1 ယေသျှုသည် လူတိအား ထိုသို့ ဟောပြောသွန်သင်ပြီးနောက် ကပေရနောင်မြို့သို့ ကြွတော်မူ၏။ 2 ထိုမြို့၌ ရောမတပ်မှူးတစ်ဦးတွင် အလွန်အားထားရသော အခိုင်းအစီတစ်ယောက်သည် ဖျားနာလျက် သီလုမျောပါးဖြစ် နိန်၏။ 3 တပ်မှူးသည် ယေသျှု၏သတင်းတော်ကို ကြားသောအခါ ယုဒအမျိုး အကြီးအကဲတိကို ကိုယ်တော့်ထံသို့ ရွှတ်လိုက်ပြီး၊ ကိုယ်တော်ကြွ၍ မိမိ၏အခိုင်းအစီအား ကျန်းမာစီရန် တောင်းလျှောက်စီ၏။ 4 သူရို့သည် ယေသျှုထံသို့ ရောက်လာ၍ “ထိုသူသည် ကိုယ်တော်၏ ကျေးဇူးပြုခြင်းကို ခံထိုက်သူဖြစ်ပါ၏။ 5 သူသည် အကျွန်ရို့လူမျိုးတိကိုချစ်လို့ အကျွန်ရို့အတွက် တရားဇရပ်တစ်ဆောင်ကို ဆောက်လုပ်ပီးသူလည်း ဖြစ်ပါ၏” ဟု လေးနက်စွာလျှောက်လေ၏။
6 ယေသျှုသည် ထိုသူရို့နှင့်အတူ ကြွတော်မူ၏။ တပ်မှူးအိမ်နှင့် မနီးမဝီးသို့ ရောက်သောအခါ တပ်မှူးသည် မိတ်ဆွီများကို ကိုယ်တော်ထံသို့ ရွှတ်လိုက်၍ “အသျှင်ဘုရား၊ ဒုက္ခမရှာပါကေ့။ ကိုယ်တော်သည် အကျွန့်အိမ်ထဲသို့ ဝင်ခြင်းကိုပင် အကျွန် မခံယူထိုက်ပါ။ 7 ယင်းနည်းတူ အကျွန်ကလည်း ကိုယ်တော်ထံပါးကို လာထိုက်သူ မဟုတ်ဟု ယူဆပါ၏။ အမိန့်တော်ကိုသာ ပီးတော်မူပါလျှင် အကျွန်၏ အခိုင်းအစီသည် ကျန်းမာလာပါလိမ့်မည်။ 8 အကျွန်ကိုယ်တိုင်ပင် အထက်အရာဟိ အောက်၌ အမှုထမ်းသူဖြစ်ပြီးလျှင် အကျွန့် လက်အောက်၌လည်း စစ်သားများ ဟိပါ၏။ တစ်ဦးကို ‘လားလော့’ ဟု ဆိုလျှင် လား၍၊ တစ်ဦးကို ‘လာလော’ ဟု ဆိုလျှင် လာကြပါ၏။ အခိုင်းအစီတိကို ‘ဤအလုပ်ကို လုပ်လိုက်’ ဟု ဆိုလျှင် လုပ်ကြပါ၏” ဟု လျှောက်ထားစီ၏။
9 ယေသျှုသည် ထိုစကားကိုကြားတော်မူလျှင် အံ့သြတော်မူ၍ နောက်တော်မှလိုက်လာကြသော လူထုပရိသတ်ဖက်သို့ လှည့်ကြည့်တော်မူပြီးလျှင်၊ “ငါဆိုသည်ကား၊ ဤပိုင်ယုံကြည်ခြင်းကို ဣသရေလလူမျိုးထဲ၌ပင် တစ်ခါလေ့ ငါမတွိ့သိမ့်” ဟု မိန့်တော်မူ၏။
10 တပ်မှူး ရွှတ်လိုက်သော သူရို့သည် အိမ်သို့ ပြန်ရောက်သောအခါ ထိုအခိုင်းအစီသည် ကျန်းမာလျက်ဟိသည်ကို တွိ့ကြ၏။
