1 ထိုကာလ၌ ဧကရာဇ်ဘုရင် သြဂုတ္တုသည် ရောမအင်ပါယာတစ်ခုလုံးကို သန်းခေါင်စာရင်း ကောက်ယူရန် အမိန့်တော်ထုတ်လေ၏။ 2 ဤသည်ကား ကုရေနိသည် ယှုရိဘုရင်ခံဖြစ်သောအခါ ပထမဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ခြင်း ဖြစ်၏။ 3 သို့ဖြစ်၍ လူတိုင်းသည် စာရင်းသွင်းရန် မိမိရို့၏ဇာတိမြို့ရွာသို့ လားကြ၏။
4 ထို့ကြောင့် ယောသပ်သည်လည်း ဒါဝိဒ်၏အမျိုးအနွယ် ဖြစ်သောကြောင့် ဂါလိလဲနယ် နာဇရက်မြို့မှ ဒါဝိဒ်၏မြို့ဖြစ်သည့် ယုဒပြည် ဗက်လင်မြို့သို့ လားကြ၏။ 5 သူသည် ထိမ်းမြားရန် စိ့စပ်ထားသော မာရိနှင့်အတူ စာရင်းသွင်းရန် လားလေ၏။ သူမ၌ ကိုယ်ဝန်လွယ်ထားလျက် ဟိ၏။ 6 သူရို့သည် ဗက်လင်မြို့တွင် ဟိနိန်စဉ် အချေ မွီးဖွားချိန် ရောက်လာ၍၊ 7 သူမသည် မိမိ၏သားဦးကို ဖွားမြင်လေ၏။ တည်းခိုသည့်အိမ်တွင် သူရို့အတွက် နီရာမဟိသောကြောင့် သူမသည် သူငယ်ကို အဝတ်စနှင့်ပတ်ကာ နွားစာခွက်တွင် သိပ်ထားလေ၏။
13 ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအပေါင်းရို့သည် ရုတ်တရက်ပေါ်လာကြပြီးလျှင်၊
15 ကောင်းကင်တမန်ရို့သည် သူရို့ပါးမှ ထွက်ခွါ၍ ကောင်းကင်ဘုံသို့ ပြန်ကြသောအခါ သိုးထိန်းရို့က “ထာဝရဘုရားသည် ငါရို့အား ပြောကြားတော်မူသော ဤအမှုအရာများကို ဗက်လင်မြို့သို့ လား၍ ကြည့်ကြကုန်အံ့” ဟု အချင်းချင်း ပြောဆိုကြ၏။
16 ထို့ကြောင့် သူရို့သည် အယင်လားကြပြီးလျှင် မာရိနှင့်ယောသပ်ကိုလည်းကောင်း၊ နွားစာခွက်၌ သိပ်ထားလျက်ဟိသော သူငယ်တော်ကိုလည်းကောင်း မြင်တွိ့ကြလေ၏။ 17 သူငယ်ကို မြင်တွိ့သောအခါ သူရို့သည် သူငယ်တော်နှင့်ပတ်သက်၍ ကောင်းကင်တမန် ပြောပြသော အကြောင်းအရာများကို ပြောပြကြ၏။ 18 သိုးထိန်းတိပြောသော စကားကို ကြားရသောသူ အပေါင်းရို့သည် အလွန်အံ့သြကြ၏။ 19 မာရိကလည်း ထိုအကြောင်းအရာအားလုံးကို မှတ်ထားပြီးလျှင် အလေးအနက် စဉ်းစားဆင်ခြင်လျက် နိန်၏။ 20 သိုးထိန်းရို့က ကောင်းကင်တမန် ဖော်ပြသည့်အတိုင်း ကြားရ၊ မြင်ရသဖြင့် ဘုရားသခင်ကို ချီးမွမ်းမြွက်ဆိုလျက် ပြန်လားကြလေ၏။
25 ထိုအချိန်၌ သျှုမောင်ဟု ခေါ်သော လူတစ်ယောက်သည် ယေရုဆလင်မြို့တွင် နီထိုင်လျက်ဟိ၏။ သူသည် ဖြောင့်မတ်သောသူဖြစ်၍ ဘာသာတရားကိုင်းယှိုင်းသောသူဖြစ်၏။ သူသည် ဣသရေလလူမျိုးတိ ကယ်တင်ခြင်းရဖို့ရန် စောင့်မျှော်နိန်သောသူလည်း ဖြစ်ပြီး သန့်ယှင်းသောဝိညာဉ်တော်သည် သူ၌ တည်တော်မူ၏။ 26 သူသည် ဘုရားသခင်၏ မေသျှိယကို