လုကာ ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်း နိဒါန်း လုကာ ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်းသည် ယေသျှု ခရစ်တော်၏ အသက်တာကို ဖော်ပြသော ဓမ္မသစ်ကျမ်း လေးအုပ်ထဲမှ တစ်အုပ် ဖြစ်သည်။ ၎င်းစာအုပ် တစ်အုပ်စီကို “သတင်းကောင်း” ဟု အဓိပ္ပာယ်ဟိသော “သတင်းကောင်းတရား” ခေါ်ကြသည်။ ထိုစာအုပ်များကို မဿဲ၊ မာကု၊ လုကာ၊ ယောဟန်ရို့က ယေသျှု သီဆုံးပြီးနောက် ရီးထားခကြသည်။ လုကာသည် ယေသျှု၏ အကြောင်းကို ရီးသားခြင်းသာမက၊ ယေသျှုသည် သီခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက် ကိုယ်တော်၏ တပည့်တော်များအကြောင်းကို ဖော်ပြထားသော တမန်တော်များ၏ လုပ်ဆောင်ချက် ဟုခေါ်သော စာအုပ်ကိုလည်း ရီးသားခသည်။ လုကာ ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်းကို ရီးသားခသည့်အချိန် သို့မဟုတ် မည်သည့်နီရာ၌ ရီးသားခသည်ကို ဇာသူမျှ မသိကြသော်လည်း၊ ပညာသျှင် အများစုက ခရစ်တော် မွီးဖွားပြီးနောက် ၇၀ ခုနှစ်ဝန်းကျင်တွင် ရီးသားခသည်ဟု ယူဆကြသည်။ ဤစာအုပ်ကို ရီးသားသူသည် လုကာဖြစ်ပြီး ဆီးဆရာဝန် တစ်ယောက်လည်း ဖြစ်၏။ သူ၏ စာရီးသားပုံနှင့် ဘာသာစကား သုံးနှုန်းထားပုံသည် ပညာတတ်တစ်ယောက်ဖြစ်ကြောင်း ပြသသည်။ လုကာသည် ယေသျှု၏ ဘဝအသက်တာကို မှန်ကန်သော ဖော်ပြချက်တစ်ခုဖြင့် ရီးသားခပြီး ထိုဖြစ်ရပ်၏ အဖြစ်အပျက်များကို အခြားသူရို့သည် ဖတ်ရှုခြင်းဖြင့် အကျိုးရဟိနိုင်ကြစီခြင်းငှာ ရီးသားလိုဟန် ဟိခ၏ (၁.၁–၃)။ သူသည် ယုဒလူမျိုး မဟုတ် (ကော ၄.၁၀–၁၄)၊ ယုဒလူမျိုး မဟုတ်သောသူများ နားလည်နိုင်သော နည်းဖြင့် ရီးသားခသည်။ ယုဒလူမျိုး၏ ဓလေ့ထုံးစံများကို ယှင်းပြသည့် နည်းလမ်းတွင် ထိုအရာကို ယှင်းယှင်းလင်းလင်း မြင်ရသည် (၁.၈)။ လုကာ ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်းသည် မဿဲနှင့် မာကု စာအုပ်များနှင့် အလွန် ဆင်တူသည်။ အကြောင်းမှာ ထိုသူရို့သည် တူညီသော အကြောင်းအရာများကို ဖော်ပြ၍ ရီးသားနည်းလည်း ဆင်တူကြသည်။ လုကာသည် နှစ်ခြင်းဆရာ ယောဟန်၏ မွီးဖွားခြင်းအကြောင်းကို စာအုပ်သုံးအုပ်တွင် အသေးစိတ် ဖော်ပြပီးထားသည်။ လုကာသည် ခွင့်ရွှတ်ခြင်းကို (အခန်းကြီး ၃.၃; ၁၁.၄; ၁၇.၃–၄; ၂၃.၃၄; ၂၄.၄၇) တွင် လည်းကောင်း၊ ဆုတောင်းခြင်းကို (အခန်းကြီး ၃.၂၁; ၅.၁၆; ၆.၁၂; ၁၁.၁–၁၂; ၂၂.