4 ယေသျှုထံပါးသို့ အမြို့မြို့မှလာကြသော လူအပေါင်းရို့သည် စုရုံးလျက် နိန်ကြစဉ် ကိုယ်တော်သည် ပုံဥပမာဆောင်၍၊
5 “မျိုးစိ့ကြဲသောသူသည် မျိုးစိ့ကိုကြဲဖို့ရန် ထွက်လားလေ၏။ မျိုးစိ့ကြဲသောအခါ တချို့မျိုးစိ့ရို့သည် လမ်း၌ကျသဖြင့် လူတိက ကျော်နင်းပြီးလျှင် ငှက်တိက ကောက်စားကြ၏။ 6 တချို့မျိုးစိ့ရို့သည် ကျောက်ခံမြီ၌ကျသဖြင့် အပင်ပေါက်သော်လည်း မြီဆီအစိုဓာတ် မဟိသောကြောင့် ညှိုးနွမ်းခြောက်သွိ့လေ၏။ 7 တချို့အစိ့တိကား ဆူးတော၌ကျသဖြင့် အပင်ပေါက်သော်လည်း ဆူးပင်များသည် ညှည်းဆဲသောကြောင့် မကြီးထွားနိုင်။ 8 တချို့အစိ့ရို့သည် ကောင်းသောမြီဆီလွှာ၌ကျသဖြင့် အပင်ပေါက်ပြီးလျှင် အဆတစ်ရာအသီးနှံကို ဖြစ်ထွန်းလေ၏” ဟု မိန့်တော်မူ၏။
9 တပည့်တော်ရို့သည် ထိုပုံဥပမာများ၏ အနက်အဓိပ္ပာယ်ကို ယေသျှုအား မိန်းလျှောက်ကြ၏။ 10 ကိုယ်တော်ကလည်း “သင်ရို့သည် ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော နက်နဲသည့် အရာတိကို သိရခြင်းငှာ အခွင့်ဟိကြ၏။ သို့သော် အခြားသော လူတိအား ‘ကြည့်လျက်နန့် မမြင်၊ ကြားလျက်နန့် နားမလည်’ သည့်အတွက် ပုံဥပမာကိုသာ ဟောရခြင်းဖြစ်၏။
11 “ဤပုံဥပမာ၏ အနက်အဓိပ္ပာယ်ကား ဤသို့တည်း၊ မျိုးစိ့က ဘုရားသခင်၏ တရားစကားဖြစ်၏။ 12 လမ်း၌ကျသည့် မျိုးစိ့ကား တရားစကားကို ကြားရသော်လည်း နတ်ဆိုးတိက ထိုသူရို့သည် ယုံကြည်၍ ကယ်တင်ခြင်းသို့ မရောက်စီရန် လာပြီးလျှင် သူရို့စိတ်နှလုံးထဲက နှုတ်ကပါတ်တရားတော်ကို နုတ်ယူလားကြ၏။ 13 ကျောက်ခံမြီ၌ ကျသောမျိုးစိ့ကား နှုတ်ကပတ်တရားတော်ကို ကြားသောအခါ ဝမ်းမြောက်စွာ ခံယူသူကို ဆိုလို၏။ သို့သော်လည်း သူရို့၏ စိတ်နှလုံး၌ အမြစ်မစွဲ၊ ကာလအနည်းချေရာ ယုံကြည်လက်ခံကြ၏။ စုံစမ်းနှောက်ယှက်ခြင်းနှင့်တွိ့သောအခါ သူရို့သည် ဖောက်ပြန်လားကြ၏။ 14 ဆူးတော၌ ကျသောမျိုးစိ့ကား နှုတ်ကပတ်တရားတော်ကို ကြား၏၊ သို့သော် စိုးရိမ်ပူပန်မှု၊ ချမ်းသာကြွယ်ဝမှု၊ ကာမဂုဏ်ခံစားမှုများ လွှမ်းမိုးနိန်သည့်အတွက် အသီးကောင်းကို မသီးနိုင်။ 15 ကောင်းသောမြီဆီလွှာ၌ ကျသောမျိုးစိ့ကား တရားစကားကို ကြား၍ ဖြောင့်မတ်နာခံတတ်သော နှလုံးသားနှင့် နှုတ်ကပါတ်တရားတော်ကို စွဲမြဲစွာ ခံယူပြီးလျှင် သည်းခံသောအားဖြင့် အသီးသီးသောသူကို ဆိုလိုသတည်း။”
16 [b]“ဆီးမီးကိုထွန်းပြီး တောင်းနှင့်အုပ်ထားခြင်း၊ ကုတင် အောက်၌ထားခြင်းကို ဇာသူလေ့ မပြုတတ်။ ဝင်လာသောလူတိ အလင်းကိုမြင်စီဖို့ ဆီးမီးခုံထက်၌ တင်ထားလေ့ ဟိ၏။”
17 [c] “အကြောင်းမူကား ကွယ်ဝှက်ထားသောအရာတိ ပေါ်လာပြီးလျှင် ဖုံးအုပ်ထားသော အရာမှန်သမျှသည်လည်း ထင်ရှားလာပြီး အလင်းထဲသို့ ယူဆောင်လာလိမ့်မည်။”
18 [d]“ထို့ကြောင့် သင်ရို့ ဇာပိုင်ကြားနာရမည်ကို သတိပြုကြလော့။ အကြောင်းမူကား ဟိသောသူကို ထပ်၍ ပီးလိမ့်မည်။ မဟိသူပါးက ဟိသည်ဟု ထင်သောအရာတိကိုပင် သိမ်းယူလိမ့်မည်” ဟု မိန့်တော်မူ၏။
19 ယေသျှု၏မယ်တော်နှင့် ညီတော်ရို့သည် ကိုယ်တော်ထံသို့ လာကြ၏။ သို့စေကာမူ လူပရိသတ်တိအား တိုးမပေါက်နိုင်သဖြင့် တွိ့ခွင့်မရ နိုင်ကြ။ 20 လူတစ်ယောက်က ယေသျှုအား “ကိုယ်တော်၏ မယ်တော်နှင့် ညီတော်တိက ကိုယ်တော့်ကို တွိ့ချင်သောကြောင့် အပြင်မှာ စောင့်နိန်ကြပါ၏” ဟု လျှောက်ကြ၏။
21 ထိုအခါ ယေသျှုက “ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို ကြားနာလိုက်လျှောက်သော လူတိကား ငါ့အမိ၊ ငါ့ညီပင် ဖြစ်၏” ဟု မိန့်တော်မူ၏။
22 တစ်နိ့၌ ယေသျှုနှင့် တပည့်တော်ရို့သည် လောင်းထက်သို့ တက်ကြ၏။ ထို့နောက်ကိုယ်တော်က၊ “အိုင်တစ်ဖက်ကို ကူးကြကုန်အံ့” ဟု မိန့်တော်မူသဖြင့် တပည့်တော်ရို့သည် ရွက်ရွှင့်ကြ၏။ 23 သူရို့ ရွက်ရွှင့်ကြစဉ် ယေသျှုသည် အိပ်လျက် နိန်တော်မူ၏။ ရုတ်တရက် အိုင်တွင် လီမုန်တိုင်းကျလာသဖြင့် လောင်းသည် ရီနှင့်ပြည့်လုပြည့်ချင် ဟိသောကြောင့် တပည့်တော်ရို့သည် ကြီးစွာသော ဒုက္ခဖီးနှင့် ကြုံရလေ၏။ 24 တပည့်တော်ရို့သည် ချဉ်းကပ်ပြီး ယေသျှုကို နှိုးပြီးလျှင် “သခင်၊ သခင်၊ အကျွန်ရို့ သီရပါဖို့ ဗျာယ်” ဟု ဆိုကြ၏။
