မဿဲ ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်း နိဒါန်း မဿဲ ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်းတရားသည် ယေသျှုခရစ်တော်၏ဘဝကို ဖော်ပြထားသော ဓမ္မသစ်ကျမ်း လေးအုပ်မှ တစ်အုပ်ဖြစ်ပါသည်။ ထိုစာအုပ် တစ်အုပ်စီကို “ကောင်းမြတ်သော သတင်းစကား” ဟု အဓိပ္ပာယ်ရသည့် “သတင်းကောင်းတရား” ဟု ခေါ်၏။ ထိုစာအုပ်များကို မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်ရို့က ရီးသားခ၏။ မဿဲ ရီးသားပြုစုသော ခရစ်တော်၏ သတင်းကောင်းတရားကို မည်သည့်အချိန်က ရီးသားခသည်ကို ပညာသျှင်ရို့က အတိအကျ မသိကြသော်လည်း ထိုစာအုပ်ကို ခရစ်တော်မွီးဖွားပြီးနောက် ၆၀ ခုနှစ်ဝန်းကျင်အကြာက ရီးသားခသည်ဟု ခန့်မှန်းရပါသည်။ ဤစာအုပ်အား ရီးသားခသည့် နီရာကို မသိသော်လည်း ပါလက်စတိုင်း၌လည်းကောင်း၊ ယေရုဆလင်မြို့၌လည်းကောင်း ရီးသားခဟန်ဟိသည်ဟု ပညာသျှင်ရို့က ခန့်မှန်းကြပါသည်။ ဤစာအုပ်ကို ရီးသားသူမှာ မဿဲဖြစ်၏။ ယေသျှုက သူ့ကို တပည့်တော်တစ်ယောက် ဖြစ်လာရန် မခေါ်ခင်က သူသည် အခွန်ကောက်ခံသူ တစ်ယောက်ဖြစ်၏။ သူသည် လေဝိ နာမည်နှင့်လည်း ထင်ရှားခလေ၏။ မဿဲသည် တပည့်တော်ဆယ့်နှစ်ပါးထဲက တစ်ပါးဖြစ်၏။ သူသည် ယုဒလူမျိုး စာဖတ်ပရိသတ်တိအတွက် ဤစာအုပ်ကို ရီးထားခလေ၏။ ဤစာအုပ်သည် ကျမ်းချက် ၆၀ ကျော်ဖြင့် ဓမ္မဟောင်းကျမ်းကို ကိုးကားထားကြောင်း ယှင်းလင်းစွာ တွိ့မြင်နိုင်ပါသည်။ သူက ယေသျှုသည် ပရောဖက်တိ ဟောထားခသည့် ဘုရားသခင်ရွီးချယ်ထားသော ကယ်တင်သျှင် မေသျှိယ ဖြစ်ကြောင်း ဖော်ပြရန် ရည်ရွယ်၍ ဤသို့ ကိုးကားထားခြင်း ဖြစ်ပါသည်။ မဿဲက ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကိုလည်း များစွာ ရီသားထားပါသည်။ ယုဒလူမျိုးတိက မေသျှိယကို နိုင်ငံ၏သျှင်ဘုရင် ဖြစ်လာရန် မျှော်လင့်နိန်ခကြလေ၏။ မဿဲက ဝိညာဉ်ရေးရာနှင့်ဆိုင်သော နိင်ငံတော်ကို ဖော်ပြခြင်းဖြင့် ထိုယုံကြည်ချက်ကို လွှမ်းမိုးရန် အထူးအာရုံစိုက်ထား၏။ မဿဲ ရီးသားပြုစုထားသော သတင်းကောင်းတရားသည် ဓမ္မသစ်ကျမ်းကို အစပြုရန် လျှော်ကန်သင့်မြတ်သော စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါသည်။ အကြောင်းမှာ ဤစာအုပ်၏ ကိုးကားချက်အားလုံးသည် ဓမ္မဟောင်းကျမ်းကို အခြီပြုထားသောကြောင့် ဖြစ်၏။ ဤစာအုပ်သည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကို ဆက်သွယ်ပီးထားသော စာအုပ်တစ်အုပ်ဖြစ်၏။ မဿဲသည် ဓမ္မဟောင်း၏ ပထမစာအုပ် ၅ အုပ်ဖြစ်သော မောသျှေ၏စာအုပ်များကို အတုယူ၍ ရီးသားခဟန်ဟိသည်ဟု ပညာသျှင်ရို့က ယူဆထားကြ၏။ ယေသျှု၏ တော်ပေါ်ဒေသနာ (၅—၇) ကို ဘုရားသခင်က မောသျှေအား ပီးသော ပညတ်တရား (တရားဟောရာကျမ်း ၁၉.