8 “ညစာဘက်ချိန်ရောက်သောအခါ ပိုင်သျှင်က ‘နောက်ဆုံးငှားလာသော အလုပ်သမားမှစ၍ ပထမဆုံးငှားသည့် အလုပ်သမားများထိ၊ အလုပ်သမားအားလုံးကို လုပ်ခပီးဖို့ ခေါ်လိုက်’ ဟု သူ၏အလုပ်ကြပ်ကို ပြော၏။
9 “ငါးနာရီမှစ၍ အလုပ်လုပ်ကြသော အလုပ်သမားများကို ငွီဒင်္ဂါးတစ်ပြားစီ ပီး၏။ 10 ပထမငှားခသော အလုပ်သမားတိက သူရို့ကို ငွီဒင်္ဂါး ပို၍ ပီးလိမ့်မည် ဟု စိတ်အထင်ဖြင့် လာကြ၏၊ သို့ရာတွင် သူရို့ကိုလည်း ငွီဒင်္ဂါး တစ်ပြားစီသာ ပီးလေ၏။ 11 ထို့ကြောင့် သူရို့သည် ထိုငွီကို ရသောအခါ အလုပ်သျှင်ကို မကြေနပ်ကြောင်း ပြောကြ၏။ 12 ‘နောက်ဆုံး ငှားလာသောသူရို့သည် တစ်နာရီမျှသာ အလုပ်လုပ်ကြ၏၊ အကျွန်ရို့မှာ နီပူထဲ၌ တစ်ရက်လုံး လုပ်ကြရ၏၊ သို့သော်လည်း သင်သည် ငါရို့ကို ပီးသလောက် သူရို့ကို ပီးပါရေကား’ ဟု သူရို့က ပြောကြ၏။
13 “ထိုအခါ ဥယျာဉ်ပိုင်သျှင်က ‘အဆွီ၊ ငါ့စကားကို နားထောင်၊ သင့်ကို ငါ မဟုတ်မမှန် လုပ်သည် မဟုတ်။ သင်သည် တစ်ရက်လုပ်ခ ငွီဒင်္ဂါးတစ်ပြားနှင့် အလုပ်လုပ်ဖို့ သဘောတူခသည် မဟုတ်လား။ 14 နောက်ဆုံး အငှားသားကိုလည်း သင့်ကို ပီးသည့်နည်းတူ ငါပီးလို၏၊ သို့ဖြစ်၍ သင်သည် မိမိလုပ်ခကို ယူပြီးလျှင် အဂုပင် အိမ်သို့ ပြန်လော့၊ 15 ငါ့ငွီကို ငါ့ဆန္ဒအတိုင်း လုပ်ရသော အခွင့်မဟိပါလား၊ သို့မဟုတ် ငါ သဘောကောင်းသည်ကို သင်ရို့သည် မနာလိုဖြစ်သလော’ ” ဟု သူရို့ထဲက တစ်ယောက်ကို ပြော၏။
16 [a]ယေသျှုက “သို့ဖြစ်၍ နောက်ကျသောသူများသည် အဦးဆုံး ဖြစ်ကြလိမ့်မည်။ အဦးကျသောသူများသည် နောက်ဆုံး ဖြစ်ကြလိမ့်မည်” ဟု နောက်ဆုံးမိန့်တော်မူ၏။
17 ယေသျှုသည် ယေရုဆလင်မြို့သို့ ကြွတော်မူစဉ်၊ တပည့်တော် တစ်ဆယ့်နှစ်ပါးကို ဘေးနားက ခေါ်ဆောင်လျက် လမ်းလျှောက်ယင်း သူရို့အား သီးသန့် မိန့်မှာတော်မူသည်မှာ၊ 18 “နားထောင်ကတ်။ ငါရို့သည် ယေရုဆလင်မြို့သို့ လားကြပြီ။ ထိုနီရာ၌ လူသားကို ယဇ်ပရောဟိတ်အကြီးအကဲတိ၊ ကျမ်းတတ်ဆရာတိ လက်ထဲသို့ အပ်နှံကြလိမ့်မည်။ သူရို့သည် လူသားကို အသက်သီယောင်ထိ ပြစ်ဒဏ်ပီးကတ်လိမ့်မည်။ 19 ထို့နောက် သူရို့သည် လူသားကို လူမျိုးခြားတိလက်သို့ အပ်ကြလိမ့်မည်၊ ထိုသူရို့သည် လူသားကို လှောင်ပြောင်ခြင်းကိုပြု၍ ကြာပွတ်နှင့် သတ်ကြလိမ့်မည်။ နောက်ဆုံး၌ လူသားကို လက်ဝါးကပ်တိုင်မှာ တင်၍ သတ်ကြလိမ့်မည်၊ သို့သော်လည်း လူသားသည် သုံးရက်မြောက်သောနိ့မှာ သီခြင်းက ထမြောက်လိမ့်မည်” ဟု ပြော၏။