၃၂) တွင် လည်းကောင်း အသားပီး၍ ဖော်ပြထားသည်။ အကြောင်းအရာ အကျဉ်းချုပ် ၁။ အခန်း ၁ တွင်၊ လုကာသည် သူ၏ သတင်းကောင်းကို မိတ်ဆက်ပြီး စာရီးသားရခြင်း အကြောင်းကိုလည်း ယှင်းပြထားသည် (၁.၁–၄) ၂။ ထို့နောက်၊ သူသည် ယေသျှုမွီးဖွားခြင်းနှင့် သာသနာတော်အတွက် ကိုယ်တော် ပျင်ဆင်ထားပုံကို ဖော်ပြထားသည် (၁.၅—၄.၁၃) ၃။ လုကာသည် သတင်းကောင်း၏ ကျန်ဟိသော ကြီးမားသော အစိတ်အပိုင်းအတွက်လည်းကောင်း၊ ယေသျှု လုပ်ဆောင်ခသော အကြောင်းအရာများကိုလည်းကောင်း၊ အထူးသဖြင့် ကိုယ်တော်ပြုခသော နိမိတ်လက္ခဏာများနှင့် သွန်သင်ပီးသည့် အရာများကိုလည်းကောင်း ဖော်ပြထားသည်။ (၄.၁၄—၂၁.၃၈) ၄။ နိဂုံးချုပ်တွင်၊ နောက်ဆုံးအခန်း နှစ်ခန်းတွင် ယေသျှုသည် မည်သို့သီဆုံးခပုံ၊ သင်္ဂြိုဟ်ပုံနှင့် သီခြင်းတရားမှ ရှင်ပြန်ထမြောက်ပုံကို ဖော်ပြထားသည်။ (၂၂.၁—၂၄.၅၃)
1 မြတ်သော သော်ဖိလု၊
8 တစ်နိ့၌ ဇာခရိသည် မိမိ၏အလှည့်ကျလာသည့်အတွက် ဗိမာန်တော်၌ ယဇ်ပုရောဟိတ်ဝတ္တရားကို ဆောင်ရွက်နိန်၏။ 9 ယဇ်ပုရောဟိတ်ရို့၏ ထုံးတမ်းစဉ်လာအရ ယဇ်ပလ္လင်၌ နံ့သာပေါင်းကို မီးရှို့ပူဇော်ရန် စာရီးတံချ၍ ရွီးခြယ်ခြင်းခံရလေ၏။ ထို့ကြောင့် သခင်ဘုရား၏ ဗိမာန်တော်အတွင်းသို့ ဝင်ပြီးလျှင်၊ 10 မီးယှို့ပူဇော်နိန်သည့် အချိန်တွင် လူစုလူဝေးရို့သည် အပြင်ဖက်တွင် ဆုတောင်းနိန်ကြ၏။ 11 ထိုအချိန်၌ သခင်ဘုရား၏ ကောင်းကင်တမန်သည် ဇာခရိ ရှိ့တွင် ပေါ်လာပြီးလျှင် နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်၏ လက်ယာဖက်တွင် ရပ်နိန်၏။ 12 ဇာခရိကလည်း ကောင်းကင်တမန်ကို မြင်သောအခါ စိုးရိမ်၍ ကြောက်ရွံ့တုန်လှုပ်လေ၏။ 13 သို့သော်လည်း ကောင်းကင်တမန်က “ဇာခရိ၊ မကြောက်ကေ့၊ ဘုရားသခင်သည်၊ သင်၏ ဆုတောင်းပတ္ထနာကို နားညောင်းတော်မူဗျာယ်၊ သင်၏မယား ဧလိဇဗက်သည်လည်း သားရတနာကို ဖွားမြင်လိမ့်မည်။ သင်သည် ထိုသားကို ယောဟန်ဟု နာမည်ပီးရမည်။ 14 သင်လည်း ဝမ်းမြောက်ပျော်ရွှင် ရလိမ့်မည်၊ ထိုသို့ သားမွီးဖွားလာသည့်အတွက် အခြားသော လူအပေါင်းရို့လည်း ပျော်ရွှင်ကြလိမ့်မည်။ 15 သူသည် သခင်ဘုရား၏ ရှိ့တော်မှောက်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ ထိုသူသည် စပျစ်ရည်နှင့် သီရည်သီရက်ကို သောက်လိမ့်မည် မဟုတ်။ အမိဝမ်းထဲကပင် သူသည် သန့်ယှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။ 16 များစွာသော ဣသရေလလူမျိုးတိကိုလည်း မိမိရို့ အသျှင် ဘုရားသခင် အထံတော်ပါးသို့ ပြန်လည်ပို့ဆောင်ပီးလိမ့်မည်။ 17 သူသည် သခင်ဘုရား၏ ရှိ့တော်ဗြီးဖြစ်ပြီးလျှင် ပရောဖက်ဧလိယကဲ့သို့ ခွန်အားတန်ခိုး ကြီးလိမ့်မည်။ ထိုသူသည် အဖတိနှင့် သားသမီးတိကို ပြန်လည်သင့်မြတ်စီလိမ့်မည်၊ နားမထောင်သောသူရို့အား ဖြောင့်မတ်ခြင်းတရားကို ပြန်လည်ရစီလိမ့်မည်၊ ကိုယ်တော်အတွက် အဆင်သင့်ဖြစ်စီခြင်းငှာ သခင်ဘုရား၏ လူစုကို ပျင်ဆင်ပီးလိမ့်မည်” ဟု ဇာခရိအား မိန့်တော်မူ၏။
18 ဇာခရိက “ဤပိုင်ဖြစ်လာဖို့ကို ဇာပိုင် အကျွန် သိရပါမည်နည်း။ အကျွန်ကလည်း အိုဗျာယ်၊ အကျွန်၏မယားလဲ အိုဗျာယ်” ဟု ကောင်းကင်တမန်အား ပြန်ပြော၏။
19 ကောင်းကင်တမန်ကလည်း “ငါကား ဘုရားသခင်၏ မျက်မှောက်တော်၌ ခစားနိန်သော ဂါဗြေလဖြစ်၏။ သင့်အား ဤသတင်းကောင်းကို ပြောကြားဖို့ ငါ့ကို ရွှတ်လိုက်တော်မူ၏။ 20 သင်သည် ငါ့ပြောသောစကားကို မယုံကြည်သော်လည်း အချိန်တန်သောအခါ ဖြစ်ပေါ်လာလိမ့်မည်။ သင်သည် ငါ့စကားကို မယုံကြည်သောကြောင့်၊ သင်၌ ငါ၏ကတိတော် ပြည့်စုံလာသည့်နိ့ တိုင်အောင် စကားမပြောနိုင်ဘဲ တိတ်ဆိတ်စွာ နိန်ရလိမ့်မည်” ဟုဆို၏။
21 လူတိက ဇာခရိကို စောင့် နိန်ကြသော်လည်း ဗိမာန်တော်ထဲ၌ ကြန့်ကြာနိန်သည်ကို အံ့သြနိန်ကြ၏။ 22 ဇာခရိသည် ဗိမာန်တော်မှ ထွက်လာသောအခါ သူရို့ကို စကားမပြောနိုင် ဖြစ်နိန်သောကြောင့် ဗိမာန်တော်ထဲ၌ ဗျာဒိတ်ရူပါရုံ မြင်ခရကြောင်းကို သူရို့ ရိပ်မိကြ၏။ ဇာခရိကလည်း စကားမပြောနိုင်သောကြောင့် ကိုယ်လက်အမူအရာဖြင့် ပြ၍သာ နိန်၏။
23 ဇာခရိလည်း ဗိမာန်တော်ထဲ၌ အမှုပြီးဆုံးသောအချိန်တွင် အိမ်သို့ ပြန်လားလေ၏။ 24 ကာလအတန်ကြာသောအခါ သူ၏မယား ဧလိဇဗက်က ပဋိသန္ဓေတည်၍ သူသည် ငါးလပတ်လုံး အိမ်ထဲ၌ အောင်းနိန်၏။ 25 သူမကလည်း “ယခုတွင် ငါ့ကို သခင်ဘုရား ကျေးဇူးပြုတော်မူဗျာယ်၊ ငါ့ကို လူတိက ကဲ့ရဲ့ကြသည်ကိုလည်း ကိုယ်တော်က ဖယ်ယှားစီဗျာယ်” ဟု ဆို၏။
29 ကောင်းကင်တမန် စကားကို ကြားသောအခါ မာရိသည် လွန်စွာပူပင်သောက ရောက်လျက်၊ ဤနှုတ်ဆက်စကားက ဇာပိုင်ဖြစ်မည်နည်းဟု အံ့သြနိန်၏။ 30 ကောင်းကင်တမန်က “မာရိ၊ မကြောက်ကေ့၊ သင်သည် ဘုရားသခင်ရှိ့တော်မှာ မျက်နှာရဗျာယ်။ 31 [c]သင်သည် ပဋိသန္ဓေယူပြီးလျှင် သားရတနာကို မွီးဖွားလိမ့်မည်။ ထိုသားကို ယေသျှုဟု နာမည်မှည့်ခေါ်ရမည်။ 32 ထိုသားသည် ကြီးမြတ်သောသူ ဖြစ်ပြီးလျှင် အမြင့်မြတ်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။ ထာဝရအသျှင် ဘုရားသခင်သည် သူ၏အဖဒါဝိဒ်၏ ရာဇပလ္လင်ကို သူ့အား ပီးတော်မူလိမ့်မည်။ 33 ထိုသူသည် ယာကုပ်၏အမျိုးအနွယ်ရို့ကို အစဉ်အမြဲအုပ်စိုးပြီးလျှင် သူ၏ နိုင်ငံတော်လည်း အဆုံး ဟိလိမ့်မည် မဟုတ်” ဟု ဆို၏။