၃—၂၃.၃၃) နှင့် နှိုင်းယှဉ်၍ ရီးထား၏။ အကြောင်းအရာ အကျဉ်းချုပ် ၁။ မဿဲသည် ယေသျှုခရစ်တော်၏ မွီးဖွားခြင်းအကြောင်းကို ပြောကာ သတင်းကောင်းတရားကို စတင်ထားပြီး အခန်း ၁ မှ ၄ ထိ သူ၏သာသနာကို အစပြု၍ ရီးသားထားခြင်း (၁.၁—၄.၂၅) ၂။ ထို့နောက် မဿဲက အခန်း ၅ မှ ၂၅ ထိ ယေသျှု၏သာသနာပြုခြင်းနှင့် သူ၏ ဩဝါဒများစွာကို ဖော်ပြထားခြင်း (၅.၁—၂၅.၄၆) ၃။ မဿဲသည် ယေသျှု အသီခံခြင်း၌ အထွဋ်အထိပ်ဖြစ်သော သာသနာပြုခြင်းနှင့် သီခြင်းမှထ မြောက်ခြင်းအကြောင်းကို နောက်ဆုံး၌ ဖော်ပြထားခြင်း (၂၆.၁—၂၈.၂၀)
18 [b]ယေသျှု ခရစ်တော်၏ ဖွားမြင်တော်မူခြင်းမှာ ဤသို့ဖြစ်၏။ ယောသပ်နှင့် စိ့စပ်ပြီးနောက် ပေါင်းသင်းနီထိုင်ခြင်း မပြုခင် မယ်တော်မာရိသည် သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ စွဲနိန်၏။ 19 ယောသပ်သည် ဖြောင့်မတ်သောသူ ဖြစ်သည်နှင့်အညီ မာရိကို လူပုံအလည်၌ အသရေမပျက်စီလို၍ လူသိသျှင်ကြား စိ့စပ်ထားသည်ကို တိတ်တဆိတ် ဖျက်သိမ်းရန် ကြံစည်နိန်၏။ 20 ထိုသို့ ကြံစည်နိန်စဉ်တွင် အိပ်မက်ထဲ၌ သခင်ဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် ပေါ်လာ၍ “ဒါဝိဒ်အမျိုး ယောသပ်၊ မာရိကို မယားအဖြစ် ပေါင်းသင်းနီထိုင်ဖို့ရန် မကြောက်ကေ့။ သူမ၏ကိုယ်ဝန်သည် သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် ဖြစ်၏။ 21 [c]သူမသည် သားယောက်ျားကို ဖွားမြင်လိမ့်မည် — သူ၏လူတိကို အပြစ်မှ ကယ်တင်မည့်သူဖြစ်သောကြောင့် — သူ့ကို ယေသျှုဟူ၍ အမည်မှည့်ရလိမ့်မည်” ဟု ကောင်းကင်တမန်က ပြောလေ၏။
22 အကြောင်းမူကား၊ ထာဝရဘုရားသည် ပရောဖက်အားဖြင့် မိန့်မှာထားသော ဗျာဒိတ်တော်အားလုံး ပြည့်စုံရန် ဖြစ်လေ၏။ 23 ဗျာဒိတ်တော်သည်ကား “အပျိုစင်တစ်ယောက်သည် ပဋိသန္ဓေတည်၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်၊ ထိုသားကို ဧမာနွေလဟူ၍ အမည်မှည့်ရလိမ့်မည်” ဟု လာသတည်း (ဧမာနွေလ၏အဓိပ္ပာယ်ကား “ငါရို့နှင့်အတူဟိသော ဘုရားသခင်” ဖြစ်၏)။
24 ယောသပ်သည် အိပ်ပျော်ရာမှ နိုးလာပြီးလျှင် သခင်ဘုရား၏ ကောင်းကင်တမန် မှာထားသည့်အတိုင်း မာရိကို လက်ထပ်ထိမ်းမြားလေ၏။ 25 [d]သို့ရာတွင် သားကို ဖွားမြင်ပြီးသည့်တိုင်အောင် ယောသပ်သည် မာရိနှင့် ယှက်တင်ခြင်းကို မပြုဘဲ နိန်လေ၏။ ထို့နောက် ယောသပ်သည် ထိုသားကို ယေသျှု ဟူ၍ နာမည်မှည့်လေ၏။
မဿဲ 2 ->
Languages