20 ထိုအခါ ဇေဗေဒဲ၏မယားသည် သူမ၏သား နှစ်ယောက်နှင့်အတူ ယေသျှုထံပါးသို့ ရောက်လာ၍ ယေသျှုရှိ့မှာ ပျပ်ဝပ်ကာ သူမ လိုချင်သောအရာတစ်ခုကို တောင်းဆို၏။
21 ယေသျှုက၊ “သင်သည် ဇာကို လိုချင်ပါလဲ” ဟု သူမအား မိန်း၏။
22 ယေသျှုကလည်း “သင်ရို့ ဇာကို တောင်းနိန်သည်ကို သင်ရို့ မသိကတ်။ ငါ သောက်ရမည့် ခွက်ကို သင်ရို့ သောက်နိုင်ကတ်ဖို့လား” ဟု သူမ၏ သားနှစ်ယောက်ကို မိန့်တော်၏။
23 ယေသျှုက “သင်ရို့သည် ငါ၏ခွက်ကို အမှန်ပင် သောက်ရကြလိမ့်မည်။ သို့သော် ငါ၏လက်ယာဖက်၊ လက်ဝဲဖက်မှာ ထိုင်မည့်သူတိကို ငါသည် ရွီးချယ်ပိုင်ခွင့် မဟိ။ ငါ၏အဖက ရွီးချယ်ထားသောသူရို့သာ ဤနီရာကို ပိုင်ထိုက်တော်မူ၏” ဟု သူရို့အား မိန့်တော်မူ၏။
24 ကျန်သော တပည့်တော်ဆယ်ယောက်က ဤအကြောင်းကို ကြားကြသောအခါ ထိုညီအစ်ကို နှစ်ယောက်ကို စိတ်ဆိုးကြ၏။ 25 [b]ထို့ကြောင့် ယေသျှုက တပည့်တော်အားလုံးကို ခေါ်ပြီးလျှင်၊ “လောကီမင်းတိမှာ လူထုကို အုပ်ချုပ်ရန် အာဏာသုံးကြ၏၊ အစိုးရခေါင်းဆောင်တိမှာလည်း အခွင့်အာဏာကို ကျင့်သုံးကြသည်ကို သင်ရို့ သိကြ၏။ 26 [c]သို့သော်လည်း သင်ရို့တွင် ဤသို့ မဟုတ်၊ အကြီးအကဲ လုပ်ချင်သောသူသည် အားလုံး၏ အခိုင်းအစီဖြစ်ရမည်။ 27 သင်ရို့တွင် အမြင့်ဆုံးမှာ နီချင်သောသူသည် အားလုံး၏အစီခံကျွန် ဖြစ်ရမည်။ 28 လူသားသည် သူတစ်ပါးကို စီခိုင်းရန် ကြွလာခြင်း မဟုတ်၊ လူတိကို ရွီးနုတ်ခြင်းငှာ မိမိအသက်ကို စွန့်၍ အစီခံရန် ကြွလာခြင်းဖြစ်၏” ဟု ဆုံးမသြဝါဒ ပီးတော်မူ၏။
29 ယေသျှုနှင့် သူ၏တပည့်တော်ရို့သည် ယေရိခေါမြို့က ထွက်လာကြသောအခါ လူအုပ်ကြီးလည်း နောက်မှ လိုက်လာကြ၏။ 30 လမ်းဘေးမှာ ထိုင်နိန်သော မျက်မမြင်နှစ်ယောက်က ယေသျှု ဖြတ်လားသည်ကို ကြားသောအခါ “ဒါဝိဒ်၏သားတော် အကျွန်ရို့ကို သနားတော်မူပါ၊ အသျှင်” ဟု အော်ဟစ်၍ လျှောက်ကြ၏။
31 လူအုပ်ကြီးက သူရို့ကို ဆူပူကြိမ်းမောင်းလျက် တိတ်ဆိတ်စွာ နီကြရန်ပြောကြ၏။ သို့သော်လည်း သူရို့က “ဒါဝိဒ်၏သားတော် အကျွန်ရို့ကို သနားတော်မူပါ၊ အသျှင်” ဟု သာ၍ ကျယ်သောအသံနှင့် အော်ဟစ်ကြ၏။
32 ထိုအခါ ယေသျှုက ရပ်တော်မူလျက် သူရို့ကို ခေါ်၍ “သင်ရို့အဖို့ ငါ ဇာလုပ်ပီးရဖို့လဲ” ဟု မိန်း၏။
33 သူရို့က “အသျှင်၊ အကျွန်ရို့ မျက်စိမြင်ချင်ပါရေ” ဟု တောင်းလျှောက်ကြ၏။
34 ယေသျှုသည် လွန်စွာ သနားစိတ်ဝင်၍ သူရို့၏မျက်စိကို တို့တော်မူလျှင် သူရို့သည် ချက်ချင်း မျက်စိမြင်လာကြပြီး ကိုယ်တော်နောက်သို့ လိုက်လားကြ၏။
<- မဿဲ 19မဿဲ 21 ->
Languages