26 ယေသျှုနှင့် သူ၏တပည့်တော်ရို့သည် ဂါလိလဲပြည်နှင့် အိုင်တစ်ဖက်ဖြစ်သော ဂါရစနယ်[e]သို့ ရွက်ရွှင့်ကြ၏။ 27 ယေသျှုသည် ကမ်းထက်သို့ တက်သည်နှင့် နတ်ဆိုးတိပူးသောသူ တစ်ယောက်သည် မြို့မှလာ၍ ကိုယ်တော့်ကို လာရောက် တွိ့ဆုံလေ၏။ ထိုသူသည် အဝတ်ကိုမဝတ်၊ အိမ်တွင်မနီဘဲ သင်္ချိုင်းကုန်းများတွင်သာ နီသည်မှာ ကြာပြီဖြစ်၏။ 28 ယေသျှုကိုမြင်လျှင် သူသည် အော်ဟစ်ကာ ရှိ့တော်၌ပျပ်ဝပ်လျက် “ယေသျှု၊ အမြင့်မြတ်ဆုံးသော ဘုရားသခင်၏သားတော်၊ အကျွန့်ပါးက ဇာအလိုဟိပါသလဲ၊ အကျွန့်ကို မနှိပ်စက်ပါကေ့၊ တောင်းပန်ပါ၏” ဟု ကျယ်သောအသံဖြင့် အော်ဟစ် လျှောက်ထားလေ၏။ 29 ထိုသို့ လျှောက်ထားရသည့်အကြောင်းမှာ ယေသျှုသည် ဝိညာဉ်ဆိုးအား ထိုသူအထဲမှ ထွက်လားရန် အမိန့်ပီးလိုက်သောကြောင့်ဖြစ်၏။ ဝိညာဉ်ဆိုးသည် ထိုသူအား ကြိမ်ဖန်များစွာ ဝင်ပူးခ၏။ သူ၏ခြီ၊ လက်တိကို သံကြိုးများနှင့် တုတ်နှောင်ဖမ်းချုပ် စောင့်ကြပ်ထားသော်လည်း ထိုသူသည် သံကြိုးများကို ချိုးဖြတ်ကာ တောကန္တာရသို့ ထွက်ပြီးတတ်၏။
30 ယေသျှုက နတ်ဆိုးအား “သင့်နာမည်က ဇာလဲ” ဟု မိန်းတော်မူလျှင်၊ “အကျွန့်နာမည် လေဂေါင်[f]ဖြစ်ပါ၏” ဟု ပြန်လျှောက်လေ၏။ အကြောင်းမှာ ထိုသူအား နတ်ဆိုးရို့သည် ပူးကပ်နိန်သောကြောင့်ဖြစ်၏။
31 နတ်ဆိုးရို့က “အကျွန်ရို့ကို အဆုံးမဟိသော တွင်းနက်ထဲ၌ လားဖို့ အမိန့်မပီးပါကေ့” ဟု ယေသျှုအား တောင်းပန်ကြ၏။[g]
32 ထိုအရပ်၌ ဝက်အုပ်ကြီးတစ်အုပ်သည် တောင်ခါးစောင်းနားတွင် ကျက်စားလျက်ဟိ၏။ နတ်ဆိုးရို့သည် ထိုဝက်တိထဲသို့ ဝင်ပူးခွင့်ပြုရန် ယေသျှုကို တောင်းပန်ကြ၏။ ကိုယ်တော်သည်လည်း ထိုသူရို့အား အခွင့်ပီးတော်မူလေ၏။ 33 နတ်ဆိုးရို့သည် လူမှခွါ၍ ဝက်တိထဲသို့ ဝင်ပူးကြ၏။ ထိုအခါ ဝက်တစ်အုပ်လုံးသည် အိုင်ကမ်းထောင်းစောက်သို့ တဟုန်ထိုး ဗြီးဆင်းလျက် အိုင်ထဲ၌ ရီနစ်သီဆုံးကြ၏။
