် အမှုန့်အမှုန့် ကြီလားလိမ့်မည်၊ ကို ပေါင်းထည့်ထားသည် (ရှု လု ၂၀.၁၈)။
Languages