34 မာရိကလည်း “အကျွန်သည် ယောက်ျားနှင့် မဆက်ဆံဖူး၍ ဤအမှုအရာသည် ဇာပိုင်ဖြစ်နိုင်ပါမည်နည်း” ဟု ကောင်းကင်တမန်အား ဆို၏။
35 ကောင်းကင်တမန်ကလည်း “သန့်ယှင်းသောဝိညာဉ်တော်သည် သင့်အပေါ်၌ သက်ရောက်ပြီးလျှင် ဘုရားသခင်၏တန်ခိုးတော်သည် သင့်ကို လွမ်းခြုံလိမ့်မည်။ ထို့ကြောင့် သန့်ယှင်းမြင့်မြတ်သောသူငယ်ကို ဖွားမြင်လာပြီးလျှင် သူ့ကို ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်။ 36 သင်၏ ဆွီမျိုးဖြစ်သော ဧလိဇဗက်ကိုလည်း သတိရပါ။ သူမသည် အသက်ကြီးခါမှ ပဋိသန္ဓေလွယ်နိန်ရဗျာယ်။ အမြုံမဟု အခေါ်ခံနိန်ရသောသူသည် အဂုဆိုကေ ပဋိသန္ဓေခြောက်လ ဟိနိန်ဗျာယ်။ 37 ဘုရားသခင် မတတ်နိုင်သောအရာ တခုလည်းမဟိ” ဟု ဆို၏။
38 မာရိကလည်း “အကျွန်သည် ဘုရားသခင်၏ အခိုင်းအစီဖြစ်၏။ အသျှင် ဖော်ပြသည်အတိုင်း ဖြစ်ပါစီ” ဟု ပြန်ပြော၏။ ထိုအခါ ကောင်းကင်တမန်ကလည်း သူမပါးမှ ထွက်လားလေ၏။
56 ထို့နောက် မာရိသည် ဧလိဇဗက်ပါးတွင် သုံးလလောက်နီပြီးလျှင် အိမ်သို့ ပြန်လားလေ၏။
59 ထို့နောက် သျှစ်ရက်မြောက်သော နိ့တွင် သူရို့သည် သူငယ်အား အရီဖျားလှီးရန် လာကြပြီး သူငယ်ကို အဖနာမည်ဖြစ်သော ဇာခရိအမည်ဖြင့် မှည့်ကြ၏။ 60 သို့သော် သူငယ်၏ မိခင်က၊ “ယင်းနာမည်ကို မမှည့်ပါကေ့၊ ယောဟန်ဟု နာမည်မှည့်ခေါ်ရမည်” ဟု ဆိုလျှင်၊
61 သူရို့ကလည်း၊ “သင်ရို့အမျိုး၌ ထိုနာမည် တစ်ယောက်လေ့ မဟိ” ဟု သူမကို ပြန်ပြောကြ၏။ 62 ထို့နောက် သူငယ်ကို နာမည်ပီးရန် သူ၏ဖခင်အား လက်ဟန်အမူအရာဖြင့် မိန်းကြ၏။
63 ဇာခရိကလည်း သင်းပုန်းတစ်ချပ်ကို တောင်းယူပြီးလျှင် “သူငယ်၏နာမည်က ယောဟန်ဖြစ်သည်” ဟု ရီးလိုက်သောအခါ သူရို့အားလုံး အလွန်အံ့သြကြ၏။ 64 ထိုခဏချင်းတွင် ဇာခရိကလည်း စကားပြန်ပြောနိုင်သဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ 65 အိမ်နီးချင်းတိကလည်း ကြောက်ရွံ့ကြပြီး၊ ထိုသတင်းသည်လည်း ယုဒပြည် တောင်တန်းဒေသ တလျှောက်လုံးကို ပြန့်နှံ့လေ၏။ 66 ဤသတင်းကို ကြားသောသူအပေါင်းရို့သည် စဉ်းစားလျက် “ဤသူငယ်ကား ဇာပိုင်ဖြစ်လာမည်နည်း” ဟု ဆိုကြ၏။ အကြောင်းမူကား သခင်ဘုရား၏ တန်ခိုးတော်သည် သူငယ်အထက်၌ သက်ရောက်လျက် ဟိလေ၏။
Languages