မဖူးရခင်မသီရဟု သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် ဗျာဒိတ်တော်ကို ရထားသူလည်းဖြစ်၏။ 27 ထိုအခါ သျှုမောင်သည် ဝိညာဉ်တော်၏ ဦးဆောင်မှုအားဖြင့် ဗိမာန်တော်ထဲသို့ ဝင်လေ၏။ ပညတ်တရားအတိုင်း ဆောင်ရွက်ရန် မိဖနှစ်ပါးရို့သည် သူငယ် ယေသျှုကို ဗိမာန်တော်ထဲသို့ ခေါ်လာကြသောအခါ၊ 28 သျှုမောင်သည် သူငယ်ကို သူ့လက်ဖြင့် ပွိ့ချီ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလေသည်မှာ၊
33 သူငယ်၏မိဖရို့သည် သူငယ်နှင့်ပတ်သက်၍ သျှုမောင် ပြောဆိုသောစကားကို ကြားသောအခါ အံ့သြကြ၏။ 34 သျှုမောင်သည် သူရို့ကို ကောင်းကြီးပီး၍ သူ၏မိခင် မာရိအား၊ “များစွာသော ဣသရေလလူမျိုး၌ ဖျက်ဆီးခံရသူများနှင့် ကယ်တင်ခြင်းခံရသူများ အတွက် ဤသူငယ်ကို ဘုရားသခင်သည် ရွီးခြယ်ခန့်ထားတော်မူဗျာယ်။ ဤသူသည် ဘုရားသခင်ထံပါးမှ အမှတ်လက္ခဏာဖြစ်ပြီးလျှင် သူ့ကို လူတိက ဆန့်ကျင်ပြောဆိုခြင်းဖြင့်၊ 35 သူရို့၏ စိတ်နှလုံးအကြံအစီတိကို ပေါ်လွင်စီကြလိမ့်မည်။ သင်၏နှလုံးကို သံလျက်ဓါးနန့် ထိုးဖေါက်ခံရသကဲ့သို့ နာကြင်စွာခံစားရလိမ့်မည်” ဟု ပြောဆို၏။
36 အာသျှာအမျိုးအနွယ်ဝင်၊ ဖနွေလ၏သမီး၊ အန္နအမည်ဟိသည့် အသက်ကြီးရင့်သော ပရောဖက်မတစ်ယောက် ဟိ၏။ သူမသည် အိမ်ထောင်ပြု၍ ခုနစ်နှစ်သာ ပေါင်းသင်းခရပြီး၊ 37 အဂု အသက် ၈၄ နှစ်တိုင်တိုင်[b] မုဆိုးမဘဝနှင့် နီထိုင်ရ၏။ သူမသည် အစာယှောင်၍ ဆုတောင်းလျက် နိ့ညမလပ် ဘုရားဝတ်ပြုကာ ဗိမာန်တော်မှမခွါဘဲ နိန်၏။ 38 သူမသည်လည်း ထိုအချိန်၌ ရောက်လာပြီးလျှင် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက် ယေရုဆလင်မြို့ ရွီးနုတ်ကယ်တင်ခံရမည့်အကြောင်းကို စောင့်မျှော်နိန်သော လူအပေါင်းရို့အား သူငယ်အကြောင်းကို ပြောဆို၏။
49 သူက၊ “ဇာဖြစ်လို့ အကျွန့်ကို ရှာကြပါသနည်း။ အကျွန့်အဖအိမ်တော်၌ ဟိ နိန်ရမည် ဆိုသည်ကို မသိကြသလား” ဟု မိဖရို့အား ပြန်ပြော၏။ 50 သို့ရာတွင် သူရို့က သူသည် မိမိရို့အား ဇာကို ပြောနိန်သည်ကို နားမလည်ကြ။
51 ထို့ကြောင့် ယေသျှုသည် မိဖရို့နှင့်အတူ နာဇရက်မြို့သို့ လိုက်လာပြီး မိဖရို့၏စကားကို နာခံလျက်နိန်၏။ သူ၏မိခင်သည်ကား ဖြစ်ပျက်ခသမျှကို မိမိစိတ်နှလုံးထဲတွင် မှတ်သားထားလေ၏။ 52 ယေသျှုသည်လည်း ခန္ဓာနှင့် ဉာဏ်ပညာပိုင်းတွင် တိုးတက်ကြီးထွားလျက် ဘုရားသခင်နှင့် လူရှိ့၌ မျက်နှာပွင့်လန်းလျက် ဟိလေ၏။
<- လုကာ 1လုကာ 3 ->
Languages