16 လူအပေါင်းရို့သည် ကြောက်ရွံ့လျက် ဘုရားသခင်ကို ချီးမွမ်းကြ၏။ သူရို့က “ငါရို့ထဲ၌ ပရောဖက်ကြီးတစ်ပါး ပေါ်ထွန်းယာ၊ ဘုရားသခင်သည် သူ့လူတိကို ကယ်တင်ဖို့ ကြွလာတော်မူယာ” ဟု ပြောဆိုကြ၏။
17 ယေသျှု၏သတင်းတော်သည် ယုဒပြည်တလျှောက်လုံးနှင့် ပတ်ဝန်းကျင်ဒေသအားလုံး၌ ပျံ့နှံ့လားလေ၏။
18 ယောဟန်တပည့်ရို့သည် ဖြစ်ပျက်သမျှသော အကြောင်းအရာအားလုံးကို ယောဟန်အား ပြောကြားကြ၏။ ထိုအခါ သူသည် သူရို့အထဲက တပည့်နှစ်ဦးကို ခေါ်ပြီးလျှင်၊ 19 သူရို့ကို သခင်ဘုရားထံသို့ ရွှတ်၍ “ကိုယ်တော်သည် ဗတ္တိဇံယောဟန်ပြောသည့် ကြွလာတော်မူမည့်သူလား၊ ယေပိုင် မဟုတ်ကေ အခြားပုဂ္ဂိုလ်တစ်ဦးကို စောင့် နိန်ရအုံးမည်လော” ဟု မိန်းလျှောက်စီ၏။
20 ထိုသူနှစ်ဦးသည် ယေသျှုထံပါးသို့ လာပြီးလျှင် “ကိုယ်တော်သည် ဗတ္တိဇံယောဟန်ပြောသည့် ကြွလာတော်မူမည့်သူလား၊ ထိုသို့ မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးကို စောင့် နိန်ရအုံးမည်လော။ ဤသို့ မိန်းလျှောက်ရန် ဗတ္တိဇံယောဟန်က အကျွန်ရို့ကို ရွှတ်လိုက်ပါ၏” ဟု လျှောက်ထားကြ၏။
21 ထိုအချိန်၌ ယေသျှုသည် လူအပေါင်းရို့၏ ရောဂါဝေဒနာများကို ပျောက်ကင်းစီခြင်းနှင့် ဝိညာဉ်ဆိုးတိကို နှင်ထုတ်၍ မျက်မမြင်တိကို မျက်စိမြင်စီတော်မူ၏။ 22 ကိုယ်တော်က “သင်ရို့မြင်ရ၊ ကြားရသောအရာတိကို ယောဟန်ပါးသို့ ပြန်လားပြီးလျှင် ပြောပြကြလော့။ မျက်စိကန်းသူတိ မြင်ရဗျာယ်၊ ခြီကျိုးနိန်သောလူတိ လမ်းလျှောက်နိုင်ဗျာယ်၊ နူနာရောဂါသည်တိ စင်ကြယ်[b]ခြင်း ရဗျာယ်၊ နားမကြားသောလူတိ ကြားရဗျာယ်၊ သီသောလူ အသက်ပြန်ရှင်ဗျာယ်၊ ဆင်းရဲသားရို့ သတင်းကောင်းကိုကြားရဗျာယ်။ 23 ငါ့အကြောင်းကို ယုံမှားခြင်းကင်းသူသည် မင်္ဂလာဟိ၏” ဟု ယောဟန်၏ စီတမန်တိအား မိန့်တော်မူ၏။