34 ဤသို့ဖြစ်ပျက်သည့် အကြောင်းအရာများကို ဝက်ထိန်းသားရို့သည် မြင်လျှင် ဗြီး၍ မြို့ရွာများသို့ လားကာ ထိုအခြင်းအရာကို ပြောကြ၏။ 35 လူတိကလည်း ထိုအဖြစ်အပျက်ကို ကြည့်ရန်ထွက်လာကြ၏။ ယေသျှုထံပါးသို့ ရောက်သောအခါ နတ်ဆိုး ထွက်လားသောသူသည် အဝတ်ကိုဝတ်၍ ယေသျှု၏ ခြီတော်ရင်းတွင် အကောင်းပကတိ ထိုင်နိန်သည်ကို မြင်လျှင် သူရို့အားလုံးသည် ကြောက်ရွံ့ကြ၏။ 36 ထိုအရာကို မြင်သောလူတိက ထိုသူသည် မည်သို့ ပြန်ကောင်းလာကြောင်းကို အခြားလူတိအား ပြန်ပြောကြ၏။ 37 ထိုအခါ ဂါရစနယ်မှ လူအပေါင်းရို့သည် အလွန်ကြောက်လန့်သဖြင့် မိမိရို့အရပ်မှ ထွက်လားရန် ယေသျှုအား တောင်းပန်ကြ၏။ ထိုအခါ ယေသျှုသည် လောင်းထက်သို့တက်၍ ထိုအရပ်မှ ထွက်ခွါတော်မူ၏။ 38 နတ်ဆိုး ထွက်လားသောသူသည် ယေသျှုအား “ကိုယ်တော်နှင့်အတူ လိုက်ခွင့်ပြုပါ” ဟု တောင်းပန်၏။
40 ယေသျှု ပြန်ကြွလာတော်မူသောအခါ လူအပေါင်းရို့သည် ကမ်းတစ်ဖက်တွင် ကိုယ်တော့်ကို စောင့်မျှော်ကြလျက် ခရီးဦးကြိုပြုကြ၏။ 41 ထိုအခါ တရားဇရပ်မှူး ယာဣရုဆိုသောသူသည် ကိုယ်တော်ထံသို့ ရောက်လာ၍ ယေသျှု၏ ခြီတော်ရင်းတွင် ပြပ်ဝပ်လျက် သူ၏အိမ်သို့ ကြွတော်မူရန် ကိုယ်တော့်ကို တောင်းပန်တော်မူ၏။ 42 အကြောင်းမှာ သူ၌ တစ်ဆယ့်နှစ်နှစ်အရွယ် တစ်ဦးတည်းသော သမီးသည် သီခါနီး ဖြစ်နိန်သောကြောင့် ဖြစ်၏။
46 သို့သော်လည်း ယေသျှုက “တစ်ယောက်ယောက်က ငါ့ကို တို့၏။ ငါ့ကိုယ်က တန်ခိုးထွက်လားသည်ကို ငါသိရ၏” ဟု မိန့်တော်မူ၏။ 47 ထိုမိန်းမသည် မိမိပြုခသည့်အမှုကို ဖုံးကွယ်ထား၍ မရကြောင်း သိလာသောအခါ တုန်လှုပ်လျက် ရှိ့တော်သို့လာပြီး ပျပ်ဝပ်ကာ ယေသျှုအား တို့ထိရသည့်အကြောင်းကိုလည်းကောင်း၊ ချက်ချင်းပင် မိမိ၏ရောဂါ ပျောက်ကင်းကြောင်းကိုလည်းကောင်း လူအပေါင်းရို့၏ရှိ့တွင် လျှောက်လေ၏။ 48 ယေသျှုကလည်း၊ “ငါ့သမီး၊ သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစီဗျာယ်၊ ငြိမ်ဝပ်စွာလားလော” ဟု မိန့်တော်မူ၏။
