6 ထိုအခါ သခင်ဘုရားက၊ “အကျင့်ပျက်သော တရားသူကြီးပြောဆိုပုံကို နားထောင်ကြလော့။ 7 ရွီးကောက်တော်မူသည့် လူတိက တရားမျှတမှုအတွက် နိ့ညမပြတ် အော်ဟစ် တောင်းလျှောက်နိန်ကြလျှင် ဘုရားသခင်သည် သူရို့ကိုကူညီရန် နှောင့်နှေးတော်မူမည်လော။ 8 သင်ရို့အား ငါဆိုသည်ကား၊ သူရို့ဖက်၌ အလျင်အမြန် တရားစီရင်တော်မူလိမ့်မည်။ သို့သော်လည်း လူသားကြွလာတော်မူသောအခါ ယုံကြည်ခြင်းကို ဤလောက၌ တွိ့နိုင်မည်လော” ဟု မိန့်တော်မူ၏။
15 လူတချို့သည် မိမိရို့၏ အချေတိကို ယေသျှု၏လက်တော်နှင့် တို့ထိနိုင်စီရန်အတွက် ကိုယ်တော့်ထံပါးသို့ ခေါ်ဆောင်လာကြသည်ကို တပည့်တော်ရို့မြင်လျှင် ထိုသူရို့အား အပြစ်တင်ကြ၏။ 16 သို့ရာတွင် ယေသျှုသည် အချေတိကို အထံတော်သို့ ခေါ်လျက် “အချေတိ ငါ့ပါးကို လာကတ်ပါစီ။ မတားဆီးကတ်ကေ့။ အကြောင်းမူကား ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသို့သောသူရို့၏ နိုင်ငံဖြစ်၏။ 17 ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကို အချေကဲ့သို့ မခံယူလျှင် နိုင်ငံတော်ကို ဝင်ရလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
18 ယုဒအမျိုးသား ခေါင်းဆောင်တစ်ယောက်က “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုရဖို့ အကျွန်သည် ဇာချင့်ကို လုပ်ရပါမည်နည်း” ဟု ယေသျှုအား မိန်းလျှောက်၏။
19 ယေသျှုကလည်း “သင်သည် ငါ့ကိုဇာကြောင့် ကောင်းမြတ်သောသူဟု ခေါ်သနည်း။ ဘုရားသခင်မှတစ်ပါး ကောင်းမြတ်သောသူ တစ်ယောက်လေ့ မဟိ။ 20 သင်သည် ပညတ်တော်တိကို သိသည် မဟုတ်လော။ ‘သူ့မယားကို မပြစ်မှားကေ့။ လူ့အသက်ကို မသတ်ကေ့။ သူ့ဥစ္စာကို မခိုးကေ့။ မမှန်သောသက်သီကို မခံကေ့။ မိဖကို ရိုသီစွာပြုလော့’ ” ဟု မိန့်တော်မူ၏။
21 ထိုသူက “ဤပညတ်တိကို အကျွန်သည် ငယ်ရွယ်စဉ်ကတည်းက စောင့်ထိန်းခပါ၏” ဟု ပြန်လျှောက်လေ၏။
22 ထိုစကားကို ကြားတော်မူလျှင် ယေသျှုက “သင်၌ တစ်ခုလိုသိမ့်၏။ သင်၌ ဥစ္စာဟိသမျှကို ရောင်းပြီး ဆင်းရဲသားတိကို ပီးကမ်းစွန့်ကြဲလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ ထို့နောက်မှ လာ၍ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။ 23 သို့သော် ထိုသူသည် အလွန်ဥစ္စာကြွယ်ဝသူ ဖြစ်သောကြောင့် ကိုယ်တော်၏ စကားတော်ကို ကြားသောအခါ အလွန်ပင် စိတ်မချမ်းသာဖြစ်လေ၏။
24 ထိုအခြင်းအရာကို ယေသျှုမြင်သောအခါ “ဥစ္စာရတတ်သူရို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် ခက်ခဲ၏။ 25 ဥစ္စာရတတ်သူက ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရမည်ထက် ကုလားအုတ်သည် အပ်နဖားကို လျှိုဝင်ရန် ပိုလွယ်၏” ဟု မိန့်တော်မူ၏။
26 စကားတော်ကို ကြားသောလူတိကလည်း “သို့ဖြစ်လျှင် ဇာသူက ကယ်တင်ခြင်းကို ရနိုင်ပါမည်နည်း” ဟု မိန်းလျှောက်ကြ၏။