24 ယောဟန်၏ စီတမန်များသည် အထံတော်မှ ထွက်လားကြပြီးနောက် ယေသျှုသည် ယောဟန်အကြောင်းနှင့် ပတ်သတ်၍ လူအစုအဝေးအား၊ “သင်ရို့သည် ဇာကို ကြည့်ရှုခြင်းငှာ တောကန္တရသို့ လားကြသနည်း၊ လေတိုက်၍ လှုပ်သည့် ကျူပင်ကို ကြည့်ရန် လားကြသလော၊ 25 သို့တည်း မဟုတ် ဝတ်ကောင်းစားကောင်း ဝတ်ထားသောလူကို ကြည့်ခြင်းငှာ လားကြသလော၊ ဝတ်ကောင်းစားကောင်း ဝတ်ပြီးလျှင် စည်းစိမ်ခံစားနိန်သော လူတိကား မင်းစိုးရာဇာအိမ်တိတွင် နီထိုင်ကြ၏။ 26 ငါ့ကို ပြောလော့၊ ပရောဖက်ကို ကြည့်ရန် လားကြသလော၊ မှန်ပါ၏။ ပရောဖက်ထက် သာ၍ ကြီးမြတ်သူကို ကြည့်ဖို့ လားကြခြင်းဖြစ်၏။ 27 ကျမ်းစာလာသည်ကား၊ ‘သင်၏လမ်းကို အသင့်ဖြစ်စီရန် ငါ့၏ စီတမန်ကို သင်၏ ရှိ့၌ ငါစီရွှတ်မည်’ ဟု ဆိုရာ၌ ယောဟန်ကို ဆိုလိုခြင်းဖြစ်၏။ 28 ငါဆိုသည်ကား၊ မိန်းမမွီးသော လူတိထဲ၌ ယောဟန်ထက်ကြီးမြတ်သော လူတစ်ယောက်မှ မဟိ။ သို့သော်လည်း ဘုရားသခင်၏ နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် ယောဟန်ထက် သာ၍ ကြီးမြတ်သည်” ဟု မိန့်တော်မူ၏။
29 [c]အခွန်ခံသောသူတိမှစ၍ လူအပေါင်းရို့သည် ယောဟန်၏ဗတ္တိဇံကို ခံယူခသဖြင့် ကိုယ်တော်၏စကားကို ကြားသောအခါ ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ကို အသိမှတ်ပြုကြ၏။ 30 သို့စေကာမူ ဖာရိယှဲနှင့် ကျမ်းတတ်ဆရာရို့က၊ မိမိရို့အတွက် ဘုရားသခင်ထားတော်မူသော အကြံအစည်တော်ကို ငြင်းပယ်သူများ ဖြစ်ကြသောကြောင့် ယောဟန်ပါးတွင် ဗတ္တိဇံကို မခံယူကြ။
31 ထို့ကြောင့် ယေသျှုက၊ “အဂု လူတိကို ဇာချင့်နန့် ခိုင်းနှိုင်းပြရမည်နည်း။ သူရို့သည် ဇာချင့်နှင့် တူသနည်း။ 32 သူရို့ကား ဈီး၌ထိုင်နိန်သော အချေတိနှင့် တူ၏။ ‘ငါရို့သည် သာယာစွာတီးမှုတ်သော်လည်း၊ သင်ရို့ မကခုန်ကတ်။ ငါရို့ ငိုခြင်းကို ဆိုသော်လည်း သင်ရို့ မငိုကတ်’ ဟု အချင်းချင်း အော်ဟစ်ပြောဆိုကြ၏။ 33 ဗတ္တိဇံယောဟန်က အစားအစာမစား၊ စပျစ်ရည်ကို မသောက်ဘဲ လာသောခါ သင်ရို့က ‘ဤသူသည် နတ်ဆိုးဝင်ပူးသူ’ ဟု ဆိုတတ်ကြ၏။ 34 လူသားသည် စားသောက်၍ လာသည့်အခါ သင်ရို့က ‘ဤသူကို ကြည့်လော့။ သူသည် စားသောက်ကြူးသူ ဖြစ်၏။ အခွန်ခံ၊ အပယ်ခံရို့နှင့် မိတ်ဖွဲ့သူဖြစ်သည်’ ဟု ဆိုကြ၏။ 35 သို့စေကာမူ ဘုရားသခင်၏ ဉာဏ်ပညာကို လက်ခံသူသောသူအပေါင်းရို့က ထိုပညာ မှန်ကန်ကြောင်းကို ပြသကြသည်” ဟု မိန့်တော်မူ၏။
