1 ယေသျှုက၊ “လူသည် အပြစ်ပြုလုပ်နိုင်သည့်အကြောင်း မုချဟိ၏။ သို့သော်လည်း အပြစ်ပြုလုပ်ခြင်းကို ဖြစ်စီသူသည် အမင်္ဂလာဟိ၏။ 2 ဤသူသည် သူငယ်တစ်ယောက်ကို လမ်းလွဲစီသည်ထက် မိမိလိုင်ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲပြီး ပင်လယ်ထဲသို့ ပစ်ချခံရသည်ကား ပို၍ ကောင်း၏။ 3 [a]သို့ဖြစ်၍ ကိုယ့်ကိုကိုယ် သတိပြုကြလော့။
6 သခင်ဘုရားက၊ “သင်ရို့သည် မုံညှင်းစိ့မျှသာ ယုံကြည်ခြင်းဟိလျှင် ဤပိုးစာပင်ကို ‘အမြစ်ပါကျွတ်ပြီး ပင်လယ်ထဲစိုက်နိန်လော့’ ဟု ဆိုလျှင် သင်ရို့စကားကို နားထောင်လိမ့်မည်။
14 ယေသျှုသည် ထိုသူရို့ကို မြင်တော်မူလျှင်၊ “သင်ရို့သည် ယဇ်ပုရောဟိတ်တိပါးသို့ လား၍ ကိုယ်ကိုပြကြလော့” ဟု မိန့်တော်မူ၏။
20 ဖာရိယှဲတချို့က၊ ဘုရားသခင်၏ နိုင်ငံတော်သည် ဇာအချိန်၌ တည်မည်နည်း၊ ဟု ယေသျှုအား မိန်းလျှောက်ကြ၏။ ထိုအခါ ကိုယ်တော်က “ဘုရားသခင်၏ကောင်းကင် နိုင်ငံတော်သည် မြင်နိုင်သည့်အရပ်၌ မတည်။ 21 ဤအရပ်၌ကြည့်လော့၊ ထိုအရပ်၌လည်း ကြည့်လော့ဟု မပြောနိုင်။ အကြောင်းမူကား ဘုရားသခင်၏ နိုင်ငံတော်သည် သင်ရို့အထဲ၌[c] တည်လျက်ဟိသည်” ဟု မိန့်တော်မူ၏။
22 ကိုယ်တော်က တပည့်တော်ရို့အား “လူသား၏ နိ့ရက်တစ်ရက်ကို မြင်တွိ့ချင်သော်လည်း မမြင်တွိ့ရသော အချိန်ကာလ ရောက်လိမ့်မည်။ 23 လူတိက ‘လူသားသည် ဤအရပ်၌ ဟိ၏။ ထိုအရပ်၌ ဟိ၏’ ဟု ဆိုသော်လည်း လိုက်ပြီး မရှာကတ်ကေ့။ 24 ကောင်းကင်တစ်ဖက်မှ လျှပ်ပြက်သော အလင်းရောင်သည် ကောင်းကင်တစ်ခွင်လုံး ထွန်းတောက်သကဲ့သို့ လူသားသည် မိမိနိ့ရက်၌ ဖြစ်တော်မူလိမ့်မည်။ 25 သို့သော်လည်း လူသားသည် များစွာသော ဒုက္ခဝေဒနာတိကိုလည်းကောင်း၊ ဤခေတ် လူတိ ငြင်းပယ်ခြင်းကိုလည်းကောင်း ဦးစွာခံရလိမ့်မည်။ 26 နောဧလက်ထက်၌ ဖြစ်ပျက်သကဲ့သို့ လူသားလက်ထက်တွင်လည်း ဖြစ်လိမ့်မည်။ 27 သင်္ဘောထဲသို့ နောဧဝင်ပြီးနောက် ရီလွှမ်းမိုးလာသဖြင့် လူအားလုံး သီကြီပျက်စီးသည့်နိ့ တိုင်အောင် လူအပေါင်းရို့သည် စားသောက်လျက်၊ အိမ်ထောင်ပြုလျက်နိန်ကြ၏။ 28 ယင်းနည်းတူ လောတလက်ထက်၌ လူအပေါင်းရို့သည် စားသောက် ရောင်းဝယ်လျက်၊ စိုက်ပျိုးတည်ဆောက်လျက်နိန်ကြ၏။ 29 သောဒုံမြို့မှ လောတ ထွက်ခွါလားသောနိ့တွင် ကောင်းကင်မှ ကန့်နှင့်ရောသော မီးမိုးရွာ၍ သူရို့အားလုံးသည် သီကြီပျက်စီးကြ၏။ 30 လူသား ပေါ်ထွန်းတော်မူသော နိ့တွင်လည်း ဤကဲ့သို့ ဖြစ်လိမ့်မည်။
31 [d]“ယင်းနိ့ရက်၌ အိမ်ခေါင်ထက်တွင် ဟိသောသူသည် အိမ်ထဲ၌ဟိသော ဥစ္စာပစ္စည်းကို ယူဖို့ မဆင်းစီကေ့။ ယင်းနည်းတူ လယ်ထဲ၌ဟိသောသူသည် အိမ်မပြန်စီကေ့။ 32 လောတ၏မယားကို အောက်မိ့ကြလော့။ 33 [e]မိမိအသက်ကို ကယ်လိုသောသူသည် အသက်ယှုံးလိမ့်မည်။ ကိုယ့်အသက်ကို ဆုံးယှုံးရသောသူမူကား အသက်ကို ကယ်ဆယ်လိမ့်မည်။ 34 သင်ရို့ကို ငါဆိုသည်ကား၊ ယင်းနိ့ည၌ အိပ်ရာတစ်ခုထဲတွင် အိပ်နိန်သူ လူနှစ်ယောက်ထဲက တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်ကို ထားခလတ္တံ့။ 35 ကြိတ်ဆုံကြိတ်နိန်သော မိန်းမနှစ်ယောက်ထဲက တစ်ယောက်ကို သိမ်းယူပြီး တစ်ယောက်ကို ထားခလတ္တံ့” ဟု မိန့်တော်မူ၏။ 36 [f]
37 တပည့်တော်ရို့က “အသျှင်၊ ဇာအရပ်တွင် ဤအရာတိ ဖြစ်ပျက်ပါမည်နည်း” ဟု မိန်းလျှောက်ကြလျှင်၊
- a မ ၁၈.၁၅
- b သန့်ယှင်းခြင်းသို့ ရောက်ကြ၏၊ ရှု ၅.၁၂။
- c သင်ရို့အထဲ၌၊ သို့မဟုတ် သူရို့အလယ်၌၊ သို့မဟုတ် သင်ရို့အလယ်၌ ချက်ချင်းပေါ်လာလိမ့်မည်။
- d မ ၂၄.၁၇–၁၈; မာ ၁၃.၁၅–၁၆
- e မ ၁၀.၃၉; ၁၆.၂၅; မာ ၈.၃၅; လု ၉.၂၄; ယော ၁၂.၂၅
- f တချို့ လက်ရီးမူရင်းကျမ်းများ၌ အခန်းငယ် ၃၆၊ လယ်ထဲ၌ အလုပ်လုပ်နိန်သူ နှစ်ယောက်ထဲက တစ်ယောက်ကို သိမ်းယူပြီး တစ်ယောက်ကို ထားခလတ္တံ့၊ ဟု ပေါင်းထည့်ထားသည် (ရှု မ ၂၄.၄၀)။
Languages