49 ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် တရားဇရပ်မှူးအိမ်မှ လူတစ်ယောက်လာ၍ “သခင်၏သမီး သီဗျာယ်၊ ဆရာကို မနှောင့်ယှက်ကေ့ဖိ” ဟု ယာဣရုအား ပြော၏။
50 ထိုစကားကို ယေသျှုကြားတော်မူလျှင် ယာကုရုအား၊ “မစိုးရိမ်ကေ့၊ ယုံကြည်ခြင်း တစ်ခုရာ ဟိလော၊ သူငယ်မချေ ကျန်းမာလိမ့်မည်” ဟု မိန့်တော်မူ၏။
51 တရားဇရပ်မှူးအိမ်သို့ ရောက်သောအခါ ပေတရု၊ ယောဟန်၊ ယာကုပ်နှင့် သူငယ်မ၏ မိဖနှစ်ပါးမှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူ ဝင်စီတော်မမူ။ 52 သူငယ်မချေ သီဆုံးသည့်အတွက် လူတိုင်းသည် ငိုကြွီးမြည်တမ်းလျက် ဟိကြ၏။ ယေသျှုက “မငိုကတ်ကေ့၊ သူငယ်မချေ သီစွာ မဟုတ်၊ အိပ်ပျော် နိန်ခြင်းသာဖြစ်၏” ဟု မိန့်တော်မူ၏။
53 ထိုအခါ သူရို့သည် သူငယ်မချေ သီဆုံးပြီးကြောင်းကို သိကြသည်ဖြစ်၍ ကိုယ်တော့်ကို လှောင်ပြောင်ကြ၏။ 54 သို့သော် ယေသျှုသည် သူငယ်မ၏လက်ကို ဆုပ်ကိုင်ကာ “ကလိန့်မေချေ၊ ထလော့” ဟု ခေါ်တော်မူ၏။ 55 သူငယ်မသည် အသက်ပြန်ရှင်လာ၍ ချက်ခြင်းပင် ပြန်ထလေ၏။ ယေသျှုသည် သူငယ်မအား အစားအစာကျွေးမွေးရန် မိန့်မှာတော်မူ၏။ 56 မိဖရို့သည် များစွာအံ့သြကြ၏။ ယေသျှုက ဤအဖြစ်အပျက်ကို မည်သူ့ကိုမျှ မပြောစီရန် သူရို့အား ပညတ်တော်မူ၏။
<- လုကာ 7လုကာ 9 ->- a မ ၂၇.၅၅–၅၆; မာ ၁၅.၄၀–၄၁; လု ၂၃.၄၉
- b မ ၅.၁၅; လု ၁၁.၃၃
- c မ ၁၀.၂၆; လု ၁၂.၂
- d မ ၂၅.၂၉; လု ၁၉.၂၆
- e ဂါရစနယ်၊ တချို့မူရင်းကျမ်းစာ၌ ဂါဒရနယ်၊ ဟု ပါဟိသည် (ရှု မ ၈.၂၈)၊ အခြားသော ကျမ်းတွင် ဂါရဂီသ၊ ဟု ဖော်ပြထားသည်။
- f လေဂေါင်၊ ဟူသော အဓိပ္ပာယ်မှာ စစ်သားပေါင်း ၄,၀၀၀ မှ ၆,၀၀၀ ကြား ဟိသော ရောမစစ်တပ်ကြီး ဖြစ်သည်။
- g အဆုံးမဟိသော တွင်းနက်၊ နတ်ဆိုးရို့သည် သူရို့၏ နောက်ဆုံးအပြစ်ပီးခြင်း မခံရခင် ကမ္ဘာကြီး၏ အနက်ဆုံးသောတွင်း၌ ချုပ်ထားခြင်းခံရမည်ဟု ယူဆသည်။
- h တချို့သော ကျမ်းစာများတွင် ဆီးဆရာများနှင့် ကုသသော်လည်း၊ ဟု မပါဟိပေ။
Languages