40 ထိုအခါ ယေသျှုက ထိုသူအား၊ “သျှိမုန်၊ သင့်ကို ငါပြောစရာ တစ်ခုဟိသည်” ဟု မိန့်တော်မူလျှင်၊
41 ယေသျှုက “ငွီချီးစားသူတစ်ယောက်၌ အကြွီးတင်သူ နှစ်ယောက်ဟိ၏၊ တစ်ယောက်က ငွီဒင်္ဂါး ၅၀၀၊ အခြားတစ်ယောက်မှာကား ငါးဆယ် အကြွီးတင်၏။ 42 သူရို့သည် အကြွီးမဆပ်နိုင်၍ အကြွီးသျှင်က ထိုအကြွီးတိကို လျော်ပစ်လိုက်၏။ သူရို့နှစ်ယောက်ထဲက ဇာသူက အကြွီးသျှင်ကို ပိုပြီးချစ်မည်နည်း” ဟု မိန်းတော်မူ၏။
43 သျှိမုန်က “ပို၍ ငွီလျော်ပစ်ခြင်းခံရသူသည် သာ၍ ချစ်မည်ဟု ထင်ပါ၏” ဟု လျှောက်၏။ ကိုယ်တော်က “သင်မှန်၏” ဟု မိန့်တော်မူ၏။
44 ထို့နောက် ကိုယ်တော်သည် မိန်းမဖက်သို့လှည့်၍ သျှိမုန်အား၊ “သင်သည် ဤမိန်းမကို မြင်သလော၊ ငါသည် သင့်အိမ်ထဲသို့ ဝင်သောအခါ သင်သည် ငါ့ကို ခြီဆီးဖို့အတွက် ရီကိုမပီး၊ သို့သော်လည်း သူမက မျက်ရည်နှင့် ငါ၏ခြီကို ဆီးပြီးလျှင် သူ၏ဆံပင်နှင့် သုတ်ပီး၏။ 45 သင်က ငါ့ကို ကြိုဆိုသည့် အနမ်းဖြင့် မနမ်း၊ ဤမိန်းမသည် အိမ်ထဲသို့ ဝင်သောအချိန်ကစ၍ ငါ၏ခြီကို အဆက်မပြတ် နမ်းလီဗျာယ်။ 46 သင်သည် ငါ့ဂေါင်းကို ဆီနန့် မလိမ်း၊ သူမမူကား ငါ့ခြီကို ဆီမွှီးနန့် လိမ်းပီးဗျာယ်။ 47 ထို့ကြောင့် ငါဆိုသည်ကား၊ ဤမိန်းမသည် များစွာသောအပြစ်တိမှ ခွင့်ရွှတ်ခြင်း ရကြောင်းကို သူမ၏ ကြီးမားသော မေတ္တာက သက်သီပြနိန်၏။ အပြစ်အနည်းချေရာ ခွင့်ရွှတ်ခံရသူက အနည်းချေရာ ချစ်တတ်၏” ဟု မိန့်တော်မူ၏။
48 ထို့နောက် ယေသျှုက၊ “သင်၏အပြစ်ကို ခွင့်ရွှတ်ဗျာယ်” ဟု မိန်းမအား မိန့်တော်မူ၏။
49 စားပွဲ၌ ထိုင် နိန်ကြသော တခြားလူတိက “အပြစ်ကိုပင် လွှတ်နိုင်သော ဤသူကား ဇာသူလဲ” ဟု အချင်းချင်းပြောဆိုကြ၏။
50 သို့စေကာမူ ကိုယ်တော်က ထိုမိန်းမအား၊ “သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်ဗျာယ်၊ ငြိမ်းဝပ်စွာလားလီ” ဟု မိန့်တော်မူ၏။
<- လုကာ 6လုကာ 8 ->
Languages