27 ယေသျှုက “လူမတတ်နိုင်သော အရာကို ဘုရားသခင် တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
28 ထိုအခါ ပေတရုသည်၊ “ကြည့်ပါ၊ အကျွန်ရို့သည် ကိုယ့်အိမ်ကို စွန့်ပြီးလျှင် ကိုယ်တော်၏ နောက်တော်သို့ လိုက်လာကြပါသည်” ဟု လျှောက်၏။
29 ကိုယ်တော်က “ငါအမှန်ဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်အတွက် မိမိအိမ်၊ မယား၊ ညီအစ်ကိုမောင်နှမ၊ မိဖ၊ သားသမီးတိကို စွန့်သောသူသည်၊ 30 ဤဘဝ၌ အဆပေါင်းများစွာ အကျိုးကို ခံစားရပြီးလျှင် နောင်ဘဝ၌လည်း ထာဝရအသက်ကို ရလိမ့်မည်” ဟု မိန့်တော်မူ၏။
31 ယေသျှုသည် တပည့်တော်တစ်ကျိပ်နှစ်ပါးကို ခေါ်ပြီးလျှင် “နားထောင်ကြလော့၊ ငါရို့သည် ယေရုဆလင်မြို့သို့ လားကြမည်။ လူသားအကြောင်းနှင့်ပတ်သတ်ပြီးလျှင် ပရောဖက်တိ ရီးသားထားသောအရာအားလုံး ထိုနီရာ၌ ပြည့်စုံလိမ့်မည်။ 32 လူသားကို လူမျိုးခြားလက်ထဲသို့ အပ်နှံလိမ့်မည်။ သူ့ကို လှောင်ပြောင်စော်ကားပြီးလျှင် တံထွီးနှင့် ထွီးကြလိမ့်မည်။ 33 လူသားကို ကြာပွတ်နန့်ရိုက်၍ အသီသတ်ကြလိမ့်မည်။ သို့သော်လည်း သုံးရက်မြောက်သောနိ့၌ ရှင်ပြန်ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
34 သို့ရာတွင် တပည့်တော်ရို့သည် ကိုယ်တော်၏ စကားတော်တစ်ခွန်းကိုမျှ နားမလည်ခကြ။ ထိုစကား၏ အနက်အဓိပ္ပာယ်သည် ကွယ်ဝှက်ထားခြင်း ခံရသည်ဖြစ်၍ ကိုယ်တော်၏ မိန့်တော်မူချက်ကို သူရို့နားမလည်ခကြ။
35 ယေသျှုသည် ယေရိခေါမြို့နားသို့ ရောက်တော်မူစဉ် မျက်မမြင်တစ်ဦးသည် လမ်းဘေးနားတွင်ထိုင်၍ တောင်းစားလျက် နိန်၏။ 36 သူသည် လူထုပရိသတ်ကြီး လားကြသံကို ကြား၍ အကြောင်းကို စုံစမ်းမိန်းမြန်း၏။ 37 လူတိက “နာဇရက်မြို့သား ယေသျှု ကြွလာတော်မူလျက်ဟိကြောင်း” ကို ပြောကြ၏။
38 ထိုသူက “ဒါဝိဒ်၏ သားတော် ယေသျှု၊ အကျွန့်ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။
39 ရှိ့တွင် ဟိနိန်သည့် လူတိက သူ့အား တိတ်တိတ်နီရန် ငေါက်ငန်းပြောဆိုကြ၏။ သို့သော်လည်း သူသည် “ဒါဝိဒ်၏ သားတော်၊ အကျွန့်ကို သနားတော်မူပါ” ဟု ပို၍ပင် ကျယ်လောင်စွာ ဟစ်အော်လေ၏။
40 သို့ဖြစ်၍ ယေသျှုသည် တန့်တော်မူလျက် မျက်မမြင်အား ခေါ်ခပါဟု မိန့်တော်မူ၏။ ထိုသူသည် အနားသို့ရောက်လျှင်၊ ယေသျှုက၊ 41 “သင်သည် ငါ့အား ဇာအမှုကို ပြုစီလိုသနည်း” ဟု မိန်းတော်မူလျှင်၊
42 ယေသျှုကလည်း၊ “သင်၏ မျက်စိမြင်စီ၊ သင်၏ ယုံကြည်ခြင်းသည် သင့်မျက်စိကို မြင်စီ ဗျာယ်” ဟု မိန့်တော်မူ၏။
43 ထိုခဏအတွင်း သူသည် မျက်စိမြင်၍ ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလျက် ကိုယ်တော်၏နောက်သို့ လိုက်လေ၏။ လူထုပရိသတ်ရို့သည် ထိုအခြင်းအရာကို မြင်လျှင် ဘုရားသခင်ကို ချီးမွမ်းကြကုန်၏။
<- လုကာ 17လုကာ 19 ->
Languages