3 ဤအကြောင်းကို ဟေရုဒ်မင်းကြားသော် မင်းကြီးနှင့်အတူ ယေရုဆလင်မြို့၌ ဟိသော အပေါင်းအဖော်များသည် အလွန်စိတ်နှလုံးမငြိမ်မသက် ဖြစ်ကြ၏။ 4 ဟေရုဒ်မင်းသည် ယဇ်ပုရောဟိတ်အကြီးတိနှင့် ကျမ်းတတ်ဆရာတိအားလုံးကို ခေါ်၍ “ခရစ်တော်[a]ကို ဇာအရပ်မှာ ဖွားမြင်လိမ့်မည်နည်း” ဟု မိန်း၏။
5 “ယုဒပြည် ဗက်လင်မြို့၌ ဖြစ်ပါ၏၊ အကြောင်းမူကား၊ ပရောဖက် ရီးထားခသည်မှာ၊
7 ထိုစကားကို ကြားသည်နှင့် ဟေရုဒ်မင်းကြီးသည် အရှိ့အရပ်က နက္ခတ်ပညာဟိများကို တိတ်တိတ်ချေ ခေါ်ပြီးလျှင် ကြယ်ပေါ်ချိန် အတိအကျကို မိန်းလေ၏။ 8 “သင်ရို့သည် လား၍ သူငယ်ကို စိ့စိ့စပ်စပ် ရှာကတ်၊ ငါလည်း သူ့ကို လား၍ ဖူးမြော်ချင်သည်ဖြစ်၍ တွိ့လျှင် ငါ့ကို ပြောကြလော့” ဟု ပြောကာ မင်းကြီးက နက္ခတ်ပညာဟိရို့ကို ဗက်လင်မြို့သို့ ရွှတ်လိုက်၏။
9 ထိုသူရို့သည် မင်းကြီးစကားကို နာခံပြီးနောက် ထွက်လာကြ၏၊ အရှိ့အရပ်၌ သူရို့ မြင်ခသည့် ကြယ်သည် သူရို့၏ရှိ့က လားလေ၏၊ သူငယ်ဟိရာအရပ်၏ အထက်တည့်တည့်သို့ ရောက်သောအခါ ထိုကြယ်သည် တန့်နိန်၏။ 10 သူရို့သည် ထိုကြယ်ကို မြင်ကြသောအခါ အလွန် ဝမ်းမြောက်ကြ၏။ 11 ကြယ်ပညာဟိရို့သည် အိမ်ထဲသို့ ဝင်ကြသောအခါ မိခင်မာရိနှင့်အတူ သူငယ်ကို တွိ့ကြသဖြင့် သူငယ်ကို ပျပ်ဝပ်လျက် ကိုးကွယ်ကြ၏။ သူရို့ယူလာသော လောဗန်၊ မုရန်၊ ရွှီ စသော လက်ဆောင်များကို ထုတ်၍ သူငယ်ကို ပူဇော်ကြ၏။
12 ဘုရားသခင်က ဟေရုဒ်မင်းကြီးထံပါးသို့ ပြန်၍ မလားကြရန် အိပ်မက်ထဲ၌ နက္ခတ်ပညာဟိရို့ကို ပြောထားပြီးဖြစ်သောကြောင့် သူရို့သည် မိမိတိုင်းပြည်သို့ အခြားသောလမ်းဖြင့် ပြန်လားကြ၏။
14 ထို့ကြောင့် ယောသပ်သည် ချက်ချင်း ထ၍ သူငယ်နှင့် အမိကို ခေါ်၍ ညတွင်းချင်း အဲဂုတ္တုပြည်သို့ ထွက်ဗြီးကြလေ၏။ 15 ဟေရုဒ် အနိစ္စရောက်သည့်တိုင်အောင် အဲဂုတ္တုပြည်၌ နီထိုင်ကြလေ၏။ ဤကား “ငါ့သားသျှေကို အဲဂုတ္တုပြည်မှ ငါ ကိုယ်တိုင် ခေါ်ထုတ်လာမည်” ဟူသော ထာဝရဘုရားက ပရောဖက်အားဖြင့် ဟောထားခသောစကားသည် ပြည့်စုံခြင်းသို့ ရောက်လေ၏။
17 ထိုအခါ ပရောဖက် ယေရမိအားဖြင့် ဟောထားခစကားသည် ပြည့်စုံခြင်းသို့ ရောက်လေ၏။ သူ၏စကားမှာ၊
22 ထိုအချိန်၌ ဟေရုဒ်၏သား အာခေလသည် ယုဒပြည်၏ဘုရင်အဖြစ် ခမည်းတော်နန်းရာကို ဆက်ခံနိန်သည်ကို ကြားသဖြင့် ယောသပ်သည် ယင်းပြည်သို့ ပြန်လားဖို့ရန် ကြောက်နိန်၏။ အိပ်မက်ထဲ၌ ဗျာဒိတ်တော်ကို မြင်ပြီးခါမှသာ၊ ဂါလိလဲနယ်ထဲသို့ ဝင်ရောက်ကာ 23 [b]နာဇရက်ဟုခေါ်သော မြို့တစ်မြို့တွင် နီထိုင်လေ၏။ ထို့ကြောင့် “ကိုယ်တော်အား နာဇရက်မြို့သားဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူသော ပရောဖက်တိအားဖြင့် ဟောထားခသောစကားသည် ပြည့်စုံခြင်းသို့ ရောက်လေ၏။
<- မဿဲ 1မဿဲ 3 ->
Languages